Saturday, April 1, 2017

သီဟိုလ်စိုက်ပျိုးကြသည့်တောင်သူများသတိထားစရာအချက်များ








သီဟိုလ်ပင်၊သီဟိုလ်သီးလို့ပြောလိုက်လျှင်သိသူနည်းသလိုစားဖူးတဲ့သူအတော်နည်းပါးတာကိုတွေ့ရပါတယ်။သီဟိုလ်ပင်ဟာဆိုရင်နှစ်ရှည်ခံပင်ဖြစ်သလို ၀င်ငွေကောင်းတဲ့ အပင်ဖြစ်ပါတယ်။ သီဟိုလ်စေ့ ၁ပြည်ဆိုလျှင် ၄၀၀၀-၁၀၀၀၀ ကျပ်အထိ ဈေးကောင်းလျှင်ကောင်းသလောက်ရတတ်ပါတယ်။သီဟိုလ်ပင်ကနေ အသီးကို ထုတ်ယူမှုနည်းပါးပြီး အစေ့ကိုသာလျှင် အထိက ယူဆောင်ကြပါတယ်။ သီဟိုလ်စေ့ကို စားသောက်ကုန် လုပ်ငန်း၊ လောင်စာဆီ အဖြစ်ရော၊ ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေမှာ အထိကထားသုံးစွဲကြပါတယ်။ ဒါမယ့် သီဟိုလ်စေ့ အစေးလောင်ရင်တော့ ခံစားရတော်တော် ခက်ပါတယ် JJJ


ဒီတစ်ခေါက် ခရီးသွားတော့ သီဟိုလ်စိုက်ထားတဲ့ တောင်သူတစ်ဦးက မေးပါတယ် "ငါ့သား ရယ် အခုနောက်ပိုင်းသီဟိုလ်ပင်တွေက အပွင့်သာပွင့်ပြီး အသီးမတင်ဘူး" လို့ မေးလာပါတယ်…..အဲ့ဒိတောင်သူစိုက်ပျိုးထားတဲ့ သီဟိုလ်ပင်သက်တမ်းက ကျွန်တော့် အသက်ထက်နှစ်ပြန်လောက် ကြီးပါတယ်….(ငယ်ငယ်တုန်းက သူ့ခြံထဲတောင် သီဟိုလ်သီးတွေ ခူးစားဖူးပါ တယ်…. JJJ)

ကောင်းပြီ စဉ်းစားကြည့်ကြပါစို့…….သီဟိုလ်ပင်က နှစ်ရှည်သီးနှံ…အပင်ရဲ့ အစာအာဟာရ
လိုအပ်ချက်၊ရာသီဥတု၊ရေရရှိမှု တွေကို အဓိကထားထည့်သွင်းစဉ်းစားပေးသင့်ပါတယ်….. အခုနောက်ပိုင်း ရာသီဥတုပြောင်းလဲမှု အရမ်းဆိုးပါတယ်…သီဟိုလ်ပင် အပွင့်ပွင့်ချိန်ဟာ ဆိုရင် March to April လအတွင်းပွင့်လေ့ရှိပါတယ်……အဲ့ဒိအချိန်ဟာဆိုရင် မြန်မာနိုင်ငံမှာ အပူချိန်အများဆုံး အချိန်တွေဖြစ်ပြီး…..အပင်ရဲ့ အပွင့်မျိုးကန်းသွားခြင်း၊ Ovary မျိုးမအောင်ခြင်း၊ အပွင့် လုံလောက်အောင် ကြီးထွားမှုသန်စွမ်းမှု မရှိနိုင်မှုဖြစ်သွားနိုင်ပါတယ်…ရာသီဥတုဆိုတာ ထိန်းချုပ်လို့မရနိုင်ပေမယ့် ….သ်သာအောင်ပြုလုပ်လို့ရမယ့် နည်းလမ်းတွေရှိပါတယ်…..

နောက် အပင်ရဲ့ သက်တမ်းကို ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်…အပင်အိုအသက်ကြီးသွားမယ်ဆိုရင်လဲ အပွင့်ပွင့်ခြင်းလုပ်ငန်းမှာထိခိုက် ပျက်စီးသွားနိုင်ပါတယ်….အဲ့ဒိအတွက် အပင်အား ကိုင်းချိုင်ပေးခြင်းလုပ်ငန်းများနှင့် အပင်၏ သင့်တော်သော အပင်အမြင့်အားသတ်မှတ်ပေးခြင်းများပြုလုပ်ပေးသင့်ပါသည်။

(လူတွေလဲ ကိုင်းချိုင်ပေးလို့ရရင် ကောင်းမှာပဲနော့်…JJJ)နောက် အာဟာရ ရယူနိုင်မှု…နှစ်ရှည်ပင်ဟာဆိုရင် သာမာန် တစ်ရာသီစိုက်ပျိုးပင်များကဲ့သို့ ဓာတ်မြေသြဇာ၊ မြေဆွေးများ ထည့်သွင်းပေးခြင်းများ နည်းပါးကြပါတယ်…(စိုက်ပျိုးရေး ဗဟုသုတနည်းတာလဲ ဖြစ်နိုင်ပါတယ်….)သီဟိုလ်ပင် ကဲ့သို့ နှစ်ရှည်ပင်တွေကို အနည်းဆုံး တစ်နှစ် ၁ကြိမ်လောက်တော့ ဓာတ်မြေသြဇာများ ၊ မြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသင့်ပါတယ်….



နှစ်ရှည်ပင်တွေမှာ နောက်ထပ်တွေ့ကြုံရတာကတော့ ရောဂါအဓိကပါ…..မှိုရောဂါကျရောက်မယ်ဆိုလျှင်လဲ အမြန်ဆုံးနှိမ်နင်းရန်လိုအပ်ပြီး….အဲ့ဒိကျရောက်တဲ့ ရောဂါဟာဆိုရင် အပွင့်ပွင့်တဲ့ လုပ်ငန်းစဉ်တွေ၊ အသီးသီးတဲ့ လုပ်ငန်းစဉ်တွေမှာ အထိက အနှောက်အယှက်ပေးနိုင်ပါတယ်…..ထို့ပြင် အပင်ရဲ့ ရေလိုအပ်ချက်ပါ….အပင်စတင်စိုက်ပျိုးတဲ့ အချိန်မှာဆိုရင်မြေအနေအထားကို အရင်ဆုံး စဉ်းစားသင့်ပါတယ်…သီဟိုလ်ပင်တွေကို အဓိကအားဖြင့် တောင်ကုန်းတွေမှာ အထိကထားစိုက်ပျိုးကြပါတယ်…တောင်ကုန်းတွေမှာ ရေအလွယ်တကူရနိုင်မယ်..နောက်မြေအောင်းရေ ပမာဏကောင်းမယ်ဆိုလျှင် အဆင်ပြေတဲ့ အနေအထားပါ….ဒီလိုမှ မရနိုင်ဘူးဆိုလျှင် ရေမြောင်းတွေပြုလုပ်ပြီးတော့ အနည်းဆုံး ၁လ တစ်ကြိမ်ရေအနည်းဆုံး ပေးသွင်းသင့်ပါတယ်………ဒီနည်းတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သီဟိုလ်စိုက်ပျိုးကြသည့် တောင်သူများသည် အပင်ကနေ အပွင့်တွေ ကြွေတာကို မတားဆီးနိုင်ပေမယ့် အတော်အသင့် တားဆီးနိုင်မည်ဟု ....ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။


                Pdf အဖြစ်သိမ်းဆည်းလိုလျှင် Download




EmoticonEmoticon