Monday, May 8, 2017

Reverse Osmosis နှင့် စိုက်ပျိုးရေး




Osmosis ဆိုတာဘာလဲ


Osmosis ဆိုတာက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို နောက်ထပ် အရည်တစ်မျိုးမျိုး ပျော်ဝင်သွားတယ်လို အကြမ်းဖျင်းသိထားရင်လုံလောက်ပါတယ်။ဥပမာအနေနဲ့ ဆားတွေးဖျော်ထားတဲ့ အရည်ထဲကို နောက်ထပ် ရေသီးသန့် ထပ်မံပျော်ဝင်သွားတာကိုဆိုလိုတာပါ။နောက် Osmosis ဆိုတာက အရည်တစ်ခုဟာ ကြားခံ ပစ္စည်းတစ်ခုခုကို ဖြတ်သန်းပြီး နောက်ထပ်ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို ရောက်အောင် ဖြတ်သန်းသွားနိုင်တဲ့ ဂုဏ်သတ္တိတစ်ခုပါ။ ဥပမာအနေနဲ့ တစ်ဖက်က ဆားတွေအများကြီးဖျော်ထားတဲ့ အရည်နဲ့ တစ်ဖက်က ရေတွေထည့်ထားတဲ့ ပိုက်နှစ်လုံးကို ထောင်ထားမယ် ရေ level လဲတူတယ် အဲ့ဒီပိုက်နှစ်ခုကို ကြားကနေ ရေပဲဖြတ်သန်းလို့ရတဲ့ ပိတ်စလိုပစ္စည်းကို ကြားခံပြီးပိုက်နှစ်ခုဆက်ပေးလိုက်ရင် ရေသီးသန်းထည့်ထားတဲ့ ပိုက်ထဲကရေတွေက ဆားတွေဖျော်ထားတဲ့ ပိုက်ထဲကို ရေတွေဟာ ရေအမြင့်ကနေ အနိမ့်ကို စီးဆင်းတယ်ဆိုတဲ့ နိယာမကို ဆန့်ကျင်ပြီးတော့ စီးဆင်းသွားပါတယ်။



ပုံကိုကြည့်ပါ တစ်ဖက်မှာ ဆားတွေဖျော်ထားတဲ့ အရည်ပါ တခြားတစ်ဖက်က ရိုးရိုးရေပါ ဒါပေမယ့် ဆားတွေဖျော်ထားတဲ့ ရေက Level ပိုမြင့်ပေမယ့်လဲ ရိုးရိုးရေ ထည့်ထားတဲ့ ဘက်ကရေဟာ ဆားတွေဖျော်ထားတဲ့ ဘက်ကို စီးသွားပါတယ်။ စာဖတ်သူအနေနဲ့ စမ်းသပ်ကြည့်လိုပါက ပိတ်စအစား ကြက်ဥကို ပြုပ်ပြီး အထဲက ရရှိတဲ့ အရေခွံပါးလေးကို ကြားနေအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Reverse Osmosis ဆိုတာဘာလဲ

Reverse Osmosis ဆိုတာက စောစောကပြောခဲ့တဲ့ Osmosis ရဲ့ပြောင်းပြန်ပါ သူက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့အရည်တွေကိုLayer တစ်ခုခုကိုဖြတ်သန်းပြီးအရည်အဖြစ်ပြန်လဲတာလို့ အကြမ်းဖျင်းသိထားရင်ရပါတယ်။ဒါပေမယ့်သူမှာတော့အပြင်ကနေသီးသန့်ဖိအားတစ်ခုခုလိုအပ်ပါ တယ်။


ပုံကိုကြည့်ပါ တစ်ဖက်မှ ဖိအားပေးလိုက်သော အခါ ကြားခံပစ္စည်းကို ဖြတ်သန်းပြီးတော့ ဆားတွေကြားထဲမှာရှိတဲ့ရေဟာ ရေအသန့်အဖြစ် တခြားဖက်သို့ရောက်ရှိသွားပါတယ်။ နောက်……အခုနည်းပညာကို ရေသန့်စင်တဲ့ လုပ်ငန်းတွေမှာ အဓိက အသုံးပြုကြပါတယ်။

