Tuesday, January 2, 2018

နှင်းခါးရိုက်ခြင်းကို ကာကွယ်နည်း

Tags












နှင်းခါးရိုက်ခြင်းဆိုသည်မှာ ဘာလဲ
            နှင်းခါးကျရောက်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်လေထု အစိုဓာတ်များ အေးခဲလာခြင်း ကြောင့်သစ်ပင်များ၊သစ်ရွက်များ နှင့်မြေမျက်နှာပြင်များပေါ်တွင်  သေးငယ်သော အဖြူရောင် ​ရေခဲတုံးများ ကျရောက်ခြင်းကို ဖြစ်သည်။ နှင်းခါးကျခြင်းတွင် ယခုကဲ့သို့ ကျခြင်းကို အဖြူရောင် နှင်းခါးကျခြင်းဟု ခေါ်သည်။ အမည်းရောင် နှင်းခါးရိုက်ခြင်းလည်း ရှိသည်။ ထိုသို့ အနက်ရောင်ကျရာက်ခြင်းမှာ လေထု၏ အောက်ဆုံးအလွှာသည် အလွန်ခြောက်သွေ့လွန်းသော ကြောင့်ဖြစ်သည်။အဖြူရောင် နှင်းခါးကျရောက်ခြင်းကဲ့သို့ ရေခဲအမှုန်များကို မတွေ့ရပေ။ သို့သော် ထိခိုက်မှုသည် အဖြူရောင်နှင်းခါးကျရောက်ခြင်းနှင့် အတူတူဖြစ်သည်။ အအေးပိုင်းနှင့် သမပိုင်းရာသီဥတု ရှိသော နေရာများတွင် နှင်းခါးကျရောက်မှု ပြဿနာသည်  စိုက်ပျိုးထုတ်လုပ်မှုတွင် အလွန်ထိခိုက် သည်။


နှင်းခါးရိုက်ခြင်းသည် အပင်များကို မည်သို့ ထိခိုက်သလဲ။

         အစိမ်းရောင် အပင်များတွင် ရေများစွာ ပါဝင်သည်။ပတ်ဝန်းကျင် လေထု အေးခဲလာောအခါ ထိုအပင်အတွင်းရှိ ရေများလည်း အေးခဲလာပြီး ဆဲလ်နံရံများမှ ကွာကျလာသည်။ ထို့ကြောင့် အစာအဟာရများ သယ်ယူပို့ဆောင်ရေတွင် အားနည်းလာသည်။ ထိုသို့ဖြစ်ခြင်း  ကြောင့် အပင်များတွင် မီးလောင်ထားသကဲ့သို့ ဖြစ်သွာသည်။
နှင်းခါးရိုက်ခြင်းကို ဘယ်လိုကာကွယ်ထိန်းချုပ်မလဲ
           နှင်းခါးရိုက်ခြင်းကို သွယ်ဝိုက်၍ ကာကွယ်နည်းဖြင့် ကာကွယ်နိုင်သကဲ့သို့ တိုက်ရိုက် ကာကွယ်နည်းဖြင့်လည်း ကာကွယ်နိုင်သည်။

သွယ်ဝိုက်၍ ကာကွယ်နည်းတွင်-
(က) သင့်လျှော်သော  မြေနေရာရွှေးချယ်ခြင်း
 

          
 သစ်ခွပင်များ စိုက်ပျိုးရာတွင် နှင်းခါဒဏ်ကို ခံနိုင်ရန်အတွက် အရေးကြီးဆုံးအချက်မှာ သင့်လျှော်သော မြေနေရာရွှေးချယ်ခြင်း ဖြစ်သည်။အလွန်အေးသော ခြံနေရာတွင် အေးသောလေများ ဖြတ်သန်းစေခြင်း (သို့မဟုတ်) ခြံစည်းရိုးကာခြင်းများ ပြုလုပ်ခြင်းသည်  နှင်းခါးရိုက်ဒဏ်ခံရမှုကို လျှော့ကျစေသည်။မိမိစိုက်ပျိုးမည့် နေရာရှိ သစ်ပင်ကြီးများကို လေဝင် လေထွက်ကောင်းစေရန် ကိုင်းခုတ်ခြင်း၊ခုတ်လဲခြင်းများ ပြုလုပ်၍လည်း နှင်းခါးရိုက်မှုဒဏ်ကို လျှော့နည်းစေသည်။နှင်းခါးရိုက်ဒဏ်မခံနိုင်သော အပင်များကို အပူချိန် (၂)မှ (၄)ဒီ၈ရီ စင်တီ ၈ရိတ်ရနိုင်သော တောင်စောင်းနေရာများတွင် စိုက်ပျိုးနိုင်သသည်။

(ခ)စိုက်ချိန်ကို ချိန်ညှိခြင်း
            အပင်များသည် ပန်းပွင့်ချိန်နှင့် အစေ့အဆံတည်ချိန်တွင် နှင်းခါးရိုက်သည့် ဒဏ်ကို ခံနိုင်ရည် နည်းသည်။ ထို့ကြောင့် နှင်းခါးကျချိန်ကို အပင်၏ ထိုအဆင့်တွင် ကျရောက်မှု မရှိ အောင် ချိန်ညှိစိုက်ပျိုးခြင်းဖြင့် နှင်းခါးရိုက်မှုဒဏ်ကို ကာကွယ်နိုင်သည်။

