Sunday, April 16, 2017

စိုက်ပျိုးရေးလုပ်ငန်းတွင် ဆားအား အကျိုးရှိစွာအသုံးပြုခြင်း



          "ဆား"ဆိုတာ အစားအသောက်တွေမှာပဲ အသုံးပြုကြတယ်၊ အသားငါးတွေကို ကြာရှည်အောင်
ပြုလုပ်တဲ့နေရာတွေမှာအများစုအသုံးပြုတယ်လို့အသိများကြပါတယ်။ အခုစာအုပ်လေးကတော့စိုက်
ပျိုးရေးလုပ်ငန်းတွေမှာဆားကိုအကျိုးရှိရှိအသုံးပြုမှာဖြစ်ပါတယ်။ဒီနည်းလမ်းကတော့သာမာန်စိုက်ရေး
ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ သင့်တော်မှာ မဟုတ်တဲ့ အပြင် အခုနည်းလမ်းကို အသုံးပြုသင့်တဲ
နေရာတွေကတော့ ရောဂါနှိမ်နင်းရန်အတွက်ဓာတုဆေးဝါးရှားပါးသောနေရာများနဲ့၊အော်ဂဲနစ်စို်က်
ခင်းတွေမှာ တစ်ခါတစ်ရံ အသုံးပြုသင့်ပါတယ်။ နောက်အခုနည်းလမ်းကို အသုံးပြုဖို့ဆိုရင် ကြုံတွေ့နိုင်
တဲ့ ပြသနာတစ်ခုကတော့ ဆားပါက်တဲ့ပြသနာပါ ဒါကြောင့် ဒီနည်းလမ်းကို  ကြိမ်ဖန်များစွာအသုံးပြု 
ယ်ဆိုရင် ဆားပေါက်တဲ့ ပြသနာကို ကျိန်းသေပေါက်တွေ့ကြုံရမှာ ဖြစ်ပါတယ် ဒါကြောင့် မိမိစိုက်ပျိုး
တဲ့ မြေရဲ့ အနေအထားကို သိရှိနားထားဖို့လိုအပ်ပါတယ်။ဒါ့ကြောင့်အသုံးပြုတဲ့ အခါမှာ ဆောင်ရန်
ရှောင်ရန်နဲ့ နည်းလေးတွေအကြောင်း ဆက်ကြပါစို့…….

ပထမဦးဆုံး အနေနဲ့သတိပေးချင်တာက ဒီနည်းလမ်းကို အသုံးမပြုခင်မှာ မိမိစိုက်ပျိုးတဲ့ မြေအနေ
အထားကို သိရှိထားဖို့လိုပါတယ်။ အဓိကကတော့ ဆားပေါက်လေ့ရှိတဲ့ မြေတွေမှာ အသုံးမပြု
သင့်သလို ပင်လယ်နားနီးတဲ့ မြေတွေမှာ အသုံးမပြုသင့်ပါဘူး။



အသုံးပြုတဲ့ နည်းလမ်းကတော့ ဆန်းဆန်းပြားပြားမဟုတ်ပဲ ဆားကို ရေဖျော်ပြီးဖြန်းတာပါ။ဒါပေ မယ့်  ၁ဧကကို ဆားပိသာချိန် ၃-၆ အထိပဲ  အသုံးပြုသင့်ပါတယ်။ နောက်ဆားကိုရေဖျော်ဖြန်းတာက ရောဂါတွေအတွက်ပဲ အဓိက အသုံးပြုသင့်ပါတယ်။ ဂျပန်နိုင်ငံက အဓိကသုတေသန ပြုထားတာကတော့ မှိုရောဂါတွေအတွက် အဓိက အသုံးပြုဖို့ပြောထားပါတယ်။

နောက်တစ်ခုက "ဆား"ဆိုရင်ဖြင့် Sodium Chloride ဆားတစ်ခုတည်းအတွက်ပဲ မဟုတ်ပဲ Sodium Nitrate (ယမ်းစိမ်း)၊ ယူရီးယား(Nitrogen) ကိုလဲ အသုံးပြုလို့ရပါတယ်။တကယ်လို့ယူရီးယားကိုဆားအဖြစ်အသုံးပြုမယ်ဆိုရင်ရေဖျော်၍အပင်အားဆေးအဖြစ်ရာ  ရောဂါနှိမ်နင်းရန်အတွက်ပါအသုံးပြုနိုင်ပါသည်။ယူရီးယားကိုဆစ်ပိုးနှိမ်နင်းရန်အတွက်အသုံးပြုကြည့်တဲ့အခါ နှိမ်နင်းနိုင်မှုစွမ်းရည် အတော်နည်းပါးတာကိုတွေ့ရပါတယ် (ရောဂါပိုးပွှားနှိမ်နင်းဖို့ အတွက် ထုတ်ထားတာမှ မဟုတ်တာ) ဒါပေမယ့် မှိုရောဂါတွေ အတွက်တော့ အတော်အသင့် နှိမ်နင်းနိုင်တာကို ဂျပန်နိုင်ငံရဲ့ သုတေသနတွေမှာတွေ့ရပါတယ်။

ဒါပေမယ့်မြန်မာနိုင်ငံကတောင်သူလယ်သမားများအနေဖြင့်မိမိရဲ့ရောဂါကျရောက်မှု နှုန်း၊ မြေ
ချဉ်ငံဓာတ်ကို အဓိကထည့်သွင်းစဉ်းစားပြီးမှသာလျှင် ဒီနည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ (Just Knowledge Sharing)

စာအုပ်အနေနဲ့ သိမ်းထားလိုလျှင် Download


EmoticonEmoticon