Monday, August 14, 2017

စိုက်ပျိုးရေးလုပ်ငန်းတွင် မှတ်တမ်းထားရှိခြင်း





ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နေသော အဖွဲ့အစည်း များနှင့် ဖွဲ့ဖြိုးဆဲနိုင်ငံအချို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ငန်းနှင့်
သက်ဆိုင်သော မှတ်တမ်းများထားလေ့ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင်မှတ်တမ်း(လယ်ဂျာ)ထားခြင်းဖြင့်  

စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ငွေကိုမည်သည့်နေရာတွင် မည်သို့သုံးစွဲလျှင်

ပိုမိုအကျိုးရှိသည်ကိုသိရမည်ဖြစ်သည်။ယခင်စိုက်ပျိုးထုတ်လုပ်မှုတ်တမ်းထားရှိခဲ့လျှင်

နောက်ထပ်ထပ်မံစိုက်ပျိုးထုတ်လုပ်သောအခါအသုံးစရိတ်များကို ကောင်းစွာစီမံနိုင်မည်

ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထားသင့်သော မှတ်တမ်းအမျိုးအစား(၇)မျိုး ရှိသည်

(၁) ထုတ်လုပ်နေ့စဉ်မှတ်တမ်း

ထိုမှတ်တမ်းတွင်စိုကိပျိုးရေးလုပ်ငန်းမှနေ့စဉ်ကြုံတွေ့လုပ်ကိုင်ရသော အရာအားလုံးကို မှတ်သားထားသည်။

(၂) လုပ်ငန်းအမာခံ အရင်းအနှီး မှတ်တမ်း

ထိုမှတ်တမ်းတွင်မြေပိုင်ဆိုင်မှုစိုက်ပျိုးရေးသုံးပစ္စည်းပိုင်ဆိုင်မှုနှင့်သိုလှောင်ရုံ အခြေအနေပိုင်ဆိုင်မှုတို.့ပါဝင်သည်။

(၃)သွင်းအားစု မှတ်တမ်း

ထိုမှတ်တမ်းတွင် ဓာတုဆေးများ(မြေသြဇာ၊ပိုးနှင့်မှိုသတ်ဆေး) သုံးစွဲမှု မှတ်တမ်း

။ အသုံးပြုသည့်ဆေးနှုန်းထား၊ကုန်ကျစရိတ်တန်ဖိုး၊ပိုးမွှားရောဂါကျရောက်မှု

အခြေအနေတို့ပါဝင်သည်။

(၄) ထုတ်ကုန်မှတ်တမ်း

ထိုစာအုပ်တွင်မည်မျှထုတ်လုပ်၍တစ်ခုချင်းစီမှဝင်ငွေမည်မျှရသည်ကိုမှတ်ထားရ

သည်။ထိုမှတ်တမ်းထားရှိလျှင်မည်သည့်သီးနှံသည်အကျိုးအမြတ်

အများဆုံးရသည်ကို သိနိုင်မည်ဖြစ်သည်။



(၅) အလုပ်အကိုင်မှတ်တမ်း

အလုပ်သမားများနေ့စဉ်လုပ်ကိုင်နေသည့်လုပ်ငန်း၊အလုပ်ပြီးမြောက်မှုနှင့်

အလုပ်တစ်ခုအတွက်စုစုပေါင်းကုန်ကျသည့်

ကုန်ကျစရိတ်စုစုပေါင်းတို့ပါဝင်သည်။

(၆) အရောင်း(ရငွေ)မှတ်တမ်း

မိမိစိုက်ခင်းက ထွက်ရှိသော သီးနှံများ စုစုပေါင်းရောင်းချ၍ရသော ငွေစာရင်း ဖြစ်သည်။

(၇) စားသုံးမှုမှတ်တမ်း

ထိုမှတ်တမ်းတွင်မိမိစိုက်ခင်းထွက်ထွက်ကုန်များကိုထုတ်လုပ်သူများနှင့် မိသာစုဝင်များစားသုံးမှု မှတ်တမ်းဖြစ်သည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူတိုင်းသည်ယခုအခါ စိုက်ပျိုးထုတ်လုပ်ရေးနှင့်

ဆိုင်သောမှတ်တမ်းများ ရှိသင့်နေသည်။ မှတ်တမ်းတွင် (၇)မျိုးလုံးမထားနိုင်ပါက

နေ့စဉ်မှတ်တမ်း၊ အရင်းအနှီးနှင့်သွင်းအားစုမှတ်တမ်း၊အရောင်းရငွေ

မှတ်တမ်းများထားရှိသင့်သည်။မှတ်တမ်းထားရှိခြင်းဖြင့်ရလဒ်(အမြတ်နှင့်ဆုံးရှုံးမှု

)ကိုတွက်ချက်နိုင်မည်ဖြစ်သည်။

ဇင်ဝိုင်း-AKS(Agri-facilitator)#MyNotes@mmpddf14.8.2017ကျမ်းကိုး။ ။www.passnownow.com


စာအုပ်အဖြစ်သိမ်းထားလိုပါက  Download



Sunday, May 28, 2017

Hydroponic အကြောင်းတစေ့တစောင်း


What is Hydroponic?

