Showing posts with label Agricultural Business. Show all posts
Showing posts with label Agricultural Business. Show all posts

Friday, April 21, 2017

မှိုမျိုးအလွယ်တကူပွားကြမယ်


အခုဆိုရင်မှိုစိုက်ပျိုးရေးဟာအများအပြားနဲ့စီးပွားဖြစ်လုပ်ဆောင်လာကြသောစိုက်ပျိုးရေးလုပ်ငန်းတစ်

ခု  ဖြစ်လာပါတယ်။ဒါပေမယ့်ဈေးကွက်အတွင်းမှာဆိုရင်မှိုကိုစနစ်တကျနဲ့စီးပွားဖြစ်သာစိုက်ပျိုးထုတ်  

လုပ်ကြမယ်ဆိုရင်အလွန်အရင်းများသောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။နောက်ဈေးကွက်အတွင်း

မှာဆိုရင်မှိုစိုက်ပျိုးထုတ်လုပ်ရေးထက်စာလျှင်မှိုမျိုးပွားထုတ်လုပ်သူတွေဟာဆိုရင်အလွန်ပဲနည်းပါးလှပါ

တယ်။ မှိုမျိုးပွား ထုတ်လုပ်တဲ့လုပ်ငန်းဟာဆိုလျှင် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းထက်စာလျှင် အရင်း

အနှီးလွန်စွာနည်းပါးပြီး Risk နည်းပါးသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်အပေါ်ကအချက်တွေကိုသိရှိပေမယ့်လည်းမျိုးပွားတဲ့နည်းလမ်းကိုသိရှိမှုနည်းပါးခြင့်း နည်း

ပညာအခက်အခဲများကြောင့်မှိုမျိုးပွားတဲ့လုပ်ငန်းကိုလုပ်ကိုင်ကြတဲ့သူများနည်းပါးလျှက်ရှိတာကိုတွေ
ကြရပါတယ်။နောက်မှိုမျိုးအား ကိုယ်တိုင်ကိုယ်ကြ ပွားများစိုက်ပျိုးခြင်းသည် မျိုးအားမှာယူရသည့် ဒုက္ခမှ 

ကင်းဝေးစေပြီး မိမိလိုချင်သောမျိုးအား မှိုတစ်ပွင့်မှစ၍ အလွယ်တကူပွားများယူနိုင်မှာဖြစ်ပါတယ်။   
    
အခုတင်ပြမယ့်နည်းလမ်းကသိပ္ပံနည်းကျမဟုတ်ပေမယ့်သာမာန်အလွယ်တကူပွားများနိုင်မှာဖြစ်ပါ 

ယ်။

ပထမဦးဆုံး လိုအပ်တဲ့ ပစ္စည်းတွေကတော့

(၁) မှိုမျိုး (မိမိပွားမည့် မှိုအပွင့် သက်တမ်းမရင့်ရပါ နုနုနယ်နယ်လဲ မရပါ)
(၂) ဂျုံစေ့ (သို့) ပြောင်းစေ့
(၃) ကဒ်ထူစက္ကူ
(၄) မှိုမျိုးထည့်ရန် ပုလင်းတို့ ရှိရုံမျှဖြင့် အလွယ်တကူ မျိုးပွားနိုင်မှာဖြစ်ပါတယ်။



ပထမဦးဆုံး မျိုးမျိုးပွားရန်အတွက် ဂျုံစေ့ သိုမဟုတ် ပြောင်းစေ ကို မိမိမျိုးထည့်မည့် ပုလင်းအနေအ

ထားအား ခန့်မှန်း ဂျုံစေ့ သို့ပြောင်းစေ့အား ရေတစ်ညစိမ်ရန်လိုအပ်ပါသည်။ ထို့နောက် မရင့်လွ

န်း မနုလွန်းသော မှိုမျိုး၎-၅ ပွင့်ခန့်လိုအပ်ပါသည်။ ထို့နောက် ကဒ်ထူ စက္ကူအား ရေနွေးနှင့် ၁၀ မိနစ် 

ခန့် စိမ်ရပါမည်။ ထို့နောက် ပုံးတစ်ခုအတွင်းတွင် အောက်ခြေတွင် ရေနွေးဖျောထားသော ကဒ်ထူ

အား ဦးစွာထည့် ခြေမွှထားသော မှိုများအား ကဒ်ထူတစ်ထပ် မှိုတစ်ထပ်ဖြင့် ထပ်ထားရပါမည်။ ထို
နောက် ပုံးအား လေလုံစွာထား၂ည ခန့်ထားရပါမည်။

ထိုအချိန်တွင် ဂျုံစေ့ (သို့) ပြောင်စေ့အားေ၇စစ်အောင်ထားခြောက်သွေ့အောင်ပြုလုပ်ရပါမည်။ ထို့