Reverse Osmosis နှင့် စိုက်ပျိုးရေး


အခုခေါင်းစဉ်ထဲမှာ အဓိကပိုင်းဝင်မယ့် အပိုင်းတွေကတော့ အပင်ရဲ့ အမြစ်နဲ့ ဓာတ်မြေသြဇာနှစ်ခုပါပဲ။ဒီနှစ်ခုဟာအပင်ရဲ့ဓာတ်မြေသြဇာရယူနိုင်မယ့်ပမာဏအပေါ်များစွာမှီခိုနေပါ တယ်။ သာမာန်အနေအထားအရ အပင်တစ်ပင်ကို ဓာတ်မြေသြဇာကျွေးလိုက်တယ်ဆိုကြပါဆို့ ပြီးရင်ရေလောင်းလိုက်တယ် ဒါဆိုရင် အပင်ကနေ ဓာတ်မြေသြဇာကို ရလိုက်ပြီ စုပ်ယူနိုင်ပြီလို့ မှတ်ယူနိုင်ပါတယ်။ဒါကသာမာန်Osmosis ကိုအခြေခံပြီးတော့ ဖြစ်သွားတဲ့အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။ မျက်စိထဲမြင်ကြည့်ကြပါစို့……. အပင်အမြစ်ကို ရေစစ်လို ပစ္စည်း ၊ အပင်ထဲမှာ ရေအနည်းအကျဉ်းရှိတယ် အပြင်ကနေထပ်စောင်းပြီးတော့ ဓာတ်မြေသြဇာနဲ့ ရေကို ထည့်ပေးတယ်ဆိုကြပါစို့……


စောစောကပြောခဲ့ကြတဲ့ အတိုင်း Osmosis အဖြစ်အတိုင်းဆိုရင် လောင်းထည့်ထားတဲ့ ရေဟာ အပင်ထဲကို မရောက်ပဲ Osmosis နည်းအရ အပြင်ကို ပြန်ထွက်သွားမှာပါ။ ဒါဆိုရင် အပင်ထဲကို ရေရောက်ဖို့ဆိုရင် Reverse Osmosis နည်းနဲ့မှ  အပြင်ကရေတွေရော ထည့်ထားတဲ့ ဓာတ်မြေသြဇာတွေပါ အပင်ထဲကိုရောက်မှာပါ။

ဒါဆို ဓာတ်မြေသြဇာထည့်လိုက်တိုင်း အပင်ကရယူနိုင်ပါ့မလား…….

ဟုတ်ကဲ့ နည်းစနစ်မမှန်ရင်တော့ မရနိုင်ပါဘူး……ဘာလို့လဲဆိုတော့ အပင်ကရေကို ရယူနိုင်ဖှိုဆိုရင် Reverse Osmosis နည်းစနစ်နဲ့ ရယူတာဖြစ်တဲ့ အတွက် အပြင်ကနေ ဖိအား သို့မဟုတ် စွမ်းအားတစ်ခုခုလိုအပ်ပါတယ်.။

ဖြေရှင်းနည်း


စိုက်ပျိုးရေးသမားတိုင်းကြားဖူးနေကြစကားပါဓာတ်မြေသြဇာကျွေးပြီးရင်ရေများများလောင်းရမယ်လို့ပါ။ဟုတ်ပါတယ်……..စောစောကပြောခဲ့သလိုပဲ reverse Osmosis နည်းဖြစ်ဖို့ဆိုရင် အပြင်ကနေ စွမ်းအားတစ်ခုခုပေးမှရမှာပါ။ဒါဆိုသာမန်Osmosis နဲ့ အပင်ကရေရအောင်လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်။ ဘာလိုဖြေရှင်းမလဲဆိုတော့ ရေများများလောင်းပေးပါ ဒါမှသာလျှင် အပြင်ကနေထည့်သွင်းလိုက်တဲ့ရေဟာ အပင်ထဲကိုရောက်ပြီး ထပ်မံထည့်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာတွေပါ အပင်ကရယူနိုင်မှာဖြစ်ပါတယ်။




အကျဉ်းချုပ်

အကျဉ်းချုပ်ရမယ်ဆိုရင် ရေဆိုတာများတာကနေ နည်းတာကို သွားတာပါ။ ဒီတော့ အပင်ထဲမှာ ရေများနေမယ်ဆိုရင် နောက် အပင်ကရေထပ်ယူနိုင်ဖို့ဆိုရင် အပင်ထဲမှာရှိတဲ့ ရေပမာဏထက်များတဲ့ ပမာဏကို လောင်းပေးထည့်ပေးမှသာလျင် အပင်ကရယူနိုင်မှာ ဖြစ်ပါတယ်။
နောက် ဓာတ်မြေသြဇာတွေ ထည့်ပြီးရေလောင်းလိုက်မယ်ဆိုလျင် Osmosis နည်းကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဒါပေမယ့် ထည်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာနဲ့ ရေကို အပင်က ရယူနိုင်ဖို့ဆိုရင် ရေပမာဏများများလောင်းပေးဖို့လိုပါတယ်။

Note

ဒီဆောင်းပါးလေးကတော့ အပင်နဲ့ Osmosis ကို အဓိကထားပြောချင်တာပါ။ အပင်ကိုဓာတ်မြေသြဇာတွေ ထည့်မယ် ရေလောင်းပေးတာနည်းမယ်ဆိုရင် အပင်က ဘာကြောင့် ဓာတ်မြေသြဇာတွေ မစုပ်ယူနိုင်လဲဆိုတာကို အဓိကထား ပညာပေးချင်တာပါ……..

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ………

စာအုပ်အဖြစ်သိမ်းထားလိုပါက Download


EmoticonEmoticon