Monday, May 14, 2018
အင်းဆက်​တို့၏​ အပြုအမူနှင့်​ ဘဝစက်​ဝန်း Insects of Comportment and Life cycle
Tags
မျိုး​ပေါင်း( Class ) အင်​ဆက်​တာ( Insecta )
အောက်​တွင်​ ၁။ အ​တောင်​မရှိသည့်​ အင်းဆက်​များ
( Aptergota ) နှင့်​ ၂။ အ​တောင်​ရှိပြီး 
အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များ
( Pterygota )ဟူ၍ မျိုး​ပေါင်းခွဲ ( Sub-Class )
နှစ်​မျိုးခွဲခြားထားသည်​။
     က ။ Protura
      ခ ။ Collembola
      ဂ ။ Thysanura
      ဃ။ Diplura ဟူ၍ 
 မျိုးစဉ်​( Order ) ၄ မျိုးခွဲထားသည်​။
၂။ ( Pterygota ) ​အောက်​တွင်​တဝက်​တပြက်​ အသွင်​​ပြောင်းခြင်း
( Incomplete metamorphosis )နှင့်​ပြီးပြည့်​စုံ​သော အသွင်​​ပြောင်းခြင်း ( Complete metamorphosis )ဟူ၍အင်းဆက်​တို့၏ ဘဝစက်​ဝန်း( Life Cycle )​အပေါ်မူတည်​ပြီး အသွင်​​ပြောင်းလဲပုံနှစ်​မျိုး​တွေ့ရသည်​။
အင်းဆက်​ပိုးများသည်​ များ​သောအားဖြင့်​ အ​ကောင်​လိုက်​​ပေါက်​သည့်​ မျိုးနွယ်​များမဟုတ်​ပဲ မိခင်​အင်းဆက်​အမမှဥအုပြီး​နောက်​ တဝက်​တပြက်​ အသွင်​​ပြောင်းခြင်းရှိသည့်​အင်းဆက်​များတွင်​ အရွယ်
ရောက်​ရန်​ ဥဘဝ( Egg )မှ အ​ကောင်​​ပေါက်​လာပြီး ပိုးမမည်( Nymph )အဆင့်​သို့​ရောက်​ရှိလာသည်​ ၎င်းအဆင့်​တွင်​ အရွယ်
ရောက်​​အ​ကောင်​ကြီးများနှင့်​ ရုပ်​သွင်​အရတူညီမှုရှိသည်​။ ထို့​နောက်​ ရုပ်​ဖုံးဘဝမဖြတ်​သန်းရပဲ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ အရေခွံအကြိမ်​ကြိမ်​လဲခြင်းဖြင့် အရွယ်​​ရောက်​အကောင်ကြီး( Adult ) အဖြစ်ရောက်ရှိသည်။ဥပမာ။ နှံ​ကောင်​၊ ရှိခိုး​​ကောင်​၊ ပုစဉ်းပြီးပြည့်​စုံစွာ အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များတွင်​ မိခင်​အင်းဆက်​အမမှဥ( Egg )အုပြီး​နောက်​ ဥဘဝမှ လောက်ကောင်ဘဝ( Larva ) လောက်ကောင်မှ ပိုးရုပ်ဖုံး( Pupa )ပိုးရုပ်ဖုံးမှ အကောင်ကြီး( Adult )အဖြစ်သို့ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ
အဆင့်​ဆင့်​ အသွင်​ကူး​ပြောင်းကြပြီးမှရောက်ရှိသည်။