နောက် ပုလင်းအတွင်းသို့ထားရပါမည်။ မှိုမျိုးထည့်ထားသည့် ကာလ ၂ရက်ခန့် အကြာတွင် မှိုမျှင်များ 

စတင်ထွက်ပေါ်လာပြီး ထိုမှိုမျှင်များအား ယူဆောင်ဂျုံစေ့ (သို့) ပြောင်းစေ့ထည့်ထားသော ပုလင်းအ

တွင်းသို့ လောက်စလုံးတစ်လုံးစာခန့်ထည့်ရပါမည်။ မှိုမျှင်များ ပွားများရန်အတွက် အနည်းဆုံး ရက်ပေါင်း

 ၂၀ခန့်လိုအပ်ပါသည်။ ထို့ကြောင့် မှိုမျိုးများ ပြုလုပ်ရောင်းချသူများအနေဖြင့် မိမိ၏ Order နှင့် ချင့်ချိန် မှို

များပွားများရန်လိုအပ်ပါသည်။



























တောင်သူဦးကြီးများ ကြီးပွားတိုးတက်ကြပါစေ…….



                                 စာအုပ်အဖြစ်သိမ်းထားလိုလျှင် Download



Tuesday, April 4, 2017

တရုတ်-မြန်မာကုန်သွယ်ရေးတွင် ယွမ်ငွေ ကျဆင်းမှုအား ကာကွယ်ခြင်းအကြောင်းတစေ့တစောင်း












               ကျွန်တော်ပတမဦးဆုံးပြောချင်တာက ဒီဆောင်းပါးလေးရေးနိုင်တာက ကျွန်တော့်ရဲ့ မတောက်တခေါက်Tradingပညာလေးကြောင့်ရယ်စိုက်ပျိုးရေးကျောင်းသားတစ်ယောက်ဖြစ်နေတာ
ကြောင့်ရယ်ပါ.     ပြီးတော့စာရေးတဲ့အလေ့အကျင့်နည်းနေတာကြောင့်ရယ် မရှင်းလင်းတာများဖြစ်ရင်
ကျွန်တော့်ရဲ့အား    နည်းချက်လို့ပဲနည်းလည်ခွင့်လွတ်ပေးစေချင်ပါတယ်….
             နောက် ဒီ Idea လိုမျိုးကို သင်တန်းတစ်ခုလိုမျိုးသင်ကြားနေတာ တစ်ခုကို တွေ့မိပါတယ်  
ယခုလက်ရှိမြန်မာနိုင်ငံနှင့်ကုန်သွယ်မှုအများဆုံးနိုင်ငံမှာတရုတ်နိုင်ငံဖြစ်ပါတယ်။ ဒုတိယနဲ့တတိယ
ကတော့ဂျပန်နှင့် အိန္ဒိယပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကိုအဓိကအားဖြင့် စပါး၊ဖရဲ၊သရက်နဲ့အခြား
သောစိုက်ပျိုးရေးထွက်ကုန်များတင်ပို့ကြပါတယ်။အဲ့ဒိလိုတင်ပို့ရောင်းချတဲ့အခါမှဆိုရင်ဖြင့်တရုတ်
ယွမ်ငွေရဲ့အခန်းကဟာဆိုရင်အရမ်းအရေးပါလျှက်ရှိပါတယ်။တင်ပို့ရောင်းချကြတဲ့ကုန်သည်
များ၊တောင်သူလယ်သမားများဟာဆိုရင်တရုတ်ယွမ်ငွေကြေးတန်ဖိုးကျဆင်းပါက ရသင့်လောက်
 အမြတ်ပမာဏ အတိုင်းရရှိမှုမရှိပဲအမြတ်ပမာဏနစ်နာလျှက်ရှိပါတယ်။
ယခုဆောင်းပါးမှာဆိုရင်ဖြင့်တရုတ်ယွမ်ငွေကျဆင်းမှုအန္တာရာယ်မှအပြီးအပိုင်ကာကွယ်မှုမပေးနိုင်
သော်လဲအတန်အသင့်ကာကွယ်မှုပေးနိုင်ပါတယ်။နောက်အခုနည်းစနစ်ဟာဆိုရင်ငွေပိုငွေလျှံရှိသူ
တွေနဲ့၊ ပမာဏအများအပြားတင်ပို့ရောင်းချသူတွေအတွက် အလွန်ပဲ ကောင်းမွန်တဲ့ နည်းစနစ်ပဲ
ဖြစ်ပါတယ်။ ကြိုတင် ပန်ကြားအပ်ရမယ်ဆိုရင်ဖြင့် ယခုနည်းစနစ်ဖြင့် လုပ်ဆောင်ခြင်းဖြင့် လုံးဝ အ
ရှုံးကိုကာကွယ်မည်ဟု အာမ မခံပါဘူးခင်ဗျ……အရှုံးပမာဏနည်းသွားမည်သာဖြစ်ပါတယ်ဆိုတာ
ကိုတင်အသိပေး အပ်ပါတယ်။
ကောင်းပြီ ခေါင်းနည်းနည်းစားကြစို့……သရက်သီး သိန်း ၁၀၀ ဖိုးတရုတ်ကို တင်ပို့မယ် ဆိုကြပါ
စို….တရုတ်ကို တင်ပို့မယ်ဆိုရင် အမြတ်က ၂၀% မြတ်မယ်ဆိုကြပါစို့ သိန်း ၂၀ အမြတ် ပေါ့ဗျာ…
ဒါပေမယ့် ပြသနာတစ်ခုက တရုတ်က သရက်သီးကို ၀ယ်ပြီးသွားလို့ ငွေချေရင် မြန်မာငွေနဲ့ ငွေချေ
မယ်ဆိုရင် သိန်း ၁၂၀ ရမယ်ဆိုပေမယ့် ယွမ်ငွေနဲ့ ချေမယ်ဆိုရင် ပြသနာ ရှိပါတယ်……ကိုယ်က မြ
န်မာနိုင်ငံကိုပြန်လို့မြန်မာငွေပြန်လဲတဲ့အခါကျရင်တရုတ်ယွမ်ငွေတန်ဖိုးတတ်နေတယ်ဆိုရင် သိန်း 
၁၂၀ မက ရနိုင်ပေမယ့် ယွမ်ဈေးသာ ၅ ကျပ်လောက်ကျနေမယ်ဆိုရင် သိန်း ၁၂၀ ပြန်မရတော့ပါ
ဘူး သိန်း ၁၁၈ သိန်းလောက်ပဲရတော့မှာပါ…… ၂သိန်းလောက်ရှုံးနေပါပြီ( ဒါတောင် သိန်း ၁၀၀ 
တည်းမို့ပါ …..)

