Saturday, January 20, 2018

Collar rot of disease (or) ‌မြေပဲခါရိ‌ရောဂါ

Tags

• ရောဂါကင်းစင်သော မျိုးစေ့များကိုသာ အသုံးပြုပါ
• အလှည့်ကျ စိုက်စနစ်ဖြင့် စိုက်ပျိုးပါ
• စိုက်ပျိုးမြေကို မြေပြင်ချိန်တွင် ထရွိုင်ကိုဒါးမားမှိုထည့်၍ နက်နက်ထွန်ယက်ပေးပါ။
• အပင်များ ထွက်လာပြီးနောက် အပင်များအကြား လေဝင်လေထွက်ကောင်းစေရန် ကြားထွန်လိုက်ပေးပါ။
• နိုက်ထရိုဂျင် ဓာတ်မြေသြဇာကို အလွန်အမင်း အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
• ရောဂါဖြစ်ပေါ်မှုကို အားပေးသည် အပူချိန်နှင့် အစိုဓာတ်ကို ရှောင်ကြဉ်ရန် အပင်များကို အချိန်ကိုက် စိုက်ပျိုးပါ။
Chemical Management
မြေပဲပင်များကို ခါးရိရောဂါမှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် သီယိုဖီနိတ်-မီသိုင်း ၇၀% ဒဗလျူပီ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ-၉ ဇွန်းနှုန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အိုင်ပရိုဒိုင်း ၅၀% အက်စ်စီ စားပွဲတင်ဇွန်း ၄ဇွန်း- ၁၀ ဇွန်းနှုန်း
၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပရိုပီကိုနာဇိုး ၂၅% နှင့် ပရိုကလိုရက်ဇ် ၅% အီးစီ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ-၆ ဇွန်းနှုန်း
သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)






EmoticonEmoticon