Showing posts with label How To. Show all posts
Showing posts with label How To. Show all posts
Wednesday, November 29, 2017
ပေါင်းမြတ်များကို အကျိုးရှိရှိ အသုံးချခြင်း (သို့မဟုတ်) မြေဆွေးပြုလုပ်ခြင်း
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် နေထိုင်ကြသော တောင်သူဦးကြီး များသည် မိုးနည်းဒေသဖြစ်သဖြင့် ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြ သည်။ ယာစိုက်ပျိုးရေးလုပ်ငန်းတွင် မိဘဘိုးဘွားခေတ်ကတည်းက စိုက်ပျိုးထုတ် လုပ်ခဲ့ကြသော်လည်း ယာမြေအတွက် မိမိအိမ်မှာ မွေးမြူထားသော နွားချေးကိုသာ အသုံးပြုပြီး အထွက်ကောင်းရန် ​မြေသြဇာထည့်မှု့မှာ အင်မတန်နည်းခဲ့သဖြင့် ယခု အခါသီးနှံအထွက်နှုန်းများ ကျဆင်းလာရသည်။ယခင်ကဲ့သို့ နွားချေတစ်မျိုးတည်း ကိုသာထည့်လျှင် နောင်နှစ်ပေါင်းများစွာကြာသောအခါ သီးနှံအထွက်နှုန်းမှာ သိသိသာ သာ ကျဆင်းလာမည်။ဓာတုမြေသြဇာများသည် အသုံပြုလျှင် တုန့်ပြန်မှုအားကောင်း သော်လည်း များများအသုံးပြုလျှင် ဆိုးကျိုးများ ဖြစ်တက်သည်။ထို့ကြောင့် အန္တရယ် ကင်းသောသဘာဝမြေသြဇာကိုလည်း ပြုလုပ်သုံးစွဲ သင့်သည်။
ယခုအချိန်၌ ယာ​မြေများတွင် မြေပဲ၊နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထား သဖြင့် ပေါင်းရှင်းနေသည့် အချိန်ကာလဖြစ်သည် ပေါင်းမြက်များစွာရှိနေသည်။ ထိုပေါင်းမြက်များကို မြေဆွေးပြုလုပ်ကာ အကျိုးရှိရှိအသုံးချသင့်သည်။ထို့သို့ပြုလုပ် ခြင်းဖြင့် သဘာဝမြေသြဇာများ ရရှိပြီး စိုက်ခင်းအတွင်းသို့ မြေသြဇာများ များများ ထည့်နိုင်မည်ဖြစ်သည်။
ပေါင်းမြက်များဖြင့် သဘာဝမြေသြဇာပြုလုပ်ရန်အတွက် ယာကွက်ဘေးထောင့် တစ်နေရာတွင် အလျှား(၅)ပေ၊အနံ(၅)ပေနှင့် အမြင့်(၃)ပေ ရှိသော ကျင်းတူးရမည်။ ထိုသို့မလုပ်နိုင်ပါက မြေပေါ်တွင် ၎င်းပုံအတိုင်း သစ်ကိုင်း (သို့မဟုတ်)ထန်းရွက်များ ဖြင့် ကျင်းဖွဲ့ရမည်။ ၎င်းကျင်းထဲသို့ ပေါင်းမြက်များကို အလွှာလိုက်ထည့်ရမည်။ တစ်လွှာတွင် (၈)လက်မခန့်ရှိရမည်။ပုလဲမြေသြဇာ၊နွားချေး၊အိမ်ဆောက်ထုံးနှင့် ရေရရှိနိုင်ပါက ပထမအလွှာစီပြီးလျှင် ပုလဲ နို့ဆီဘူး(၁)ဘူးထည့်ရမည်။ထို့နောက် ရေ(၆)လီတာ ဖြန်းပေးရမည်။ထို့နောက်တစ်လွှာစီ၍ ထိုအလွှာပေါ်တွင် နွားချေး (၄)ပြည်ကို ဖြန့်ထည့်ရမည်။