သင်တန်းကြေးက ၅သိန်းပါ…ဒါကြောင့် ဒီစာအုပ်လေးကို ၅သိန်းတန်စာအုပ်လို့မှတ်ယူပြီး နားလည်အောင်ဖတ်စေချင်ပါတယ် ခင်ဗျာ့…


OK…! တွက်ကြည့်ရအောင်……


နယ်စပ်Gateတွေမှာဆိုရင်ငွေလဲကောင်တာတွေရှိပါတယ်….သူတို့မှာတရုတ် ယွမ်ငွေကိုလဲပေးပါ
တယ်….လဲပေးတဲ့နေရာမှာလဲရောင်းဈေး၊၀ယ်ဈေးဆိုတာရှိပါတယ်(နယ်စပ်ရောက်ဖူးတဲ့သူတွေသိ
မှာပါ…JJJ)လောလောဆယ်ပေါက်ဈေးက ၁ယွမ်ကိုမြန်မာငွေ၅၀၅ကျပ်ပေါက်တယ်ဆိုကြပါစို့…အဲ
တာကသူတို့ဝယ်ဈေးပါ..ရောင်းဈေးက ၂ကျပ်ခန့်ခွာထားပါတယ် ၅၀၇ကျပ်လောက်ပေါ့…
Ok…! ဒီကယူသွားတုန်းက သရက်သီ သိန်း ၁၀၀ ဖိုး ယွမ်ငွေနဲ့တွက်ကြည့်မယ်ဆိုရင် (ရောင်းဈေး ၅၀၇နဲ့ ) ၁၉၇၂၃ ယွမ်နဲ့ ညီမျှပါတယ်….ကောင်းပြီ ဟိုက သရက်သီးကို ၀ယ်ပြီးလို့ငွေချေပြီ ၂၀%       မြတ်မယ်တယ်ဆိုကြပါစို့ ………စုစုပေါင်း ၂၃၆၆၈ ယွမ်ပြန်ရပါ့မယ်….အဲ့အထိပြသနာမရှိသေးပါဘူး ပြသနာက ငွေလဲကာင်တာမှာပါ တကယ်လို့ ကိုယ်မြန်မာငွေပြန်လဲတဲ့ အချိန်မှာ ယွမ်ဈေးတတ်နေရင်တော့ ဘာမှမဖြစ်ပေမယ့် ….. ယွမ်ဈေးကျနေမယ်ဆိုရင် သိန်း ၁၂၀ ဖိုးမရတော့ပါဘူး( ၅ကျပ်ေ၏လောက်ပဲကျကြည့်ပါ…)
Ok….!ယွမ်ဈေး ၅ကျပ်လောက်ဈေးကျနေပြီဆိုရင် သူတို့ဝယ်ဈေးက ၅၀၂ နဲ့ ၀ယ်မှာမဟုတ်ပါဘူး ၅၀၀ 
နဲ့ပဲဝယ်တော့မှာပါ ဘာလို့လဲဆိုတော့ ရောင်းဈေး၊ ၀ယ်ဈေးရှိလို့ပါ အပေါ်မှာ ပြောခဲ့တာက သူ
တို့ ရောင်းဈေးပါ အခု မြန်မာငွေလဲတဲ့ အချိန်မှာယွမ်ဈေးလဲ၅ကျပ်လောက်ကျနေတယ်ဈေးလဲ၂ကျ
ပ်လောက်ခွာထားတယ်ဆိုတော့ သူတို့ ၀ယ်ဈေးက ၅၀၀ ပါ…..ကောင်းပြီ မြန်မာငွေလဲပြီ ယွမ် 
၂၃၆၆၈ ကို ၅၀၀ နဲ့ မြှောက်ရင် ၁၁၈၃၄၀၀၀ ပဲရပါတယ် သိန်း ၁၂၀ အပြည့် မရဘူး ၂သိန်းနစ်နာ
ပါတယ်…သိန်း ၁၀၀ ဖိုးပဲ ကုန်သွယ်လို့ပါ ထောင်နဲ့ သောင်းနဲ့သာဆို မလွယ်ပါဘူး….
 ကောင်းပြီး….အခုလောက်ဆို့ကာကွယ်ဖို့နည်းလမ်းရှာကြည့်ကြပါစို့….