Hydropponic ဆိုတာကတော့ ရေကို အသုံးပြုပြီးစိုက်ပျိုးတဲ့ နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။

နောက်တစ်ခုက မြေမဲ့စိုက်ပျိုးနည်းတစ်ခုဖြစ်ပြီး အသုံးပြုထားတဲ့ ရေထဲမှာဆိုရင် အာဟာရဖျော်ရည်တွေကို

 ထည့်သွင်းပြီးစိုက်ပျိုးနည်းတစိခုပဲဖြစ်ပါတယ်။ မျက်စိထဲထင်သာအောင်ပြောရရင် ထိကရုံး၊ ဗေဒါကဲ့သိုသော

 အပင်ကို ရေထဲမှာ ပေါက်ရောက်နေသကဲ့သို့ပင်ဖြစ်သည်။ သိုသော် ထိုရေထဲတွင် အာဟာရပျော်ရည်များ ဖျော် 

စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။

Hydroponic သမိုင်းကြောင်းးးး

Hydroponic နည်းပညာဟာဆိုရင် 1700 ခုနှစ်နောက်ပိုင်းများတွင် စတင် လူသိများလာပြီး စတင်စိုက်ပျိုးလာခြင်

းဖြစ်ပါတယ်( from Wiki) ။Hydroponic နည်းပညာကို ၁၆၉၉ ခုနှစ်မှာ John Woodward ဆိုသူက စတင်မိတ်ဆ

က်ပေးခဲ့သော်လည်း သူသေပြီးနောက်ပိုင်းမှသာလျှင် Hydroponic နည်းပညာက စတင်တွင်ကျယ်လာခြင်းဖြစ်ပါ

တယ်။ နောက် Water Culture ဆိုသည့် စိုက်ပျိုးနည်းပညာဟာဆိုရင်လည်း Hydroponic နည်းပညာ ပေါ်ပြီးမှ

သာလျှင် နည်းပညာ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

Hydroponic ရဲ့ ကောင်းကျိုးဆိုးကျိုးများ

ကောင်းကျိုးများ

(၁) အဓိကကတော့ မြေကြီးမလိုပါဘူး

(၂) အရည်အသွေးပြည့်ဝတဲ့ သီးနှံပင်တွေရရှိပါတယ်

(၃)ရိတ်သိမ်းရလွယ်ကူခြင်း

(၄) အာဟာရဓာတ်များကို အပြည့်အ၀နဲ့ အလွယ်တကူရယူနိုင်ခြင်း

ဆိုးကျိုးများ

(၁) အပင်တစ်ပင်ရောဂါကျရောက်ပါက အလျှင်အမြန် အကူးမြန်ခြင်း

(၂)ကုန်ကျစရိတ်ကြီးမားခြင်း

(၃) နည်းပညာကျွမ်းကျင်မှု အဓိက လိုအပ်ပါတယ်။



Hydroponic အမျိုးအစားများ

(၁)ရေဖြန်းစနစ်ကဲ့သို့သော Hydroponic












ဒီစနစ်မှာဆိုရင်တော့ အပင်အတွက် ရေမြုပ်ကဲ့သို့သောကြားခံပစ္စည်းပေါ်တွင် စိုက်ပျိုးပြီးတော့ ထိုကြားခံပစ္စည်း

ကို ရေဖြန်းစနစ်ကဲ့သို့ ပက်ဖြန်းခြင်းဖြင့် အပင်မှ အာဟာရဓာတ်များရရှိခြင်းပင်ဖြစ်ပါသည်။

(၂)ရေအမြဲတစေနေ စိုက်ပျိုးသော Hydroponic


















အသုံးများဆုံးသော နည်းစနစ်တခုဖြစ်ပြီး အပင်အတွက် အာဟာရပျော်ရည်များကို 24 နာရီပတ်လုံး ပေးစွမ်းနိုင်ေ

သာ နည်းစနစ်ဖြစ်ပါသည်။

(၃)စိုတစ်ခါခြောက်တစ်လှည့် Hydroponic












ဒီနည်းစနစ်ကတော့ လူသုံးနည်းသော နည်းစနစ်တစ်ခုဖြစ်ပါတယ်။ အခုနည်းစနစ်မှာဆိုရင်တော့ အဓိက အားန

