Friday, March 24, 2017

စိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတ်မြေသြဇာ သွင်းအားစုနည်းအောင်ပြုလုပ်နည်း

Tags

စိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတ်မြေသြဇာ သွင်းအားစုနည်းအောင်ပြုလုပ်နည်း








ဓာတ်မြေသြဇာဆိုတာဘာလဲ…….

ဓာတ်မြေသြဇာဆိုတာလူတွေဖန်တီးပြုလုပ်ထားတဲ့ပစ္စည်း..ဘာအတွက်လဲဆိုတော့အပင်တွေ ရှင်သန်ကြီးထွားဖွံဖြိုးတိုးတက်စေဖို့၊အထွက်နှုန်းတွေ၊ကောင်းစေဖို့နဲ့၊ထွက်ကုန်တွေရဲ့အရည်အသွးတွေကောင်းဖို့ဆိုပြီးရည်ရွယ်ပြီးတော့ထုတ်လုပ်ဖန်တီးထားတဲ့ပစ္စည်းပါ။ဓာတ်မြေသြဇာတိုင်းကောင်းသလားဆိုတော့..ဒါကထုတ်လုပ်တဲ့ စက်ရုံရဲ့ပစ္စည်းနဲ့ပဲဆိုင်ပါတယ်…သေချာတာက တော့(N,P,K,Ca,S,Mg,B,CL,Mn,Fe,Zn,Cu,Mo,Ni,Co,Si)ဆိုရဲ့ဓာတ်ပစ္စည်းတွေကအပင်တွေအတွက်မရှိမဖြစ်အာဟာရ ဓာတ်တွေပါ….အဲ့ဒီဓာတ်ပစ္စည်းတွေပါဝင်တယ်ဆိုရင်…..  သတ်မှတ်ထားတဲ့ပမာဏအတိုင်းပါဝင်မယ်ဆိုရင်တော့အဲ့ဒီဓာတ်မြေသြဇာကအရည်အသွေးကောင်းမွန်ပါတယ်……

ဓာတ်မြေသြဇာသုံးတိုင်းရောကောင်းသလား……


ကိုယ်စိုက်တဲ့မြေကြီးအခြေအနေပေါ်ပဲမူတည်ပါတယ်….ကိုယ့်မြေကြီးကမြေသြဇာတွေ
ကာင်းနေတယ်ဆိုရင်တော့…ဓာတ်မြေသြဇာတွေသုံးစရာမလိုပါဘူး….သုံးရင်ရောဘာဖြစ်
မလဲ..နည်း ရင်တော့အကြောင်းမဟုတ်ပေမယ့်များရင်တော့အပင်အတွက်မကောင်းပါ
ဘူး……မြေကြီးမှာမြေသြဇာတွေကောင်းနေတယ်ဆိုရင်တော့။ဓာတ်မြေသြဇာတွေ သုံးပေးသင့်
ပါတယ်…..


နောက်သုံးတဲ့နည်းစနစ်တွေ…..များသောအားဖြင့်၁၅ပတ်လည်တဲ့ကောင်းပါတယ်…အပင်တွေအာဟာရဓာတ်တွေများများနဲ့ကောင်းမွန်စွာစုပ်ယူနိုင်ပါတယ်……ဥပမာတစ်ခုအနေနဲ့လူတစ်
ယောက်ကိုဟင်းချက်ခိုင်းမယ်ကြက်သားဟင်းဆိုကြပါစို့…..ကြက်သား၁ပိသာ၊ဆီ၁ပိသာ၊
ဆား၁ပိသာ၊ကြက်သွန်၁ပိသာ…..အစရှိသဖြင့်ပေါ့လေ…..အကုန်ထည့်ချက်ရမှာ
နော်:D:D:D……မလိုအပ်ပါဘူးစောစောကဆီ၁ပိသာမလိုဘူးနည်းနည်းပဲ(ဆီစားတဲသူဆိုရင်
တော့ မပြောတတ်ဘူးဗျာ….)၊ကြက်သွန်၁ပိသာမလိုဘူး၊ ဆား၁ပိသာ မလိုဘူး(စားကြည့်ပါလား သေတောင်သွားဦးမယ်….. JJJ) ဆိုတော့ …အပင်လဲထိုနည်းလည်းကောင်းပါပဲလိုအပ်တဲ့ပမာဏအတိုင်းပဲစုပ်ယူတာပါ…..များများထည့်တော့ဘာဖြစ်လဲဆိုတော့ဓာတ်မြေသြဇာဆိုတာအလကားရတာမဟုတ်သလို……မြေကြီးအတွက်ရော အပင်အတွက်ပါ အဆိပ်ဖြစ်စေပါတယ်……