ထို့နောက် ရေ(၁၀)လီတာဖြန်းပေးရမည်။၎င်းအပေါ်မှ အိမ်ဆောက်ထုံး(၁)ဘူး ကြဲပက်ပေးရမည်။ထိုသို့ တစ်လွှာပီးတစ်လွှာရသလောက် ပြုလုပ်ပြီး (၅)လခန့်အကြာတွင် ထိုမြေဆွေးပုံမှ သဘာဝမြေဆွေးများကို ထုတ်ယူ အသုံးပြုနိုင်သည်။ရရှိလာသော မြေဆွေးများကို ခရမ်းချဉ်၊ဖရဲ၊သခွားစသည်တို့ စိုက် ပျိုးရန် ပျိုးထုပ်ထုပ်ရာတွင်လည်း သဲနှုန်းမြေ (၁)တောင်း မြေဆွေး(၂)တောင်းနှုန်းဖြင့် ရောစပ်အသုံးပြုနိုင်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသတောင်သူများအတွက် ပေါင်းမြက်များကို အကျိုးရှိရှိ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းကို အကြံပေးတင်ပြအပ်ပါသည်။
ကိုမိုးနည်း(အညာ)
                                                 PDF အဖြစ်သိမ်းထားလိုပါက Download
Wednesday, September 6, 2017
ခရမ်းချဉ်စောပင်နာကျရောဂါ (သို့မဟုတ်) အော်တာနေရီးယာရွက်ခြောက်ရောဂါ
ရောဂါလက္ခဏာ (Symptom)
         စောပင်နာကျရောဂါသည်(Alternaria solani)မှိုကြောင့်ဖြစ်သော မှိုရောဂါတစ်မျိုးဖြစ်သည်။ ခရမ်း
ချဉ်အရွက်ရင့်များတွင် သေးငယ်သော အနက်ရောင် (သို့မဟုတ်) အညိုရောင် ပုံမမှန်သော စက်ဝိုင်းပုံ
အပြောက်များဖြစ်လာသည်။ရောဂါလက္ခဏာသည်ရောဂါစတင်ကျရောက်ပြီး(၁၀)ရက်ကြာမှမျက်စေ့ဖြင့်
 မြင်နိုင်သည်။ ရောဂါဖြစ်စေသော မှိုသည်ရာသီဥတု အခြေအနေပေးလျှင် တစ်ဖြေးဖြေး ဖွဲ့ဖြိုးလာပြီး 
အကွင်းများပါသော အနက်ရောင်ပစ်မှတ်ပုံ ဖြစ်လာသည်။ အချိန်ကြာလာသောအခါ ရောဂါကျနေသော
အရွက်များအ၀ါရောင်သို့ပြောင်ကာအရွက်ကြွေသွားသည်။ စောပင်နာကျရောဂါသည် ခရမ်းချဉ်အသီးများ၊
ပင်စည်များတွင်လည်းအနက်ရောင်အစက်အပြောက်များ အဖြစ်ကျရောက်နိုင်သည်။ ရောဂါပြင်းထန်လျှင်
ရောဂါကျနေသောသီးသည်တစ်ဖြေးဖြေးပုပ်လားပြီးနောက်ဆုံးတွင်ကြွေကျသွား သည်။ထိုရောဂါသည်ခရမ်း
ချဉ်ပင်ကြွင်းပင်ကျန်များနှင့်အမှိုက်သရိုက်များအတွင်းခိုအောင်းနိုင်သဖြင့်စိုက်ခင်းကိုသန့်ရှင်းရေးလုပ်ရန်ုလို
အပ်သည်။ထိုမှိုရောဂါသည်ဒဏ်ရာဖြစ်သောနေရာမှတစ်ဆင့်ကူးဆက်နိုင်သဖြင့်ရွက်စားကျိုင်း၊စုပ်စားပိုးများ