ကျွန်တော်တို့ForexTradingသာမကBankလုပ်ငန်းတွေအကြီးစားငွေကြေးလဲလှယ်တဲ့လုပ်ငန်းတွေမှာ
သုံးလေ့သုံးထရှိတဲ့ Locked ခတ်တဲ့နည်း(သို့) Hedge လို့ခေါ်တဲ့ နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးခြင်းပါတယ်။Locked (သို့) Hedge ဆိုတာက ငွေကြေးတစ်ခုတည်းသာမဟုတ်ပဲငွေကြေးနှစ်ခု၊သုံးခုကိုဝယ်ထားခြင်းဖြစ်ပါတယ်။သူ့သဘောတရားကတော့ Zero Sum လို့ပဲ အကြမ်းဖျင်းသိထားရင် ရပါတယ်။     စောစောကပြောခဲ့သလို ယွမ်ငွေကိုလဲလိုက်လို့ ရှုံးနေပေမယ့် တစ်ဖက်က Thai ဘတ်ငွေကို ၀ယ်ထားမယ် ဘတ်ငွေလဲ ဈေးတတ်မယ်ဆိုရင် ဘတ်ငွေလဲလိုက်တဲ့ငွေက မြတ်ပါတယ် ဒါဆို ယွမ်ငွေမှာ ရှုံးပေမယ့်   ဘတ်ငွေမှာမြတ်ပါတယ် ဒါကြောင့်အရှုံးနည်းသွားတဲ့သဘောပါ(ဒါကဥပမာ အနေနဲ့ပေးတာပါ…)။ 
Locked (သို့) Hedge သဘောတရားမှာ ငွေကြေးနှစ်ခု ၊သုံးခုကိုဝယ်ထားတတ်ပြီးငွေကြေးတန်ဖိုးအတတ်နဲ့အကျဆန်ကျင့်ဘတ်ဖြစ်နေဖို့လိုပါတယ်။ဒါကအကြမ်းလောက်သိထားရင်ရပါတယ်…..



ဒီဇယားကတော့ ၂၀၁၆ မေလကနေ ၂၀၁၇ မတ်လ အတွင်း တရုတ်ယွမ်ငွေရဲ့တန်ဖိုးပါ ဆက်တိုက်ကျဆင်းလာတဲ့ ဇယားပါ…


ဒီဇယားကတော့ ၂၀၁၆ မေလကနေ ၂၀၁၇ မတ်လ အတွင်း ဒေါ်လာငွေရဲ့တန်ဖိုးပါ ဆက်တိုက်တတ်လာတဲ့ ဇယားပါ…


ဒီဇယားကို ကြည့်ပြီးတော့ စာဖတ်သူအနေနဲ့ အတွေးတစ်ခုခုရလာလိမ့်မယ်လို့ ထင်မြင်မိပါတယ်….
ဒီဇယားတဲ့ကအတိုင်းဆိုရင်တရုတ်ကိုကုန်သွယ်တဲ့ကုန်သည်တွေ၊တောင်သူလယ်သ မားတွေအနေနဲ့ အမြတ်နည်းနည်းနဲ့ ရောင်းဝယ်ရမယ်လို့ထင်မြင်မိပါတယ်….ဒါကလဲ တရုတ်ရဲ့ ပစ္စည်းတန်ဖိုးအပေါ် တန်ဖိုးလျှော့ဝယ်ထားတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငွေလဲကောင်တာမှာတော့ ယွမ်ဈေးနဲနဲ နှင့် လဲရမှာဖြစ်ပြီးတော့ အမြတ်နည်းမှာဖြစ်ပါတယ်….