ည်းချက်ကတော့ အပင်၏ အာဟာရဓာတ်လိုအပ်မှုနဲ့ ရေလိုအပ်ချက်ကို အဓိကထားသိရှိမှသာလျှင်အောင်မြင်နိုင်ေ

သာ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ သို့သော် အပင်အတွက် အာဟာရ၊ အစိုဓာတ်ကို အချိန်မှန်နှင့် တိကျစွာ ကျွေးနိုင်

ပါက ထိရောက်သော နည်းစနစ်တစ်ခုဖြစ်ပါတယ်။


Hydroponic အတွက် ကြားခံပစ္စည်း(သို့မဟုတ်) အပင်ရပ်တည်နိုင်ဖို့ကြားခံပစ္စည်း


မြန်မာနိုင်ငံအတွက်ဆိုရင်တော့ သဘာဝကရရှိတဲ့ အုန်းခွံကဲ့သို့သော၊ စပါးခွံများနဲ့ ကျောက်ခဲများကို အဓိက

ထား အသုံးပြုနိုင်ပါတယ်။နောက် ၀ါဂွမ်းကဲ့သို့သော ပစ္စည်းများ၊ နှင့် တခြားရေစုပ်နိုင်ပြီး အပင်ရပ်တည်နိုင်ရန်အ

တွက် အထောက်အပံ့ပေးနိုင်သော ပစ္စည်းများကိုလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရမည့် အချက်များ



(၁) အာဟာရပျော်ရည်ရရှိနိုင်ဖို့ အသုံးပြုသော ပစ္စည်းကို သတိထားအသုံးပြုသင့်ပါသည်။ အဘယ့်ကြောင့်  

ဆိုသော် Organic ပစ္စည်းသုံးသုံး Inorganic ပစ္စည်းသုံးသုံး CO2 ထွက်တဲ့နှုန်းကို အထူးဂရုစိုက်သင့်ပါသည်။ ရေ

ကန်အတွင်း CO2 များပြားလာပါက အပင် ကြီးထွားမှုနှောင့်နေးခြင်း များဖြစ်ပေါ်နိုင်ပါသည်။

(၂) အပင်တစ်ပင်တွင် ရောဂါကျရောက်မှုကိုတွေ့ရှိပါက အမြန်ဆုံး ဖယ်ရှားပစ်ခြင်းနှင့် ကာကွယ်ဆေးများ အသုံးပြူ

သင့်ပါသည်။

တောင်သူဦးကြီးများကြီးပွားတိုးတက်ကြပါစေ

Pests and Diseases Damage Firecastor




 စာအုပ်အဖြစ်သိမ်းထားလိုပါက Download





Tuesday, May 9, 2017

22.5.2017 မှ31.5.2017 ထိ တိုင်းနှင့် ပြည်နယ် အလိုက် ပိုးမွှားရောဂါကျရောက်နိုင်မှု ခန့်မှန်းချက်များ(Updated)

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ စိုက်ပျိုးထားသော သီးနှံများတွင် ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများအား သတိပြုနိုင်စေရန်………….



ကချင်ပြည်နယ်
ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ယင်ဖြူ၊ ၂၅ နောက်ပိုင်း ရက်နေ့များတွင် မိုးရွာပါက လက်ရှိဖြစ်နေသော ရောဂါများ ပိုမိုဆိုးရွားလာနိုင်ပါသည်။

ကယားပြည်နယ်
ပြောင်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ယင်ဖြူ   

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
သီးထိုးပိုး၊ ယင်ဖြူ

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ယင်ဖြူ

၂၆ရက်နေ့နောက်ပိုင်းများတွင် စိုထိုင်းစများနိုင်သောကြောင့် ပိုးမွှားရောဂါကျရောက်မှုအား သတိထားသင့်ပါသည်။

ကရင်ပြည်နယ်
နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ကြမ်းပိုး၊ ပင်စည်မဲရောဂါ၊ ပင်ညှိုး

ဆေးရွက်ကြီး
ပင်စည်ထိုးပိုး၊ မိုးရွာတစ်လှည့် နေပူတစ်လှည့်ဖြစ်နေပါက မှိုရောဂါ ဂရုစိုက်ပါ

ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်သေရောဂါ၊ ပင်ညှိုး

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Aphid, ပင်စည်ထိုးပိုး၊ ရွက်ပြောက်ရောဂါ၊ မှိုရောဂါ အချိုးကျရောက်နိုင်ပါတယ်….