ဥပမာ။ လိပ်​ပြာ၊ ဖလံ၊ ပိုး​တောင်​မာအင်းဆက်​များစွာတို့၏ ဘဝအဆင့်​ဆင့်​တွင်​များ​သောအားဖြင့်​ အဆင့်​​လေးဆင့်​ကို ကူး​ပြောင်း
ကြရပြီး မိခင်​သည်​ အစာ​ရေစာ လွယ်​လင့်​တကူရရှိနိုင်​မည့်​​နေရာများတွင်​ ဥအုချခဲ့သည်​။ ဥမှ​ပေါက်​လာ​သော ​လောက်​​ကောင်​( ပိုးတုံးလုံး )သည်​အစာများကိုစား​သောက်​ပြီး​နောက်​ ပိုးရုပ်​ဖုံးဘဝသို့ကူး​ပြောင်းသည်​ ပိုးရုပ်​ဖုံးဘဝတွင်​ အစာစားခြင်းကိုရပ်​နားထားပြီး ပိုးရုပ်​ဖုံးအတွင်း အရွယ်​​ရောက်​အ​ကောင်​ဖြစ်​ရန်​ ကာလတစ်​ခုအကြာ အချိန်​​ပေး၍
ပြောင်းလဲ​နေသည်​။ ပိုး​ကောင်​၏ အင်္ဂါအစိတ်​အပိုင်းများ
ပြည့်​စုံသွားသည့်​အခါ ရုပ်​ဖုံးအတွင်းမှ အပြင်​သို့
ထွက်​လာကာ အရွယ်​​ရောက်​အ​ကောင်​ဖြစ်​လာသည်​။
မျိုးဆက်​ပြန့်​ပွား​ရေးအတွက်​ ဖိုမဆက်​ဆံပြီး ဥအုကြသည်​။
သို့​သော်​ ချွင်းချက်​အ​နေဖြင့်​ အချို့​သောအင်းဆက်​များတွင်
မိတ်​လိုက်​ခြင်းအမှုကို မ​ဆောင်​ရွက်​ပဲ ဥအုနိုင်​ကြသည်​။
အ​ခြေအ​နေအရ လိုအပ်​ပါက ဥမအု​တော့ပဲ
အ​ကောင်​လိုက်​​မွေးထုတ်​နိုင်​စွမ်းရှိသည်​။
အင်းဆက်​ပိုးများ သဘာဝရန်​သူ့​ဘေးမှကာကွယ်​ခြင်း -
အင်းဆက်​ပိုးမွှားများတွင်​ ဥဘဝမှစ၍ အရွယ်​​ရောက်
အ​ကောင်​ကြီးဘဝ​ရောက်​သည့်​တိုင်​​အောင်​ ရန်​သူ​ပေါင်း
မြောက်​များစွာနှင့်​ ရင်​ဆိုင်​​တွေ့ကြုံ​နေကြရသည်​။
၎င်းတို့တွင်​ ရန်​သူများဝန်းရံလျှက်​ရှိ​ပြီး သက်တမ်း​စေ့
နေထိုင်​သွားရ​သော အ​ကောင်​များမှာ အင်​မတန်
အ​ကြောင်းမျိုးမျိုး​ကြောင့်​​သေဆုံးကြရသည်​။ 
သို့​သော်​လည်း အင်းဆက်​ပိုးများ​ ပျောက်​ကွယ်​မသွားပဲ 
ယ​နေ့ထိတိုင်​​တွေ့ရှိ​နေရခြင်းမှာ ၎င်းတို့တွင်​ သဘာဝမှ
ဖန်​တီး​ပေးထား​သော အကာအကွယ်​များ​ကြောင့်​ပင်
အကာအကွယ်​များ​ -
၁။ အ​ပေါ်ယံအခွံဖြင့်​ ကာကွယ်​ခြင်း -
    အင်းဆက်​များစွာထဲမှ ပိုး​တောင်​မာ( Beetle )
    မာ​ကျော​သော ခန္ဓာကိုယ်​သည်​ မျိုးခြားစား 
    သားရဲအင်းဆက်​များ၏ တိုက်​ခိုက်​ခြင်းကို 
    ကာကွယ်​ထားနိုင်သည်​။
၂။ အဆိပ်​ဖြင့်​ ကာကွယ်​ခြင်း - 
    ပျား၊ ပိတုန်းနှင့်​ နကျယ်​ကဲ့သို့ အင်းဆက်​များတွင်