နောက်ဇယားတစ်ခုကိုကြည့်မယ်ဆိုရင်ဒေါ်လာနဲ့မြန်မာငွေပါဆက်တိုက်တတ်လာပါ တယ်…သဘောကတော့ဒေါ်လာဝယ်ထားတဲ့ကုန်သည်တစ်ယောက်အနေနဲ့ဆိုရင်အ မြတ်များမှာသေချာပါတယ်….  ကိုယ့်ကုန်ပစ္စည်းကိုသာဒေါ်လာနဲ့ရောင်းချရမယ်သာဆိုရင်ကုန်ပစ္စည်းအမြတ်တင်သာမကငွေကြေးလဲလှယ်တဲ့နေရာမှာလဲအမြတ်ရမှာသေချာပါတယ်……

နောက်ငွေဈေးအတတ်အကျသဘောတရားတစ်ခုရှိပါတယ်…..တရုတ်ယွမ်ငွေသာ ကျမယ်ဆိုရင် ဒေါ်လာတန်ဖိုးဟာ တတ်လာပါတယ်…..ဒါဟာ အမြဲတမ်းမမှန်ပေမယ့် ၁၀၀မှာ ၈၅% လောက်မှန်ပါတယ်….

အစကိုပြန်သွားကြစို့…..အပေါ်မှာသရက်သီးသိန်း ၁၀၀ ဖိုး တရုတ်မှာသွားဝယ်တုန်းက ၂သိန်းရှုံးပါတ
ယ်( ငွေလဲတုန်းကပါ..ကုန်ပစ္စည်းကြောင့်ရှုံးတာမဟုတ်ပါဘူး)….ဒါကလဲ တရုတ်ယွမ်ငွေဈေး ၅ကျပ်ခန့် ကျသွားလို့ပါ…..အဲ့ဒိ အချိန်မှာ ဒေါ်လာဈေးက ၁ဝကျပ်ခန့် တတ်လေ့ရှိပါတယ်…( ယွမ်ဈေး ၅ကျပ်ကျရင် ဒေါ်လာဈေး ၁၀ကျပ်ခန့်တတ်ပါတယ်)

ဒါကြောင့် စဉ်းစားကြည့်ကြပါစို့ ……ဒေါ်လာငွေကို လဲလှယ်တဲ့ နေရာမှာလဲ ရောင်းဈေးဝယ်ဈေးဆိုတာ ရှိပါတယ်….၀ယ်ဈေး ၁၂၅၀ ဆိုရင် ရောင်းဈေးက ၁၃၅၅ ကျပ်ပါ….ဆိုတော့ သိန်း ၁၀၀ ဖိုး ဒေါ်လာလဲထားမယ်ဆိုရင် ရောင်းဈေး ၁၃၅၅ နဲ့ ၇၃၈၀ ဒေါ်လာရမှာဖြစ်ပါတယ် ……အဲ့အချိန်မှာ ယွမ်ငွေ ၅ ကျပ်ကျတယ် ဒေါ်လာ ၁၀ ကျပ်တတ်သွားပါတယ် ……ရောင်းဈေးဝယ်ဈေး ဈေးခွာထားတဲ့ သဘောအရ ၅ကျပ်ပြန်နှုတ်ထားရင် ကိုယ်ပြန်ပြီး ဒေါ်လာကို ပြန်လဲတဲ့ အခါမှာ ၁၃၆၀ နဲ့ ပြန်ရောင်းရမှာပါ အဲ့အခါက မြန်မာငွေ သိန်း ၁၀၀ နဲ့ ၃၇၀၀၀ ကျပ်ပြန်ရမှာပါ…. ၃၇၀၀၀ အမြတ်လို့ပြောလို့ရပါတယ်….ဒါပေမယ့် အမြတ်နဲ့ အရှုံးက မမျှသေးပါဘူး …ယွမ်ငွေတုန်းက၂သိန်တောင်ရှုံထားတာအခုက၃၇၀၀၀ပဲမြတ်သေးတာဆိုတော့…ဒေါ်လာမှာ ၂သိန်းမြတ်အောင်ဆို ဒေါ်လာကို သိန်း ၅၀၀ ဖိုးလောက်လဲလှယ်မှ ၂သိန်းမြတ်မှာပါ….ဆိုတော့ အရှုံးကို ကာမိပါတယ်….ဒီသဘောတရားပါ
အနှစ်ချုပ်ကိုပြောရမယ်ဆိုရင်…….