၂၃ရက်မှ ၂၇ ရက်များအတွင်း မိုးရွာနိုင်ပြီး စိုထိုင်းစ များနိုင်သောကြောင့် လက်ရှိဖြစ်နေသော ရောဂါများအား သတိထားသင့်ပါသည်။

ချင်းပြည်နယ်
ပြောင်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး အထူးဂရုစိုက်သင့်ပါတယ်၊

ဂျုံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်စားငမြောင်တောင်၊ မှိုသီးရောဂါ

ပိန်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ငမြောင်တောင်၊ အမြစ်ပုပ်ရောဂါ

ငရုတ်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
အသီးငှက်ပြောက်စွန်းရောဂါ၊ ယင်ဖြူ

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုးအား အထူးဂရုပြုသင့်ပါတယ်။

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးရောဂါ၊ ယင်ဖြူ၊ ရွက်စားငမြောင်တောင်


မွန်ပြည်နယ်
ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးရောဂါ၊ အမြစ်ပုပ်ရောဂါ

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ပင်စည်ပုပ်ရောဂါ

အုန်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ရောဂါ၊ ရွက်ခြောက်ရောဂါ

မင်းဂွက်သီး(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ အကြေးဖတ်ရောဂါ၊ ယင်ဖြူ

ပိုးကျရောက်မှုအားကြိုတင်ကာကွယ်ထားသင့်ပါသည်။

ရခိုင်ပြည်နယ်
အုန်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ရောဂါနှင့် ရွက်ခြောက်ရောဂါအား အထူးဂရုပြုသင့်ပါသည်။

ပြောင်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူ၊ ရွက်ခြောက်

ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါ

ငရုတ်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူသတိထားသင့်ပါသည်။

ဆေးရွက်ကြီး(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ မှိုရောဂါ အချို့ကျရောက်နိုင်ပါသည်။

လက်ရှိကျရောက်နေသော ပိုးမွှားများအား ပိုမို ဆိုးရွှားမှု မရှိရန် သတိထားပါ။

ရှမ်းပြည်နယ်
ငရုတ်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူ အထူးသတိထားသင့်ပါသည်။

နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ဖြုတ်၊ ရွက်လိပ်ပိုး ၊ မှိုရောဂါအချို့ ကျရောက်နိုင်ပါသည်။

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ငပြောင်တောင်၊ ပင်ညှိုးနှင့် ယင်ဖြူကို အထူးသတိထားသင့်ပါသည်။

လက်ဖက်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
အကြေးဖတ်ရောဂါ၊ Mites၊ ရွက်လိပ်ရောဂါ၊ အမြစ်ပုပ်ရောဂါ

ဆေးရွက်ကြီး (ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိမ်ရောဂါ၊ ပင်စည်ထိုးပိုး

မှိုရောဂါအားကြိုတင်ကာကွယ်ထားသင့်ပါသည်။

ရန်ကုန်တိုင်း
ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးနှင့် အမြစ်ပုပ်ရောဂါကို အထူးပြုသင့်ပါသည်။

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ

ဂုန်လျှော်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Mites၊ ပင်စည်ထိုးပိုး၊ ပင်ညှိုးရောဂါ

ပင်စည်ထိုးပိုးကဲသို့သော ပိုးများအား သတိထားပါ။

မန္တလေးတိုင်း
ပြောင်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူ၊ရွက်စားငမြောင်တောင်နှင့်ပင်စည်ထိုးပိုးကျရောက်မှုအားအထူးဂရုပြုသင့်ပါ သည်။

နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
သီးစုပ်ကြမ်းပိုး

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်စားငမြောင်တောင်၊ ရွက်လိပ်ပိုး၊ ပင်ညှိုးနှင့် ပင်စည်ပုပ်ရောဂါ အားအထူးဂရုစိုက်သင့်ပါသည်။

ဆေးရွက်ကြီး(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ရွက်လိမ်ရောဂါ

နေကြာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ရောင်မညီကွက်ကြားရောဂါ၊ ယင်ဖြူ

ဂုန်လျှော်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Mites၊ ပင်စည်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါ

ယင်ဖြူနှင့် ပင်ညိုးရောဂါအား သတိထားသင့်ပါသည်။ ယင်ဖြူကျရောက်မှုများပါက ရောင်မညီကွက်ကျားရောဂါအား ကြိုတင်ကာကွယ်ပါ။

စစ်ကိုင်းတိုင်း
နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ပိုး၊ ဖြုတ်ညို၊ မှိုရောဂါ အချို့ကျရောက်နိုင်ပါသည်။

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်စားငမြောင်တောင်၊ မှိုရောဂါအချို့ ကျရောက်နိုင်ပါသည်။

ဆေးရွက်ကြီး(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်ဖြတ်ပိုး၊ ပင်စည်ထိုးပိုးအား အထူးဂရုစိုက်သင့်ပါသည်။

နေကြာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုးအား အထူးဂရုစိုက်သင့်ပါသည်။

၂၄ရက်နေ့မှ စပြီး လကုန်အထိ ပိုးမွှားရောဂါကျရောက်မှုအား ကြိုတင်ကာကွယ်ထားပါ။

မကွေးတိုင်း

နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ပိုး၊ ပင်ညှိုးရောဂါ၊ ပင်စည်မဲရောဂါ

