Sunday, May 28, 2017

Hydroponic အကြောင်းတစေ့တစောင်း

Tags


What is Hydroponic?

Hydropponic ဆိုတာကတော့ ရေကို အသုံးပြုပြီးစိုက်ပျိုးတဲ့ နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။

နောက်တစ်ခုက မြေမဲ့စိုက်ပျိုးနည်းတစ်ခုဖြစ်ပြီး အသုံးပြုထားတဲ့ ရေထဲမှာဆိုရင် အာဟာရဖျော်ရည်တွေကို

 ထည့်သွင်းပြီးစိုက်ပျိုးနည်းတစိခုပဲဖြစ်ပါတယ်။ မျက်စိထဲထင်သာအောင်ပြောရရင် ထိကရုံး၊ ဗေဒါကဲ့သိုသော

 အပင်ကို ရေထဲမှာ ပေါက်ရောက်နေသကဲ့သို့ပင်ဖြစ်သည်။ သိုသော် ထိုရေထဲတွင် အာဟာရပျော်ရည်များ ဖျော် 

စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။

Hydroponic သမိုင်းကြောင်းးးး

Hydroponic နည်းပညာဟာဆိုရင် 1700 ခုနှစ်နောက်ပိုင်းများတွင် စတင် လူသိများလာပြီး စတင်စိုက်ပျိုးလာခြင်

းဖြစ်ပါတယ်( from Wiki) ။Hydroponic နည်းပညာကို ၁၆၉၉ ခုနှစ်မှာ John Woodward ဆိုသူက စတင်မိတ်ဆ

က်ပေးခဲ့သော်လည်း သူသေပြီးနောက်ပိုင်းမှသာလျှင် Hydroponic နည်းပညာက စတင်တွင်ကျယ်လာခြင်းဖြစ်ပါ

တယ်။ နောက် Water Culture ဆိုသည့် စိုက်ပျိုးနည်းပညာဟာဆိုရင်လည်း Hydroponic နည်းပညာ ပေါ်ပြီးမှ

သာလျှင် နည်းပညာ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

Hydroponic ရဲ့ ကောင်းကျိုးဆိုးကျိုးများ

ကောင်းကျိုးများ

(၁) အဓိကကတော့ မြေကြီးမလိုပါဘူး

(၂) အရည်အသွေးပြည့်ဝတဲ့ သီးနှံပင်တွေရရှိပါတယ်

(၃)ရိတ်သိမ်းရလွယ်ကူခြင်း

(၄) အာဟာရဓာတ်များကို အပြည့်အ၀နဲ့ အလွယ်တကူရယူနိုင်ခြင်း

ဆိုးကျိုးများ

(၁) အပင်တစ်ပင်ရောဂါကျရောက်ပါက အလျှင်အမြန် အကူးမြန်ခြင်း

(၂)ကုန်ကျစရိတ်ကြီးမားခြင်း

(၃) နည်းပညာကျွမ်းကျင်မှု အဓိက လိုအပ်ပါတယ်။



Hydroponic အမျိုးအစားများ

(၁)ရေဖြန်းစနစ်ကဲ့သို့သော Hydroponic












ဒီစနစ်မှာဆိုရင်တော့ အပင်အတွက် ရေမြုပ်ကဲ့သို့သောကြားခံပစ္စည်းပေါ်တွင် စိုက်ပျိုးပြီးတော့ ထိုကြားခံပစ္စည်း

ကို ရေဖြန်းစနစ်ကဲ့သို့ ပက်ဖြန်းခြင်းဖြင့် အပင်မှ အာဟာရဓာတ်များရရှိခြင်းပင်ဖြစ်ပါသည်။

(၂)ရေအမြဲတစေနေ စိုက်ပျိုးသော Hydroponic


















အသုံးများဆုံးသော နည်းစနစ်တခုဖြစ်ပြီး အပင်အတွက် အာဟာရပျော်ရည်များကို 24 နာရီပတ်လုံး ပေးစွမ်းနိုင်ေ

သာ နည်းစနစ်ဖြစ်ပါသည်။

(၃)စိုတစ်ခါခြောက်တစ်လှည့် Hydroponic












ဒီနည်းစနစ်ကတော့ လူသုံးနည်းသော နည်းစနစ်တစ်ခုဖြစ်ပါတယ်။ အခုနည်းစနစ်မှာဆိုရင်တော့ အဓိက အားန

ည်းချက်ကတော့ အပင်၏ အာဟာရဓာတ်လိုအပ်မှုနဲ့ ရေလိုအပ်ချက်ကို အဓိကထားသိရှိမှသာလျှင်အောင်မြင်နိုင်ေ

သာ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ သို့သော် အပင်အတွက် အာဟာရ၊ အစိုဓာတ်ကို အချိန်မှန်နှင့် တိကျစွာ ကျွေးနိုင်

ပါက ထိရောက်သော နည်းစနစ်တစ်ခုဖြစ်ပါတယ်။


Hydroponic အတွက် ကြားခံပစ္စည်း(သို့မဟုတ်) အပင်ရပ်တည်နိုင်ဖို့ကြားခံပစ္စည်း


မြန်မာနိုင်ငံအတွက်ဆိုရင်တော့ သဘာဝကရရှိတဲ့ အုန်းခွံကဲ့သို့သော၊ စပါးခွံများနဲ့ ကျောက်ခဲများကို အဓိက

ထား အသုံးပြုနိုင်ပါတယ်။နောက် ၀ါဂွမ်းကဲ့သို့သော ပစ္စည်းများ၊ နှင့် တခြားရေစုပ်နိုင်ပြီး အပင်ရပ်တည်နိုင်ရန်အ

တွက် အထောက်အပံ့ပေးနိုင်သော ပစ္စည်းများကိုလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရမည့် အချက်များ



(၁) အာဟာရပျော်ရည်ရရှိနိုင်ဖို့ အသုံးပြုသော ပစ္စည်းကို သတိထားအသုံးပြုသင့်ပါသည်။ အဘယ့်ကြောင့်  

ဆိုသော် Organic ပစ္စည်းသုံးသုံး Inorganic ပစ္စည်းသုံးသုံး CO2 ထွက်တဲ့နှုန်းကို အထူးဂရုစိုက်သင့်ပါသည်။ ရေ

ကန်အတွင်း CO2 များပြားလာပါက အပင် ကြီးထွားမှုနှောင့်နေးခြင်း များဖြစ်ပေါ်နိုင်ပါသည်။

(၂) အပင်တစ်ပင်တွင် ရောဂါကျရောက်မှုကိုတွေ့ရှိပါက အမြန်ဆုံး ဖယ်ရှားပစ်ခြင်းနှင့် ကာကွယ်ဆေးများ အသုံးပြူ

သင့်ပါသည်။

တောင်သူဦးကြီးများကြီးပွားတိုးတက်ကြပါစေ

Pests and Diseases Damage Firecastor




 စာအုပ်အဖြစ်သိမ်းထားလိုပါက Download






EmoticonEmoticon