(*) မြေထဲတွင် အပူသိုလှောင်ခြင်း (သို့မဟုတ်) အပင်ခြေတွင် ပေါင်းရှင်းပေးခြင်း
          သစ်ခွပင်စိုက်ပျိုးရာတွင် မြေကြီးကို မြက်များနှင့် ဖုံးထားခြင်းသည် အပင်ရင်း မြေကြီးကို ပေါင်းရှင်းထားခြင်းထက် ပို၍ နှင်းခါးဒဏ်ကို ခံစားရသည်။ အကြောင်းမူကား အပင်ခြေသို့ ကျရောက်လာသော နေရောင်ခြည် အပူစွမ်းအင်သည် ပေါင်းရှင်းထားသော မြေတွင်နေ့အခါ အပင်ခြေ မြေကြီးအတွင်းသို့ ကျရောက်ပြီး အပူများ သိုလှောင်ထားသကဲ့သို့ ဖြစ်သွားသည်။ ညအခါ မြေကြီးအတွင်းရှိ ထိုအပူများသည် ပြန်ထွက်လာပြီး အပင်အနီးရှိ အောက်ဆုံးလေထုအလွှာကို နွေးစေသည်။ ဤသို့ဖြင့် ပေါင်းရှင်းပေးခြင်းဖြင့်လည်း နှင်းခါးရိုက် ဒဏ် ခံရမှုကို လျှော့နည်းစေသည်။

(ဃ) ဓာတုပစ္စည်းများ သုံး၍ ကာကွယ်ခြင်း
          အပင်တစ်သျှူးများ အေးခဲမှုကို ကာကွယ်ပေးသော ဓာတုပစ္စည်းများ၊ပင်ငွေ့ပျံမှုကို လျှော့ချပေးသော ပစ္စည်းများ၊အပင်ကြီးထွားမှုကို ထိန်းညှိပေးသော ပစ္စည်းများကို အသုံးပြု၍ လည်းကာကွယ်နိုင်သည်။(ဉပမာ ။     ။အီသဖုန်းဆေး)

 တိုက်ရိုက်ကာကွယ်နည်းတွင်-

(က)ရေသွင်းပေးခြင်း
           ရေသွင်းပေးခြင်းသည် ရှေးအကျဆုံးနှင့် ကုန်ကျစရိတ်နှင့်အကျိုး  တွက်ချေအကိုက်ဆုံး ဖြစ်သည်။ရေသွင်းနည်းတွင် ရေကို (sprinkler)တစ်ပတ်လည် ဖျန်းခေါင်းများနှင့် အရွက်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဖျန်းနိုင်သည်။ဤသို့ ဖျန်းလိုက်သောအခါ အရွက်ပေါ်သို့ ကျရောက်လာသော နှင်းခါများကို ရေဖြင့် ဖယ်ရှာနိုင်သည်။ ထိုနည်းတွင် ရေကို တစ်မိနစ် တစ်ကြိမ်နှုန်းဖြင့် တစ်နာရီလျှင် ရေ (၂)မှ (၄)မီလီမီတာ လိုအပ်သည်။ ဤနည်းတွင် ရေဖျန်းပေးရန်အတွက် ပြင်ပစွမ်းအင် လိုအပ်ပြီး ရေကို စဖျန်းသည့် အချိန်မှ အပင်များသို့ နေရောင်ခြည်ကျရောက်သည့် အချိန်အထိ  အဆက်မပြတ်ဖျန်းပေးရသည်။

(ခ) အပူပေးခြင်း
           အပူပေးခြင်း ဆိုသည်မှာ လောင်စာဆီများကို မီးရှိုပြီး ရလာသော အပူများကို သံပိုက်လိုင်းများဖြင့် အပင်အနီးသို့ အပူပေးခြင်းဖြစ်သည်။ ကနဦး တပ်ဆင်ခသည် ကုန်ကျစရိတ် သက်သာသော်လည်း လောင်စာဆီအတွက် ကုန်ကျစရိတ်ရှိသည်။ အပင်အတွက် လိုအပ်သော အပူချိန်ကို လုံလောက်စွာ ပေးနိုင်လျှင် နှင်းခါးရိုက်မှုဒဏ်ကို လျှော့နည်းစေသည်။

(*) လေတိုက်ရဟက်များထားခြင်း

            လေတိုကရဟက်များ ထားခြင်းမှာ နွေးသောလေများကို မိမိစိုက်ခင်းရှိ အပင်အနီးသို့ ရောက်အောင် လုပ်ပေးခြင်း ဖြစ်သည်။ပုံမှန်အားဖြင့် လေရဟက်များကို ပန်ကာ အချင်း(၅) မီတာနှင့် စတီးတိုင်(၁၀)မီတာ အရှည်တွင် တပ်ဆင်းကြသည်။ထိုရဟက်များကို မြင်ကောင် ရေအား (၈၅)မှ(၁၀၀)ရှိသော စက်ဖြင့် မောင်းနှင်နိုင်သည်။ ထိုလေလည် ရဟတ်များကို အသုံးပြုလျှင် စိုက်ခင်း(၁၀)ဧကတွင် (၁) ခုနှုန်း လိုအပ်သည်။
>>>မိမိတို့နှင့် ကိုက်ညီသော နည်းစနစ်များကို အသုံးပြုနိုင်ပြီး အအေးပိုင်း ဒေသရှိ စိုက်ပျိုးသူများ ကြီးပွားတိုးတက်ကြပါစေဟု ဆုတောင်းအပ်ပါသည်။<<<<

ကိုမိုးနည်း(AKS)

31.12.2017


          စာအုပ်အဖြစ်သိမ်းထားလိုပါက Download



EmoticonEmoticon