    ရန်​သူကို ၎င်းတို့၏ အဆိပ်​ဆူးဖြင့်​ပြန်​လည်
    တိုက်​ခိုက်​တက်​ကြသည်​။
    ၎င်းတို့၏ အဆိပ်​နှင့်​ထိ​တွေ့ပြီးပါက 
၃။ ကိုယ်​တွင်းရှိ အရည်​တို့ဖြင့်​ကာကွယ်​ခြင်း -
    လိပ်​ပြာသား​လောင်း ခူ​ကောင်​အချို့၏ ကိုယ်​တွင်းရှိ
    အရည်​တို့သည်​ အရသာမ​ကောင်းသဖြင့်
    သူတို့အား ဖမ်းဆီးစား​သောက်​ခြင်းမခံရပါ။
၎။ အနံ့ဖြင့်​ ကာကွယ်​ခြင်း -
    ကြမ်းပိုး( Bed bug )တို့ကဲ့သို့ ပိုး​ကောင်​များ၏
    ဆိုးရွားလွန်း​သော အနံ့​ကြောင့်​ စား​သောက်​ရန်
    အလို့ငှါ သားရဲ​ကောင်​များက ​ရှောင်​ရှားကြသည်​။
၅။ အ​မွေးဆူးတို့ဖြင့်​ ကာကွယ်​ခြင်း -
    အချို့​သော လိပ်​ပြာသား​လောင်းခူ​ကောင်​များ၏
    အ​မွေးများသည်​ အဆိပ်​ရည်​ပါရှိ​သော​ကြောင့်
    ထိမိပါက နာကျင်​​စေသည်​။ ယားယံ​စေသည်​။
၆။ ဟန်​အမူအယာဖြင့်​ ကာကွယ်​ခြင်း -
    ကျားဖလံ( Tiger moth )သည်​ ရန်သူကို
    မြင်​​​တွေ့သည်​နှင့် ​​သေဆုံး​နေဟန်ဆောင်သည်​။ 
    ယင်းကဲ့သို့ ပြုလုပ်​ခြင်းဖြင့်​ သူ့ကိုစား​သောက်​မည့်
    သားရဲများက​ သေ​နေ​သော ဖလံဟုယူဆကာ
    စား​သောက်​ခြင်းမပြု​တော့ပါ။
၇။ နဂိုအ​နေအထိုင်​ဖြင့်​ ကာကွယ်​​ခြင်း - 
    ရွက်ထွင်းပိုး( Leaf miner )ကဲ့သို့ 
    ပိုးမွှားများသည်​ ​အရွက်​​၏အတွင်း​၌​ဖြစ်​​စေ၊ 
    စပါးရွက်​လိပ်​ပိုး( Rice leaf folder )ကဲ့သို့
    ပိုးမွှားသည်​ ရွက်​လိပ်​အတွင်း၌ဖြစ်​​စေ၊
    အသီးအတွင်းတွင်​​နေထိုင်​​သော
    သီးလုံး​ဖောက်​ပိုး( Gram Caterpillar )
    ပိုးများနှင့်​ ညဉ့်​အခါတွင်​သာထွက်​​သော 
    အထိုက်​အ​လျောက်​ ကင်း​ဝေး​စေသည်​။
    ဥပမာ -
    ကာဒစ်​ဖလိုင်း( Caddisfly ) သားလောင်းသည်
    သူတို့၏ အနီးနားတွင်​ရရှိ​သော သစ်ရွက်ဆွေး၊ 
    ခဲလုံး၊ ခရုခွံ၊ သစ်ကိုင်းစလေးများ အပါအဝင်
    ရရာအရာဝတ္ထု​များနှင့်​ ပိုးမျှင်​​တွေကို အသုံးပြုပြီး 
    အကာအကွယ် အခွံအိမ်ကိုပြုလုပ်၍
    ယင်းအိမ်​ထဲတွင်​ ​နေထိုင်​ကာ ရန်​သူ့​ဘေးရန်​မှ
    ပုန်းခို​နေ​လေ့ရှိသည်​။
၈။ အ​ရောင်​ဖြင့်​ ကာကွယ်​ခြင်း -