ပြောင်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုး၊ ရွက်ခြောက်ရောဂါ

ဝါဂွမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်စားငမြောင်တောင်၊ ပင်ညှိုးရောဂါအား အထူးဂရုပြုသင့်ပါသည်။

နေကြာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုးအား အထူးဂရုပုသင့်ပါသည်။

ပင်စည်ထိုးပိုးကဲ့သို့သော ပိုးများအား သတိထားသင့်ပါသည်။

ပဲခူတိုင်း
နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ပိုး၊ ပင်ညှိုးရောဂါ၊ ပင်စည်မဲရောဂါ

ဂုန်လျှော်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Mites၊ ပင်ညှိုးရောဂါ

ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးရောဂါနှင့် ပင်စည်ပုပ်ရောဂါအား အထူးပြုသင့်ပါသည်။

ကြံ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်စည်ထိုးပိုးနှင့် အမြစ်ပုပ်ရောဂါ

ရောဂါပိုးမွှားကျရေက်မှုကို ကြိုတင်ကာကွယ်ထားပါ။ စိုထိုင်းစများနိုင်ပါသည်။

တနင်္သာရီတိုင်း
အုန်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ရွက်လိပ်ရောဂါ၊ ရွက်ကြွေရောဂါ

ရာဘာ(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ပင်ညှိုးရောဂါနှင့် အမြစ်ပုပ်ရောဂါအား အထူးဂရုစိုကသင့်ပါသည်။

မင်းကွက်သီး(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူ၊ မှိုရောဂါ အချိုးကျရောက်နိုင်ပါသည်။

မှိုရောဂါများနှင့် ဘက်တီးရီးယား ရောဂါများအား ကြိုတင်သတိထားသင့်ပါသည်။

ဧရာဝတီတိုင်း
နှမ်း(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ဖြုတ်ညို၊ ရွက်လိပ်ရောဂါ၊ ရွက်ပြောက်ရောဂါ

ငှက်ပျော(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Aphid၊ ပင်ညှိုးရောဂါ၊ ဖလံ၊ ရွက်စားပိုး နှင့် ရွက်ပြောက်ရောဂါ

ဂုန်လျှော်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
Miiites၊ ပင်စည်ပုပ်ရောဂါအား အထူးဂရုစိုက်သင့်ပါသည်။

ငရုတ်(ကျရောက်နိုင်သော ပိုးမွှားနှင့်ရောဂါများ)
ယင်ဖြူ၊ ငှက်ပြောက်စွန်းရောဂါ
မှိုရောဂါများအား သတိထားပါ ရာသီဥတု မကောင်းပါက ဆေးကြိုတင်ဖြန်းထားသင့်ပါသည်။

မိမိတို့ဒေသတွင်ကျရောက်သော ပိုးမွှားရောဂါများအား တတ်သိနားလည်သော သူများနှင့်ဆွေးနွေးတိုင်ပင်၍ လိုအပ်သော ကြိုတင်ကာကွယ်ခြင်းများ ပြုသင့်ပါသည်။

တခြားသော စိုက်ပျိုးရေးနှင့်ပက်သက်သော ဆောင်ပါးများအား ဖတ်ရှု့လိုပါက                

Monday, May 8, 2017

Reverse Osmosis နှင့် စိုက်ပျိုးရေး




Osmosis ဆိုတာဘာလဲ


Osmosis ဆိုတာက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို နောက်ထပ် အရည်တစ်မျိုးမျိုး ပျော်ဝင်သွားတယ်လို အကြမ်းဖျင်းသိထားရင်လုံလောက်ပါတယ်။ဥပမာအနေနဲ့ ဆားတွေးဖျော်ထားတဲ့ အရည်ထဲကို နောက်ထပ် ရေသီးသန့် ထပ်မံပျော်ဝင်သွားတာကိုဆိုလိုတာပါ။နောက် Osmosis ဆိုတာက အရည်တစ်ခုဟာ ကြားခံ ပစ္စည်းတစ်ခုခုကို ဖြတ်သန်းပြီး နောက်ထပ်ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို ရောက်အောင် ဖြတ်သန်းသွားနိုင်တဲ့ ဂုဏ်သတ္တိတစ်ခုပါ။ ဥပမာအနေနဲ့ တစ်ဖက်က ဆားတွေအများကြီးဖျော်ထားတဲ့ အရည်နဲ့ တစ်ဖက်က ရေတွေထည့်ထားတဲ့ ပိုက်နှစ်လုံးကို ထောင်ထားမယ် ရေ level လဲတူတယ် အဲ့ဒီပိုက်နှစ်ခုကို ကြားကနေ ရေပဲဖြတ်သန်းလို့ရတဲ့ ပိတ်စလိုပစ္စည်းကို ကြားခံပြီးပိုက်နှစ်ခုဆက်ပေးလိုက်ရင် ရေသီးသန်းထည့်ထားတဲ့ ပိုက်ထဲကရေတွေက ဆားတွေဖျော်ထားတဲ့ ပိုက်ထဲကို ရေတွေဟာ ရေအမြင့်ကနေ အနိမ့်ကို စီးဆင်းတယ်ဆိုတဲ့ နိယာမကို ဆန့်ကျင်ပြီးတော့ စီးဆင်းသွားပါတယ်။