ကိုကာကွယ်ရန်အထူးလိုအပ်သည်။ထိုရောဂါသည်ခရမ်း၊အာလူး ပင်များတွင်လည်းကျရောက်နိုင်သဖြင့်အ
နီးတွင်ထိုအပင်များရှိပါက အထူးဂရုစိုက်ကာကွယ်ရမည်။
References>>www.tomatodiseaseshelp.com
                        www.iosat.org
                       www.wikipedia.org
စာအုပ်အဖြစ်သိမ်းထားလိုပါက Download
Tuesday, September 5, 2017
စိုက်ပျိုးရေးလုပ်ကိုင်သူတိုင်း သိသင့်သော မြေချဉ်ငံဓာတ်
 ဖော်ပြသောကိန်းဖြစ်သည်။၎င်းကိန်းကို ပီအိပ်(pH)ဟုလည်း ခေါ်သည်။ ပီအိပ်(pH)ကို တန်ဖိုး(၁)မှ 
(၁၄)အထိ သတ်မှတ်ထားသည်။ တန်ဖိုး(၇)ကို မချဉ်မငံသော အခြေအနေဟု သတ်မှတ်သည်။ (၇)ထက်
များလျှင် ငံသောမြေဟု သတ်မှတ်ပြီး (၇)ထက်နည်းလျှင် ချဉ်သောမြေဟု သတ်မှတ်သည်။  (၇) အောက်
နည်းလေ ပိုချဉ်လေဖြစ်ပြီး (၇)ထက်များလေ ပိုငံလေ ဖြစ်သည်။
 သီးနှံအချို့သည် ချဉ်သောမြေကို ကြိုက်နှစ်သက်၍ အချို့သီးနှံများသည် ငံသောမြေတွင်  ကောင်းစွာ ကြီး
ထွားနိုင်သည်။ ဥပမာအားဖြင့် ဘလူးဘယ်ရီပင်​​​၊လက်ဖက်ပင်များသည် ချဉ်သောမြေတွင် ကောင်းစွာ ကြီး
ထွားနိုင်ပြီး ဆေးရွက်ကြီးပင်သည် ငံသောမြေ (၈အတွင်း)တွင် ကောင်းစွာ ကြီးထွားနိုင်သည်။ သီးနှံအများစု
သည် မြေချဉ်ငံဓာတ် (၆မှ ၆.၅)အတွင်း ဖြစ်ထွန်းကြီးထွားမှု အကောင်းဆုံးဖြစ်သည်။
 မြေဆီလွှာချဉ်ငံမှုပေါ်တွင် မူတည်၍ သီးနှံပင်က အာဟာရ(မြေသြဇာ) စုပ်ယူနိုင်မှု ကွာခြား သည်။ 
ချဉ်သောမြေတွင် အပင်များသည် အလျှူမီနီယမ်ဓာတ်ကို အလွယ်တကူ စုပ်ယူရရှိနိုင်သည်။ ထိုသို့ 
အလျှူမီနီယမ်ဓာတ်ကို အလွယ်တကူ စုပ်ယူရရှိနိုင်သဖြင့် အပင်အတွင်း ပိုလျှံမှုဖြစ်ကာ အပင် ကို အစိတ်
သင့်စေသည်။
 ယူရီးယား(ပုလဲ)မြေသြဇာကို အပင်ကပုံစံ(၂)မျိုးဖြင့်ရရှိနိုင်သည်။ ၄င်း(၂)မျိုးမှာ အမိုးနီးယား နှင့်
 နိုက်ထရိတ်ပုံစံတို့ ဖြစ်သည်။အမိုးနီးယားပုံစံသည် ငံလွန်းသော အခြေအနေတွင် အငွေ့အဖြစ်သို့ ပြောင်း
လဲပြီး ဆုံးရှုံးသွားနိုင်သည်။ နိုက်ထရိတ်ပုံစံသည်  ချဉ်သောမြေတွင် အပင်က စုပ်ယူအား ပိုကောင်းသည်။
 ဖော့စဖော့ရပ်သည် ပ်ီအိပ်(၆.၅)ခန့်တွင် အပင်က  အကောင်းဆုံးစုပ်ယူနိုင်သည်။ ပီအိပ်(pH) တန်ဖိုးနည်း