    Tulip Tree Beauty moth - ဖလံသည်
    အ​ရောင်​အားဖြင့်​ ​နေထိုင်​ရာဝန်းကျင်​နှင့်
    တ​ထေရာတည်း တူညီ​နေ​သော​ကြောင့်
    ရန်​သူများ​ဘေးမှ ကင်း​ဝေးရသည်​။
၉။ အ​တောင်​နှစ်​စုံ အ​ရောင်​မတူ၍ ​ဘေးကင်းခြင်း -
    Morpho butterfly - လိပ်ပြာတွေရဲ့
    အ​တောင်​ပံ​ အ​ပေါ်မျက်​နှာပြင်​သည်​ 
    ပျံသန်း​နေသည့်​အခါ ​နောက်​မှလိုက်​လာ​သော
    ရန်​သူ့အမြင်​တွင်​ ဖြတ်ခနဲပေါ်လာလိုက်
    ဖြတ်​ခနဲပျောက်သွားလိုက် 
    မျက်​​ချေပြတ်​သွားတက်​သည်​။ 
၁၀။ အဆင်​ချယ်​၍ ကာကွယ်​ခြင်း - 
      အချို့​သော အင်​ဆက်​များ၏ အ​ရောင်​အ​သွေး
      အဆင်​တို့မှာ ပိုး​ကောင်​တို့၏ မူလသဏ္ဌာန်
      ပျောက်​ကွယ်​သွားမတက်​ အဆင်​ချယ်​လျှက်
      ရှိ​သော​ကြောင့်​ ရန်​သူ့​ဘေးမှကင်း​ဝေကြသည်​။
၁၁။ အ​တောင်​​အောက်​၌ အ​ရောင်​မှုံခြင်း -
      သစ်​ရွက်​​ခြောက်​လိပ်ပြာ(Kallima Inachus)၏
      အ​တောင်​​အောက်​ဖက်​ရှိ အ​ရောင်​သည်
      မွဲ​ခြောက်​​နေသည့်​အပြင်​ နား​နေသည့်​အခါ 
      အ​ပေါ်သို့​ထောင်​ထား​သော အ​တောင်​သည်
      သစ်​ရွက်​​ခြောက်​နှင့်​ အလွန်​တူသဖြင့်​ ရန်​သူမှ
၁၂။ အ​ယောင်​​ဆောင်​၍ ကာကွယ်​ခြင်း -
      ခူ​ကောင်( Wavy-lined Emerald )တို့သည်​ 
      ပန်းပွင့်​​ရဲ့ ပွင့်​ချပ်​​တွေကို သူတို့ခန္ဓာကိုယ်​​ပေါ်တွင်
      ပိုးချည်​မျှင်​များဖြင့်​ တန်​ဆာဆင်​ဖုံးကွယ်၍
      ပန်းပွင့်​ကဲ့သို့ အ​ယောင်​​ဆောင်​ကာ
      ရန်​သူများ၏ ​ဘေးရန်​ကိုကာကွယ်​ကြသည်​။
၁၃။ အတုခိုး၍ ကာကွယ်​ခြင်း -
      နကျယ်​ဖလံ( Wasp moth )နှင့်
      ဟိုဗာယင်​( Hoverfly ) တို့သည်
      ပျား၊ နကျယ်​များနှင့်​ ပုံသဏ္ဌာန်
      ဆင်​တူ​သော​ကြောင့်​ ငှက်​များနှင့်​ အခြား​သော
      သားရဲများကို လှည့်​စားနိုင်​သည်​။ 
      သားရဲများက ၎င်းတို့ကို ပျား၊ နကျယ်​ဟု
      မှတ်​ထင်​ကာ ဖမ်းဆီးစား​သုံးခြင်း
      မ​ပြု​သော​ကြောင့်​ အန္တရာယ်​ကင်း​စေသည်​။
၁၄။ အ​တောင်​​ပေါ်ရှိ အကွက်​များမှကာကွယ်​ခြင်း -
      သိန်းငှက်​ဖလံ( Hawk moth )နှင့်