(၁)တရုတ်ကို ကုန်သွယ်သွားတဲ့ အချိန်မှာဆိုရင် ဒေါ်လာကို ၀ယ်ထားရမှာဖြစ်ပါတယ် ယွမ်ငွေဈေးကျရင် ဒေါ်လာဈေးတတ်မှာဖြစ်လို့ပါ
(၂)ဒေါ်လာဝယ်ထားတဲ့ ပမာဏက တရုတ်ကိုတင်ပို့တဲ့ ပစ္စည်းရဲ့ တန်ဖိုးထက် ၅ဆ ဖြစ်ရမှာဖြစ်ပါတယ်…..ဒါမှ ယွမ်ငွေ လဲတဲ့ အရှုံးကို ဒေါ်လာဈေးတတ်တာနဲ့ ပြန်လည်ချေပနိုင်မှာဖြစ်ပါတယ်
မကောင်းတဲ့အချက်တွေကတော့….
(၁) ငွေပမာဏ အရမ်းများမှာဖြစ်ပါတယ်…..( USD နဲ့ MMK ကို Leverage ပေးပြီးTrade လို့ရတဲ့ ပွဲစားတွေတော့ရှိပါတယ် ဒါပေမယ့်လိုအပ်မှဆက်သွယ်ပေးပါခင်ဗျ့…. JJJ)
(၂) အခုနည်းက ငွေဈေး လှုပ်ခတ်မှု အရမ်းများမှ အဆင်ပြေပါတယ်…နေချင်းပြန်တဲ့ ကုန်သည်များအတွက် မလိုအပ်ပေမယ့် လနဲ့ချီ နှစ်နဲ့ ချီ ကုန်သွယ်ကြမယ့် ကုန်သည်တွေ အတွက် အကျိုးများစေပါ တယ်(၃) နောက် နေချင်းပြန်ကြတဲ့ ကုန်သည်တွေအနေနဲ့ မလုပ်လဲရပါတယ်…ပြီးတော့ နောက်ဆုံး ငွေဈေးက တတ်လဲမတတ် ကျလဲ မကျဘူးဆိုရင်တော့ ရောင်းဈေး ၀ယ်ဈေး ဈေးခွာထားတဲ့ သဘောတရားအရ ငွေအနည်းငယ်ရှုံးပါ့မယ်… 
ဒီဆောင်းပါးလးကို စာဖတ်သူအနေနဲ့ ကိုယ်ပိုင် Thinking လေးတွေးစေချင်ပါတယ်…
နောက် မရှင်းလင်းသည့် အချက်များ ၊ တိုင်ပင်ဆွေးနွေးလိုပါက ကျွန်တော်၏ Facebook Page Chat Boxကို  လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်….တောင်သူဦးကြီးများ ၀င်ငွေတိုးပွားကြီးပွားချမ်းသာကြပါစေ…….ကျေးဇူးတင်ပါတယ်


ကျွန်တော့ရဲ့ FB Page ပါ https://m.facebook.com/mmpddf


                               
                    စာအုပ်အဖြစ်သိမ်းထားလိုလျှင် Download

Sunday, March 19, 2017

စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်နွယ်၍ လုပ်ကိုင်နိုင်သော အသေးစားစီးပွားရေးလုပ်ငန်း ၈မျိုး

သစ်သီးအခြောက်ခံလုပ်ငန်း
           


    တစ်နည်းအားဖြင့်သစ်သီးအခြောက်ခံလုပ်ငန်းသည်အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နိုင်ပြီး အရင်းအနှီးနည်းပါးသော လုပ်ငန်းတစ်ခုဖြစ်သည်။ မိမိစိုက်ပျိုးထားသော ခြံအတွင်းစိုက်ပျိုးထားသော သစ်သီးများအပြင် ဟင်းသီးဟင်းရွက်များအား အခြောက်ခံ၍ ထုပ်ပိုးကာ ရောင်းချခြင်းပင်ဖြစ်ပါသည်။ ထို့ပြင် သစ်သီးအခြောက်ခံသည့် လုပ်ငန်းအပြင် ယို ပြုလုပ်ရောင်းချသည့် လုပ်ငန်းများပါတွဲဖက်လုပ်ဆောင်နိုင်ပါသည်။ လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းများအား မိမိ စိုက်ခင်းအတွင်းမှ ရယူနိုင်သလို တခြားနေရာမှလဲ ရယူနိုင်ပါသည်။