ပုံကိုကြည့်ပါ တစ်ဖက်မှာ ဆားတွေဖျော်ထားတဲ့ အရည်ပါ တခြားတစ်ဖက်က ရိုးရိုးရေပါ ဒါပေမယ့် ဆားတွေဖျော်ထားတဲ့ ရေက Level ပိုမြင့်ပေမယ့်လဲ ရိုးရိုးရေ ထည့်ထားတဲ့ ဘက်ကရေဟာ ဆားတွေဖျော်ထားတဲ့ ဘက်ကို စီးသွားပါတယ်။ စာဖတ်သူအနေနဲ့ စမ်းသပ်ကြည့်လိုပါက ပိတ်စအစား ကြက်ဥကို ပြုပ်ပြီး အထဲက ရရှိတဲ့ အရေခွံပါးလေးကို ကြားနေအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Reverse Osmosis ဆိုတာဘာလဲ

Reverse Osmosis ဆိုတာက စောစောကပြောခဲ့တဲ့ Osmosis ရဲ့ပြောင်းပြန်ပါ သူက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့အရည်တွေကိုLayer တစ်ခုခုကိုဖြတ်သန်းပြီးအရည်အဖြစ်ပြန်လဲတာလို့ အကြမ်းဖျင်းသိထားရင်ရပါတယ်။ဒါပေမယ့်သူမှာတော့အပြင်ကနေသီးသန့်ဖိအားတစ်ခုခုလိုအပ်ပါ တယ်။


ပုံကိုကြည့်ပါ တစ်ဖက်မှ ဖိအားပေးလိုက်သော အခါ ကြားခံပစ္စည်းကို ဖြတ်သန်းပြီးတော့ ဆားတွေကြားထဲမှာရှိတဲ့ရေဟာ ရေအသန့်အဖြစ် တခြားဖက်သို့ရောက်ရှိသွားပါတယ်။ နောက်……အခုနည်းပညာကို ရေသန့်စင်တဲ့ လုပ်ငန်းတွေမှာ အဓိက အသုံးပြုကြပါတယ်။

Reverse Osmosis နှင့် စိုက်ပျိုးရေး


အခုခေါင်းစဉ်ထဲမှာ အဓိကပိုင်းဝင်မယ့် အပိုင်းတွေကတော့ အပင်ရဲ့ အမြစ်နဲ့ ဓာတ်မြေသြဇာနှစ်ခုပါပဲ။ဒီနှစ်ခုဟာအပင်ရဲ့ဓာတ်မြေသြဇာရယူနိုင်မယ့်ပမာဏအပေါ်များစွာမှီခိုနေပါ တယ်။ သာမာန်အနေအထားအရ အပင်တစ်ပင်ကို ဓာတ်မြေသြဇာကျွေးလိုက်တယ်ဆိုကြပါဆို့ ပြီးရင်ရေလောင်းလိုက်တယ် ဒါဆိုရင် အပင်ကနေ ဓာတ်မြေသြဇာကို ရလိုက်ပြီ စုပ်ယူနိုင်ပြီလို့ မှတ်ယူနိုင်ပါတယ်။ဒါကသာမာန်Osmosis ကိုအခြေခံပြီးတော့ ဖြစ်သွားတဲ့အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။ မျက်စိထဲမြင်ကြည့်ကြပါစို့……. အပင်အမြစ်ကို ရေစစ်လို ပစ္စည်း ၊ အပင်ထဲမှာ ရေအနည်းအကျဉ်းရှိတယ် အပြင်ကနေထပ်စောင်းပြီးတော့ ဓာတ်မြေသြဇာနဲ့ ရေကို ထည့်ပေးတယ်ဆိုကြပါစို့……


စောစောကပြောခဲ့ကြတဲ့ အတိုင်း Osmosis အဖြစ်အတိုင်းဆိုရင် လောင်းထည့်ထားတဲ့ ရေဟာ အပင်ထဲကို မရောက်ပဲ Osmosis နည်းအရ အပြင်ကို ပြန်ထွက်သွားမှာပါ။ ဒါဆိုရင် အပင်ထဲကို ရေရောက်ဖို့ဆိုရင် Reverse Osmosis နည်းနဲ့မှ  အပြင်ကရေတွေရော ထည့်ထားတဲ့ ဓာတ်မြေသြဇာတွေပါ အပင်ထဲကိုရောက်မှာပါ။

ဒါဆို ဓာတ်မြေသြဇာထည့်လိုက်တိုင်း အပင်ကရယူနိုင်ပါ့မလား…….

