Friday, June 22, 2018

မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း

Tags


မျိုးစေ့စိုက်ပျိုးရန်ရည်ရွယ်ထုတ်လုပ်ပြီး မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းနှုန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလမျိုးရိုးဗီဇ၊ ရုပ်သွင်ပြင်များ ထပ်တူထပ်မျှရရှိအောင် စနစ်တကျထိန်းသိမ်းထုတ်လုပ်ရရှိသော မျိုးစေ့ဖြစ်ပါသည်။




သီးနှံစေ့(Grain)
စားသုံးရန် ဦးတည်၍ တောင်သူများ မိရိုးဖလာနည်းဖြင့် မိမိလယ်မှထွက်သော သီးနှံကို အသုံးပြုပြီး သားဆက်ပေါင်းများ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းဖြင့် ရရှိလာသော ဗီဇအရည်အသွေးညံ့ဖျင်းသည့် သီးနှံစေ့ (မျိုးဆန်) ဖြစ်ပါသည်။

မျိုးကောင်းမျိုးသန့် မျိုးစေ့၏ အရည်အချင်းလက္ခဏာများ
၁။ အထွက်နှုန်းကောင်းမွန်ခြင်း၊
၂။ စားသုံးမှု အရည်အသွေး၊ အဆင့်အတန်းမြင့်မားခြင်း၊
၃။ အသက်လျင်ခြင်း၊
၎။ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊
၅။ နေရာဒေသမရွေး ဖြစ်ထွန်းအောင်မြင်ခြင်း၊
၆။ ဓာတ်မြေသြဇာ တုံ့ပြန်မှုအားကောင်းခြင်း၊

မျိုးသန့်
၁။ မျိုးရိုးဗီဇမှန်ကန်ခြင်း၊
၂။ အပင်ပေါက်နှုန်းကောင်းခြင်း၊
၃။ မျိုးစေ့စွမ်းအားဖြင့်ပြည့်စုံခြင်း၊
၎။ မျိုးစေ့အရွယ်အစားညီညာခြင်း၊
၅။ ကောင်းစွာရင့်မှည့်ခြောက်သွေ့ခြင်း၊
၆။ ပေါင်းစေ့နှင့်အခြားအစေ့များ ကင်းစင်ခြင်း၊
၇။ အဖျင်းအမှော်၊ ဖုန်၊ ခဲ၊ သဲကင်းစင်ခြင်း၊
၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း၊
၉။ ပိုးမွှားဖျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာကင်းစင်ခြင်း၊
၁၀။ သီးနှံအလိုက် ထူးခြားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း။

အရည်အသွေးကောင်း မျိုးစေ့စိုက်ပျိုးခြင်း ဖြင့် ရရှိသော အကျိုးကျေးဇူးများ

၁။ ပျိုးပင်သန်စွမ်းခြင်း၊
၂။ အပင်ကြီးထွားမှုမြန်ဆန်ခြင်း၊
၃။ ပေါင်းမြက်ကင်းစင်ခြင်း၊
၎။ ပိုးမွှားရောဂါကင်းစင်ခြင်း၊
၅။ ရင့်မှည့်မှု ညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း၊
၆။ အခြားမျိုးကွဲများမပါဝင်ခြင်း၊
၇။ သီးနှံအထွက်နှုန်းကို(၁၀-၂၀)% ပိုမိုထွက်ရှိနိုင်ခြင်း၊ 
၈။ သီးနှံအရွယ်အစား ဖွံ့ဖြိုးမှုညီညာ၍ ဈေးကွက်တွင် လက်ခံမှု အားကောင်းခြင်း၊

မျိုးသန့်မျိုးစေ့ ရရန်အတွက်လုပ်ငန်းများ
၁။ သီးနှံမျိုးစေ့များကို အဆင့်ဆင့်ပွားများထုတ်လုပ်ခြင်း၊ (Seed Production) နှင့်
၂။ အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်း(Quality Control) များဖြစ်ပါသည်။



မျိုးစေ့များကို အဆင့်ဆင့် ပွားများထုတ်လုပ်ခြင်း

၁။ မိဘမျိုးစေ့(Breeder Seed)
၂။ ဆင့်ပွားမျိုးစေ့(Foundation Seed)
၃။ မျိုးသန့်မျိုးပွားမျိုးစေ့(Registered Seed)
၎။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့(Certified Seed)
အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများ

၁။ ကွင်းဆင်းစစ်ဆေးခြင်း၊
၂။ မျိုးစေ့ နမူနာယူခြင်း၊
၃။ မျိုးစေ့ရည်အသွေး စစ်ဆေးခြင်း၊
၎။ မျိုးစေ့ ထောက်ခံချက်ပေးခြင်း၊

ကွင်းဆင်းစစ်ဆေးခြင်း

မျိုးသန့်စိုက်ခင်းတွင် မျိုးကွဲပင်များ၊ ရောဂါကျနေသည့်အပင်များ၊ မျိုးသန့်မှုကို အနှောက်အယှက်ပေးသော ပေါင်းပင်များ ရှိ|မရှိကို အောက်ပါအချိန်ကာလများတွင် ကွင်းဆင်းစစ်ဆေးရပါမည်။
၁။ ပင်ပွားစုံချိန်
၂။ ၅၀%ပန်းပွင့်ချိန်၊
၃။ မရိတ်သိမ်းမှီ ရင့်မှည့်ချိန်၊
မျိုးသန့်စိုက်ခင်းတွင် စိုက်ပျိုးထားသည့် သီးနှံပင်နှင့် အခြားမျိုးရောနိုင်သည့် သီးနှံပင်တို့ အကွာအဝေး (Isolation Distance) အားသီးနှံအလိုက် ၊ မျိုးပွားအဆင့်ဆင့်အလိုက် သတ်မှတ်ထားပါသည်။ စပါးအတွက် (၁၀)ပေဖြစ်ပါသည်
မျိုးကွဲအပင်များကို ပင်ပွား စုံချိန်တွင်တွေ့ရှိပါက အမြစ်ပါအောင်ဆွဲနှုတ်ပါ။
ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်တို့တွင် တွေ့ရပါကတံစဉ်ဖြင့် ရိတ်ဖြတ်ပါ။
ပန်းပွင့်ချိန်တွင် မျိုးကွဲအပင်များ ခွဲခြားရန် အလွယ်ကူဆုံးဖြစ်၍ အထူးအလေးပေးဆောင်ရွက်ပါ။ 

Aung Aung (23,1,2017) 

Crd တိုင်းမျိုးစေ့ ဌာနခွဲ ၊ မန္တလေး တိုင်းဒေသကြီး။

This Is The Newest Post


EmoticonEmoticon