ငါးမွေးမြူရေး


အခုနောက်ပိုင်းတွင် ခေတ်စားလာသော လုပ်ငန်းတစ်ခုဖြစ်ပြီး အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုဖြစ်သည်။ငါးမွေးမြူရေးလုပ်ငန်းသည်မြေဧကနည်းနည်းနှင့်မွေးမြူနိုင်သော် လည်း အရင်းအနှီး ထိုက်သင့်သမျှ ကုန်ကျမှုရှိပါသည်။ ဈေးကွက်ဝယ်လိုအား ကောင်းပါက လုပ်ကိုင်သင့်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။


ဇီဝလောင်စာထုတ်လုပ်သောလုပ်ငန်း

ဇီဝလောင်စာထုတ်လုပ်သောလုပ်ငန်းသည်မြန်မာနိုင်ငံတွင်       တွင်ကျယ်မှုမရှိေ သးသော်လဲ၎င်း၏လောင်စာမှုရရှိသောဘေးထွက်လုပ်ငန်းများဖြင့်အသေးစားလုပ်ငန်းများလုပ်ဆောင်နိုင်ပါသည်။ ဇီဝလောင်စာဆိုသည်မှာ စိုက်ပျိုးရေးလုပ်ငန်းမှရရှိသော ဘေးထွက် ပစ္စည်းများ( ကောက်ရိုး ၊ ပဲမှော်များ၊ မြက်များ ၊ အခြားသော အပင်အကြွင်းအကျန်များ) အား ဇီဝနည်းဖြင့် လောင်စာထုတ်ယူခြင်းပင်ဖြစ်သည်။ ၄င်းမှရရှိသော လောင်စာသည် ထမင်းဟင်းချက်ရာတွင် လည်းကောင်း၊ စက်ပစ္စည်းများ လည်ပတ်ရာတွင် လည်းကောင်းအသုံးပြုနိုင်ပါသည်။ ထိုလောင်စာအား အသုံးပြုစက်များလည်ပတ်ကာ လျှပ်စစ်ဓာတ်ထုတ်ယူနိုင်ပြီး လျှပ်စစ်မီးမရရှိသော ဒေသများတွင် အခကြေးငွေဖြင့် လုပ်ငန်းအသေးစားပြုလုပ်နိုင်ပါသည်။


ကြက်၊၀က် မွေးမြူရေးလုပ်ငန်း


   ယခင်က လယ်သမားများသည် မိမိတို့ အိမ်၊လယ်ကွင်း တစ်နိုင်တစ်ပိုင် ၀က်များ ၊ကြက်များအားမွေးမြူလေ့ရှိပါသည်။ယခုအခါတွင်မူ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းသာလျှင် အသားပေးလုပ်ဆောင်လာကြပါသည်။ ထိုသို့ ၀က်များ၊ကြက်များမွေးမြူခြင်းဖြင့် မိမိတို့၏ စားဝတ်နေရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ၀င်ငွေရရှိနိုင်သော အသေးစားလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။


ကိုင်းကူးကိုင်းဆက်

ဤလုပ်ငန်းသည်တောင်သူလယ်သမားအများစုမလုပ်ကိုင်နိုင်သော်လည်းလုပ်ကိုင်မည်ဆိုပါက လေ့လာသင်ယူရမည့်အချိန်များစွာကုန်မည်မဟုတ်ပေ။မိမိပတ်ဝန်းကျင်ရှိ လူအသုံးများသော အပင်များ၊ အလှပန်းမန်များအား ကိုင်းကူးခြင်း၊ ကိုင်းဆက်ခြင်း(ဥပမာ သရက်) ဖြင့် အသေးစားလုပ်ငန်းများလုပ်ဆောင်နိုင်ပါသည်။အရင်းအနှီးများစွာကုန်ကျမှုများစွိာုအပ်မှုမရှိဘဲနှင့်အကျိုးအမြတ်များစွာရရှိနိုင်ပါသည်။ ကိုင်းကူးကိုင်းဆက် လုပ်ငန်းများအပြင် ဘွန်ဆိုင်းကဲ့သို့သော အတတ်ပညာများတတ်ရောက်ပါက အကျိုးများ၍ ၀င်ငွေကောင်းသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။