လျှင်(မြေချဉ်လျှင်) အလျှူမီနီယမ်၊သံဓာတ်တို့ဖြင့် ပေါင်းစပ်သွားသဖြင့် အပင်က မစုပ်ယူ နိုင်သော ပုံစံသို့
 ပြောင်းလဲသွားကာ ချို့တဲ့မှု ဖြစ်နိုင်သည်။ ပိုတက်ဆီယမ်ဓာတ်သည် ချဉ်သောမြေ (ပီအိပ် ၆ အောက် နိမ့်
လျှင်)တွင် ချို့တဲ့မှု ဖြစ်နိုင်သည်။
 ဤကဲ့သို့ သီးနှံများစိုက်ပျိုးရာတွင် မိမိက အပင်များစားသုံးစေလို၍ ဓာတ်မြေသြဇာများ ကျွေး သော်လည်း 
အပင်သည်ဓာတ်မြေသြဇာများကို မြေချဉ်ငံဓာတ်ပေါ်မူတည်၍ ရရှိနိုင်သောပုံစံများ ဖြစ်အောင် မိမိစိုက်ခင်း
က မြေဆီလွှာ၏ မြေချဉ်ငံဓာတ် (ပီအိပ်)ကို သိရှိရန် လိုအပ်သည်။ အာဟာရ ဓာတ်များကို အပင်ကစုပ်ယူ
နိုင်သော ပုံစံဖြစ်အောင် မြေချဉ်လျှင် ထုံးကို လိုသလောက်ထည့်ပေး သင့်ပြီး မြေငံလျှင်
 ကျောက်မှုန့်(Gysum)ကို လိုအပ်သလိုထည့်ပေးသင့်သည်။
 ယခုအခါတွင် မြေချဉ်ငံဓာတ် (ပီအိပ်)ကို တိုင်းတာနိုင်သော ကိရိယာ(pH meter)လည်း အလွယ်တကူ
က ရရှိနိုင်သော အခြေအနေ (ပုံစံ)ဖြစ်အောင် ပြုလုပ်သင့်သည်ဟု အကြံပြုတင်ပြအပ်ပါသည်။
စာအုပ်အဖြစ်သိမ်းထားလိုပါက Download
Sunday, August 27, 2017
စိုက်ပျိုးရေးလုပ်ငန်းတွင် Gypsum ၏ အသုံးဝင်ပုံ
Gypsum (Calcium Sulfate Dihydrate) ဆိုသည်မှာမြန်မာနိုင်ငံတွင် အသုံးပြုလေ့ရှိကြပြီး မြေခံပစ္စည်း 
အဖြစ် အသုံးများကြသည်မှာ နှစ်ပေါင်းများစွာကပင်အသုံးပြုလျှက်ရှိပါသည်။ မြန်မာနိုင်ငံ၏တောင်သူအများ
စုသည်Gypsum အား မြေငန်သည့် လယ်မြေ၊ ယာမြေများတွင် အဓိကထားသုံးစွဲကြသော်လဲ Gypsum
၏အခြားသော အကျိုးများစေသော အချက်များအား သိရှိသူနည်းပါးပါးသည်။ယခုဆောင်ပါးတွင်  Gypsum 
(Calcium Sulfate Dihydrate) ၏ အသုံးဝင်သောအချက်များအား တင်ပြပေးမှာဖြစ်ပါတယ်။
Major Benefits of Gypsum1)  အပင်အတွက်လိုအပ်သော Calcium နဲ့ Sulphur အဓိကအရင်းအမြစ်
မိမိစိုက်ပျိုးမြေတွင် အပင်အတွက်လိုအပ်သော Calcium နဲ့ Sulphur အလုံအလောက်မရှိပါကအ  ပင်များတွင်အာဟာရချို့တဲ့သောလက္ခာရပ်များအားတွေ့ရှိရမည်ဖြစ်ပါသည်။(ဥပမာခရမ်းချဉ်များ  တွင်အသီး၏ချက်နေရာတွက်ကွက်ပုပ်များဖြစ် ပေါ်လာခြင်း)ထို့အတွက်လိုအပ်သော Calcium    ပမာဏနှင့် Sulphur ပမာဏအား Gypsum မှ အဓိကထောက်ပံ့ပေးနိုင်ပါသည်။ထို့ပြင် အပင်အတွင်း