      ဇီးကွက်​လိပ်​ပြာ( Owl Butterfly )တို့၏
      အ​တောင်​ပံ​ပေါ်မှ အကွက်​များသည်
      ရန်သူကိုကြည့်​​နေသည့်​ ​ကြောက်​စရာ
      သားရဲသတ္တဝါတို့၏ မျက်​ဝန်းတစ်​စုံနှင့်
      တူ​သော​ကြောင့်​ ရန်​သူမှဖမ်းဆီးစား​သောက်​ခြင်း
      မပြု​တော့ပါ။
 ၁၅။ ရာသီအလိုက်​အ​ရောင်​​ပြောင်းခြင်း - 
       အချို့​သော ပိုး​ကောင်​တို့မှာ မျိုးစိတ်​တခုထဲ
       ဖြစ်​​သော်​လည်း ​နွေရာသီတွင်​​ပေါက်​သည့်​အခါ
       မွဲ​ခြောက်​သည့်​ အ​ရောင်​မျိုးရှိ၍ မိုးရာသီတွင်
       ပေါက်​​သည့်​အခါ စိမ်း​သောအ​ရောင်​များရှိသဖြင့်
       သဘာဝ အကာကွယ်​တစ်​မျိုးပင်​ဖြစ်​သည်​။
အင်းဆက်​တို့၏ ပုံသဏ္ဌာန်၊ ထူးခြား​သော 
လက္ခဏာရပ်​များဖြစ်​သည့်​ အစာစားခြင်း၊ အ​ရေခွံလဲခြင်း၊ 
လှုပ်​ရှားသွားလာခြင်း၊ ပျံသန်းခြင်း၊ အာရုံခံစားခြင်း၊ 
ရန်​သူ့​ဘေးရန်​မှ ကာကွယ်​လှည့်​စားပုံတို့ကို သိရှိထားပါက 
အဖျက်​ပိုးမွှားများကို နှိမ်​နင်းရန်​ဖြစ်​​စေ၊ အကျိုးပြု
အင်းဆက်​များကို ထိန်းသိမ်း​စောင့်​​ရှောက်​ရန်​ဖြစ်​​စေ 
ဆောင်​ရွက်ရာတွင်​ ​များစွာအကျိုးရှိနိုင်​သည်​။ 
ထိုထက်​ပို၍ ​လေ့လာနိုင်​ပါက အင်းဆက်​ပိုးများ​နှင့်
သတ္တ​လောကတို့၏ အစာကွင်းဆက်​၊ ပတ်​ဝန်း​ကျင်
ဂေဟ​ဗေဒနှင့်​ ဆက်​နွယ်​မှုတို့ကိုပါ ​လေ့လာမည်​ဆိုပါက
အတိုင်းထက်​အလွန်​ပင်​ဖြစ်​​ကြောင်း ​.... 
အထူးသဖြင့် ​စိုက်​ပျိုး​ရေးလုပ်​ငန်း လုပ်​ကိုင်​​ဆောင်​ရွက်
နေသူ​ တောင်​သူများအ​နေဖြင့်​ ဘက်​စုံပိုးမွှားကာကွယ်
နှိမ်​နင်းခြင်း(Integrated Pest Management)
နည်းစနစ်​များကိုဆောင်​ရွက်​ပါက ပိုးမွှားများအ​ကြောင်း
မဖြစ်​မ​နေ သိထားသင့်​သည့်​အပြင်​ ဘက်​စုံပိုးမွှားကာကွယ်
နှိမ်​နင်းခြင်း နည်းစနစ်​များနှင့်​ ပိုးမွှားများကို 
ထိန်​​ကျောင်းမှသာလျှင်​ ​ရေရှည်​ခံ​သော စိုက်​ပျိုး​ရေး
လုပ်​ငန်းကို ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​ကြောင်း
ရေးသားတင်​ပြလိုက်​ရပါသည်​။
#Crd
စေတနာ​မေတ္တာများစွာဖြင့်
#Phyochitthu
EmoticonEmoticon