မှိုစိုက်ပျိုးရေး








 ယနေ့မျက်မှောက်တွင်လုပ်ကိုင်မှုများသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ဈေးကွက်ဝယ်လိုအားမြင့်တတ်မှုကောင်း၍ရေရှည်လုပ်ကိုင်နိုင်သောလုပ်ငန်းတစ်ခုဖြစ်ပါသည်။မှိုစိုက်ပျိုးထုတ်လုပ်မှုသည် မိမိ၏ ထုတ်လုပ်ချင်သော ပမာဏအားလိုက်၍ ကုန်ကျစရိတ်မြင့်မားနိုင်ပါသည်။ မှိုများစိုက်ပျိုးရာတွင်ထုတ်လုပ်သောမှိုအမျိုးအစားအားလိုက်၍ကုန်ကျစရိတ်ကွာဟမှုများရှိနိုင်ပြီးမိမိတင်ပို့ေ၇ာင်းချမည့်နေရာ၊ဒေသ၏စားသုံးမှုမျာူသော၊၀ယ်လိုအားမြင့်သောမှိုများအားစိုက်ပျိုးထုတ်လုပ်သင့်ပါသည်။ဥပမာငွေနှင်းမှိုသည်ဟော်တယ်များ၊စားသောက်ဆိုင်များမှ ၀ယ်ယူသုံးစွဲမှုများသော်လည်း အချို့သော ဒေသများတွင် စားသုံးသော ပမာဏလွန်စာ နည်းပးသည်ကိုတွေ့ရပါသည်(မင်းတို့မှိုကအဆိပ်များဖြစ်နေမလားကွာလို့တောင်အပြောခံရ)။ ထိုကြောင့် မိမိဒေသ တင်ပို့မည့်နေရာ၏ ၀ယ်လိုအား ၊ စားသုံးသည့် အမျိုးအစားအား ထည့်သွင်းစဉ်းစားသင့်ပေသည်။


မြေဆွေးပြုလုပ်ရောင်းချခြင်း


စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်မြေဆွေးဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မြေဆွေးတွေပြုလုပ် ရောင်းချမယ်ဆိုရင် Organic စိုက်ပျိုးရေးခြံများ ၊ အကြီးစားစိုက်ပျိုးရေးခြံများ၊ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးခြံများအား ရာင်းချနိုင်မှာဖြစ်ပါတယ်။ မြေဆွေးပြုလုပ်ရောင်းချဖို့ဆိုရင် မိမိရောင်းချမည့်နေရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အများအပြားရှိရင်ပိုမိုရောင်းကားကောင်းမွန်နိုင်ပါတယ်။ထိုပြင့် မြေဆွေးများပြုလုပ်ရာတွင်လဲ စိုက်ပျိုးရေးလုပ်ငန်းမှရရှိသောဘေးထွက်ပစ္စည်းများအားအသုံးပြုပြုလုပ်ရောင်းချနိုင်သောကြောင့် အရင်းအနှီးကုန်ကျမှုနည်းပါးလှပါသည်။


ပိုးသတ်ဆေးများပြုလုပ်ရောင်းချခြင်း



                 ပိုးသတ်ဆေးလို့ပြောလို့ဓာတုပိုးသတ်ဆေးရောင်းချတာကို မျက်စိထဲပြေးမမြင်မိပါစေနဲ့။ကျွန်တော်ပြောတဲ့ပိုးသတ်ဆေးဆိုတာသဘာဝနည်းနဲ့ထုတ်လုပ်ထားတဲ့ပိုးသတ်ဆေးများအားရောင်းချခြင်းကိုဆိုလိုပါတယ်။သဘာဝပိုးသတ်ဆေးများဖြစ်တဲ့ဝါးပေါင်းခံရည်၊တမာပိုးသတ်ဆေး၊ဆေးရွက်ကြီးပိုးသတ်ဆေး၊Bioagentပိုးသတ်ဆေးအစရှိတဲ့ပိုးသတ်ဆေးများအားထုတ်လုပ်ရောင်းချခြင်းသည်အကျိုးအမြတ်များသောလုပ်ငန်းတစ်ခုဖြစ်ပါတယ်။သဘာဝပိုးသတ်ဆေးများအားရောင်းချခြင်းသည်သာမာန်စိုက်ပျိုးထုတ်လုပ်သူများဝယ်ယူသုံးစွဲမှုနည်းပါးနိုင်သော်လည်း  Organic Farming စိုက်ခင်းများ အတွက် လွန်စွာ အသုံးဝင်လှသောကြောင့်အကျိုးအမြတ်များနိုင်ပါသည်။ထို့ပြင်မြန်မာနိုင်ငံတွင်အခုနောက်ပိုင်းဓာတုလွတ်စိုက်ခင်းများတိုးချဲ့စိုက်ပျိုးလာကြသောကြောင့်သဘာဝပိုးသတ်ဆေးများလိုအပ်မှုပိုမိုမြင့်မားလာပါသည်။သို့သော်သဘာဝပိုးသတ်ဆေးထ်ုလုပ်ရောင်းချခြင်းသည်လုပ်ငန်းကျွမ်းကျင်မှု၊သဘာဝပိုးသတ်ဆေးထုတ်လုပ်ခြင်းအတတ်ပညာ ကဲ့သို့သော ကန့်သတ်ချက်များစွာ ရှိပါသည်။ သို့သော် အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။



                            Pdf စာအုပ်အနေဖြင့်  Download လုပ်ရန်