Calcium ချို့တဲ့ပါက အပင်၏ဇီဝကမ္မဖြစ်စဉ်များ လျှော့နည်းသွားပြီး အပင်၏အစာချက်လုပ်နှုန်းများလျော့ကျကာသီးနှံအထွက်နှင့်အရည် အသွေးအားထိခိုက်နိုင်ပါသည်။ထို့ပြင် Calcium သည် အမြစ်များ ကြီးမားစေရန်နှင့်အမြစ်ရှည်စေနိုင်သောကြောင့်ချို့တဲ့ပါကအာဟာရဓာတ် စုပ်ယူနိုင်ခြင်းလုပ်ငန်းများနှင့်ရေဓာတ်စုပ်ယူခြင်းလုပ်ငန်းများတွင့်နှောင့်နှေးစေနိုင်ပါသည်။
အာဟာရဓာတ်ရယူနိုင်မှုပမာဏပိုမိုများပြားနိုင်စေခြင်း
အထက်ပါပုံထဲမှာတော့မြေကြီး၏မြေချဉ်ငန်ဓာတ်ပမာဏအလိုက်မြေကြီးမှရယူနိုင် သော အာဟာရ
ဓာတ်များအားရယူနိုင်ပုံဖြစ်ပါတယ်။မြေကြီးအတွင်း Gypsum ထည့်သွင်းလိုက်ခြင်းဖြင့် မြေကြီး၏ချဉ်
ငန် Level အားမှန်ကန်သွားစေနိုင်ပြီး မြေကြီးမှ အာဟာရဓာတ်များစွာအားရယူနိုင်မည်ဖြစ်ပါသည်။ 
ပုံတွင်ကြည့်ပါ PH Level7သို့ရောက်လာလေအပင်အတွက်အဓိကလိုအပ်သောအာဟာရဓာတ်များပိုမို
ရယူနိုင်မှုကိုတွေ့ရှိရမှာဖြစ်ပါသည်။ Gypsum ကိုယ်တိုင်မှ အာဟာရဓာတ်များအား မထောက်ပံ့နိုင်
သော်လည်း Gypsum ၏လုပ်ဆောင်ချက်ဖြင့် မြေကြီးတွင်းမှ အာဟာရဓာတ်ထောက်ပံ့ပေးနိုင်မှုကိုမြင့်
တင်ပေးနိုင်ပါသည်။
 ရေစိမ့်ဝင်မှုကောင်းမွန်ခြင်း
မြေကြီးအတွင်း ရေစိမ့်ဝင်မှုမကောင်းသည့် အကြောင်းအရင်းများမှာ Sodium သည် မြေကြီးအတွင်းလွန်
စွာများပြားပြီး မြေကြီးနှင့် ပေါင်းစပ်လျှက်ရှိပြီး ရေစိမ့်ဝင်မှုအား ပိတ်ပင်တားဆီးထားခြင်း၊ ရွှံ့စေး၏လွန်စွာ 
စေးကပ်နေခြင်းနှင့် ရေလွန်စွာ ထည့်သွင်းပေးထားခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော် Gypsum သည်
 မြေကြီးတွင်းရှိ Sodium နှင့် ပေါင်းစပ်နိုင်သောကြောင့် ရေစိမ့်ဝင်နိုင်မှုကောင်းခြင်း၊ရွှံ့စေးလွန်စွာစေးကပ်
ခင်းအားလျော့နည်းစေနိုင် သောကြောင့် ရေစိမ့်ဝင်နိုင်မှုအားပိုမိုကောင်းမွန်စေနိုင်ပါသည်။
ထို့သို့သော အကြောင်းအရာ အချက်အလက်များကြည့်ရှုခြင်းအားဖြင့် မိမိ၏စိုက်ပျိုးမြေတွင် ကြုံတွေ့
ရသော မြေကြီးနှင့်ပက်သက်သော အချို့သော အကြောင်းအရာ များအား Gypsum အား အသုံးပြုခြင်းအား
ဖြင့် ဖြေရှင်းပေးနိုင်ပါကြောင်း စကားလက်ဆောင်ပေးလိုက်ပါသည်။
စာအုပ်အဖြစ်သိမ်းထားလိုပါက  Download