ဒါဆိုမြေကြီးထဲမှာ မြေသြဇာ ဘယ်လောက်ရှိလဲဆိုတာဘယ်လိုသိနိုင်မလဲ……


တိုင်းတာရမှာပေါ့ဗျာ……အခုဆိုစိုက်ပျိုးရေးသုတေသနနဲ့စိုက်ပျိုးရေးဦးစီးဌာနတွေမှာမြေကြီးထဲမှာရှိ
တဲ့မြေသြဇာကိုတိုင်းတာလို့ရတဲ့ပစ္စည်းကိုဝယ်ယူလို့ရနေပါပြီ…..ပစ္စည်းအစုံကို12000ကျပ်တဲ့
ခင်ဗျ…..၁၀ကြိမ်အထက်သုံးနိုင်ပါတယ်…..အသုံးပြုလို့ရမယ့်နည်းစနစ်တွေအကုန်ပါဝင်ပါတယ်……
(ချွင်းချက်အနေနဲ့အာဟာရဓာတ်တွေအကုန်လုံးကိုတိုင်းတာလို့မရပါဘူး….)
ကဲတိုင်းတာပြီးကြပြီဆိုကြပါစို့……မြေကြီးထဲမှာဘာတွေချို့တဲ့နေပြီလဲဆိုတာသိပြီးပြီဆိုကြပါ
ဆို့…...အပင်အတွက်အာဟာရဓာတ်တွေကို ဘယ်လိုထည့်ပေးမလဲဆိုရင် ကျွန်တော်ကတော့
 မြေဆွေးတွေနဲ့ ဖြည့်တင်းပေးဖို့ အကြံပြုချင်ပါတယ်….
မြေဆွေးတွေကအာဟာရဓာတ်တွေအားလုံးကိုဖြည့်တင်းပေးနိုင်လားဆိုတော့……အကုန်မပေးနိုင်ပါ
ဘူး…..ဒါပေမယ့်ဝင်လာတဲ့အာဟာရဓာတ်တွေကိုထိန်းထားပေးနိုင်ပါတယ်တယ်…..အာဟာရဓာတ်တ
ချို့တစ်ဝက်ကို ထောက်ပံ့ပေးနိုင်ပါတယ်…..





         လာပါပြီ…….ဓာတ်မြေသြဇာသမားတွေရဲ့ အခန်း……စောစောက အပေါ်မှာပြောခဲ့တဲ့ အာဟာရဓာတ်တွေ(N,P,K,Ca,S,Mg,B,CL,Mn,Fe,Zn,Cu,Mo,Ni,Co,Si) အားလုံးက  အပင်တွေအ တွက်အားလုံးမလိုအပ်ပေမယ့်အတော်များများကလိုအပ်ပါတယ်…..မြေဆွေတွေကအာဟာရဓာတ်အားလုံးကိုဖြည့်တင်းမပေးနိုင်ပါဘူး….ဒါဆိုလိုနေတဲ့အာဟာရဓာတ်တွေကိုဘယ်ကရနိုင်မလဲ…ဓာတ်မြေသြဇာတွေကပေါ့..ဒါပေမယ့်ထည့်ပေးရမယ့်ပမာဏလျှော့သွားမယ်….ပြီးတော့သာမန်ဓာတ်မြေသြဇာတွေသုံးလို့မရတော့ပါဘူး…ရှားပါးအာဟာရဓာတ်တွေဖြစ်တဲ့ Si,Zn,B,S,Ni လို အာဟာရဓာတ်တွေ အဓိက ပါဝင်တဲ့ ဓာတ်မြေသြဇာတွေကိုအသုံးပြုပေးသင့်ပါတယ်…(ကိုယ်စိုက်တဲ့အပင်ရဲ့လိုအပ်မှု  အ ပေါ်လဲ မူတည်ပါတယ်….

Ok…..!!!! ပုံသေနည်းလေးတွက်လိုက်ရအောင်…

(မြေကြီး၏ အာဟာရဓာတ် + မြေဆွေး အာဟာရဓာတ်)- သီးနှံ၏လိုအပ်သော အာဟာရဓာတ် = မြေကြီးအတွင်း ထည့်သွင်းရမည့် အာဟာရဓာတ်ပမာဏ

ဒါပေမယ့် အခုတွက်ပြထားတဲ့နေရာမှာ ဓာတ်မြေသြဇာတွေရဲ့ ဆုံးရှုံးနိုင်တဲ့ ရာခိုင်နှုန်းကိုထည့်သွင်း
ထားခြင်းမရှိပါဘူး...........ဥပမာ---မိမိမြေကြီးတွင် နိုက်တရိုဂျင်ဓာတ် ၈% ပါဝင်တယ်ဆိုကြပါဆို…..ထည့်ထားတဲ့ မြေဆွေးက နိုက်ထရိုဂျင် ၉%ပါဝင်တယ်ဆိကြပါဆို့…….ုသီးနှံရဲ့ နိုက်ထရိုဂျင် လိုအပ်ချက်က ၂၁% ဆိုရင်….ဓာတ်မြေသြဇာထပ်မံထည့်သွင်းရမယ့် ရာခိုင်နှုန်းက ၃% တည်းပါ…..တကယ်လို့ မြေဆွေးမထည့်ထားဘူးဆိုရင် ၁၂% တောင် ဓာတ်မြေသြဇာ ထပ်ထည့်ရမှာပါ…..ဒါကိုကြည့်ခြင်းအားဖြင့် ဓာတ်မြေသြဇာ၏ အသုံးစရိတ် တော်တော်များများ လျှော့ကျသွားမှာဖြစ်ပါတယ်……..



အောက်ကပုံတွေကတော့ သီးနှံအချို့ရဲ့ အာဟာရဓာတ်လိုအပ်မှုဇယားတွေပါ….





















အောက်ပါ ဇယားကတော့ မြေကြီးအတွင်း အာဟာရဓာတ်ကို သတ်မှတ်ထားတဲ့ ပုံလေးပါ…..







ဒီဆောင်ပါးလေးကတော့ဓာတ်မြေသြဇာကိုဘယ်လိုအကျိုးရှိရှိသုံးမလဲဆိုတာကို….နည်းလမ်းချပြပေးရုံသတ်သတ်ပါ…လိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး….Idea ချပြယုံပါ…ကျွန်တော်လဲ ပညာရှင်မ    ဟုတ်ပါဘူး JJJ…လေ့လာသင်ယူနေတုန်းပါ…..
                                လေ့လာဖတ်ရှု့မှုအတွက်ကျေးဇူးတင်ပါတယ်


            


                          စာအုပ်အဖြစ်သိမ်းထားလိုလျှင် Download          



                                      


EmoticonEmoticon