ဟုတ်ကဲ့ နည်းစနစ်မမှန်ရင်တော့ မရနိုင်ပါဘူး……ဘာလို့လဲဆိုတော့ အပင်ကရေကို ရယူနိုင်ဖှိုဆိုရင် Reverse Osmosis နည်းစနစ်နဲ့ ရယူတာဖြစ်တဲ့ အတွက် အပြင်ကနေ ဖိအား သို့မဟုတ် စွမ်းအားတစ်ခုခုလိုအပ်ပါတယ်.။

ဖြေရှင်းနည်း


စိုက်ပျိုးရေးသမားတိုင်းကြားဖူးနေကြစကားပါဓာတ်မြေသြဇာကျွေးပြီးရင်ရေများများလောင်းရမယ်လို့ပါ။ဟုတ်ပါတယ်……..စောစောကပြောခဲ့သလိုပဲ reverse Osmosis နည်းဖြစ်ဖို့ဆိုရင် အပြင်ကနေ စွမ်းအားတစ်ခုခုပေးမှရမှာပါ။ဒါဆိုသာမန်Osmosis နဲ့ အပင်ကရေရအောင်လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်။ ဘာလိုဖြေရှင်းမလဲဆိုတော့ ရေများများလောင်းပေးပါ ဒါမှသာလျှင် အပြင်ကနေထည့်သွင်းလိုက်တဲ့ရေဟာ အပင်ထဲကိုရောက်ပြီး ထပ်မံထည့်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာတွေပါ အပင်ကရယူနိုင်မှာဖြစ်ပါတယ်။




အကျဉ်းချုပ်

အကျဉ်းချုပ်ရမယ်ဆိုရင် ရေဆိုတာများတာကနေ နည်းတာကို သွားတာပါ။ ဒီတော့ အပင်ထဲမှာ ရေများနေမယ်ဆိုရင် နောက် အပင်ကရေထပ်ယူနိုင်ဖို့ဆိုရင် အပင်ထဲမှာရှိတဲ့ ရေပမာဏထက်များတဲ့ ပမာဏကို လောင်းပေးထည့်ပေးမှသာလျင် အပင်ကရယူနိုင်မှာ ဖြစ်ပါတယ်။
နောက် ဓာတ်မြေသြဇာတွေ ထည့်ပြီးရေလောင်းလိုက်မယ်ဆိုလျင် Osmosis နည်းကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဒါပေမယ့် ထည်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာနဲ့ ရေကို အပင်က ရယူနိုင်ဖို့ဆိုရင် ရေပမာဏများများလောင်းပေးဖို့လိုပါတယ်။

Note

ဒီဆောင်းပါးလေးကတော့ အပင်နဲ့ Osmosis ကို အဓိကထားပြောချင်တာပါ။ အပင်ကိုဓာတ်မြေသြဇာတွေ ထည့်မယ် ရေလောင်းပေးတာနည်းမယ်ဆိုရင် အပင်က ဘာကြောင့် ဓာတ်မြေသြဇာတွေ မစုပ်ယူနိုင်လဲဆိုတာကို အဓိကထား ပညာပေးချင်တာပါ……..

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ………

စာအုပ်အဖြစ်သိမ်းထားလိုပါက Download

Friday, April 21, 2017

မှိုမျိုးအလွယ်တကူပွားကြမယ်


အခုဆိုရင်မှိုစိုက်ပျိုးရေးဟာအများအပြားနဲ့စီးပွားဖြစ်လုပ်ဆောင်လာကြသောစိုက်ပျိုးရေးလုပ်ငန်းတစ်

ခု  ဖြစ်လာပါတယ်။ဒါပေမယ့်ဈေးကွက်အတွင်းမှာဆိုရင်မှိုကိုစနစ်တကျနဲ့စီးပွားဖြစ်သာစိုက်ပျိုးထုတ်  

လုပ်ကြမယ်ဆိုရင်အလွန်အရင်းများသောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။နောက်ဈေးကွက်အတွင်း

မှာဆိုရင်မှိုစိုက်ပျိုးထုတ်လုပ်ရေးထက်စာလျှင်မှိုမျိုးပွားထုတ်လုပ်သူတွေဟာဆိုရင်အလွန်ပဲနည်းပါးလှပါ

တယ်။ မှိုမျိုးပွား ထုတ်လုပ်တဲ့လုပ်ငန်းဟာဆိုလျှင် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းထက်စာလျှင် အရင်း

အနှီးလွန်စွာနည်းပါးပြီး Risk နည်းပါးသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်အပေါ်ကအချက်တွေကိုသိရှိပေမယ့်လည်းမျိုးပွားတဲ့နည်းလမ်းကိုသိရှိမှုနည်းပါးခြင့်း နည်း

ပညာအခက်အခဲများကြောင့်မှိုမျိုးပွားတဲ့လုပ်ငန်းကိုလုပ်ကိုင်ကြတဲ့သူများနည်းပါးလျှက်ရှိတာကိုတွေ
ကြရပါတယ်။နောက်မှိုမျိုးအား ကိုယ်တိုင်ကိုယ်ကြ ပွားများစိုက်ပျိုးခြင်းသည် မျိုးအားမှာယူရသည့် ဒုက္ခမှ 

ကင်းဝေးစေပြီး မိမိလိုချင်သောမျိုးအား မှိုတစ်ပွင့်မှစ၍ အလွယ်တကူပွားများယူနိုင်မှာဖြစ်ပါတယ်။   
    
အခုတင်ပြမယ့်နည်းလမ်းကသိပ္ပံနည်းကျမဟုတ်ပေမယ့်သာမာန်အလွယ်တကူပွားများနိုင်မှာဖြစ်ပါ 

ယ်။

ပထမဦးဆုံး လိုအပ်တဲ့ ပစ္စည်းတွေကတော့

(၁) မှိုမျိုး (မိမိပွားမည့် မှိုအပွင့် သက်တမ်းမရင့်ရပါ နုနုနယ်နယ်လဲ မရပါ)
(၂) ဂျုံစေ့ (သို့) ပြောင်းစေ့
(၃) ကဒ်ထူစက္ကူ
(၄) မှိုမျိုးထည့်ရန် ပုလင်းတို့ ရှိရုံမျှဖြင့် အလွယ်တကူ မျိုးပွားနိုင်မှာဖြစ်ပါတယ်။



ပထမဦးဆုံး မျိုးမျိုးပွားရန်အတွက် ဂျုံစေ့ သိုမဟုတ် ပြောင်းစေ ကို မိမိမျိုးထည့်မည့် ပုလင်းအနေအ

ထားအား ခန့်မှန်း ဂျုံစေ့ သို့ပြောင်းစေ့အား ရေတစ်ညစိမ်ရန်လိုအပ်ပါသည်။ ထို့နောက် မရင့်လွ

န်း မနုလွန်းသော မှိုမျိုး၎-၅ ပွင့်ခန့်လိုအပ်ပါသည်။ ထို့နောက် ကဒ်ထူ စက္ကူအား ရေနွေးနှင့် ၁၀ မိနစ် 

ခန့် စိမ်ရပါမည်။ ထို့နောက် ပုံးတစ်ခုအတွင်းတွင် အောက်ခြေတွင် ရေနွေးဖျောထားသော ကဒ်ထူ

အား ဦးစွာထည့် ခြေမွှထားသော မှိုများအား ကဒ်ထူတစ်ထပ် မှိုတစ်ထပ်ဖြင့် ထပ်ထားရပါမည်။ ထို
နောက် ပုံးအား လေလုံစွာထား၂ည ခန့်ထားရပါမည်။

ထိုအချိန်တွင် ဂျုံစေ့ (သို့) ပြောင်စေ့အားေ၇စစ်အောင်ထားခြောက်သွေ့အောင်ပြုလုပ်ရပါမည်။ ထို့

နောက် ပုလင်းအတွင်းသို့ထားရပါမည်။ မှိုမျိုးထည့်ထားသည့် ကာလ ၂ရက်ခန့် အကြာတွင် မှိုမျှင်များ 

စတင်ထွက်ပေါ်လာပြီး ထိုမှိုမျှင်များအား ယူဆောင်ဂျုံစေ့ (သို့) ပြောင်းစေ့ထည့်ထားသော ပုလင်းအ

တွင်းသို့ လောက်စလုံးတစ်လုံးစာခန့်ထည့်ရပါမည်။ မှိုမျှင်များ ပွားများရန်အတွက် အနည်းဆုံး ရက်ပေါင်း

 ၂၀ခန့်လိုအပ်ပါသည်။ ထို့ကြောင့် မှိုမျိုးများ ပြုလုပ်ရောင်းချသူများအနေဖြင့် မိမိ၏ Order နှင့် ချင့်ချိန် မှို

များပွားများရန်လိုအပ်ပါသည်။



























တောင်သူဦးကြီးများ ကြီးပွားတိုးတက်ကြပါစေ…….



                                 စာအုပ်အဖြစ်သိမ်းထားလိုလျှင် Download