Showing posts with label စိုက်ပျိုးနည်းပညာ. Show all posts
Showing posts with label စိုက်ပျိုးနည်းပညာ. Show all posts

Monday, August 14, 2017

စိုက်ပျိုးရေးလုပ်ငန်းတွင် မှတ်တမ်းထားရှိခြင်း





ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နေသော အဖွဲ့အစည်း များနှင့် ဖွဲ့ဖြိုးဆဲနိုင်ငံအချို့ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ငန်းနှင့်
သက်ဆိုင်သော မှတ်တမ်းများထားလေ့ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင်မှတ်တမ်း(လယ်ဂျာ)ထားခြင်းဖြင့်  

စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် ငွေကိုမည်သည့်နေရာတွင် မည်သို့သုံးစွဲလျှင်

ပိုမိုအကျိုးရှိသည်ကိုသိရမည်ဖြစ်သည်။ယခင်စိုက်ပျိုးထုတ်လုပ်မှုတ်တမ်းထားရှိခဲ့လျှင်

နောက်ထပ်ထပ်မံစိုက်ပျိုးထုတ်လုပ်သောအခါအသုံးစရိတ်များကို ကောင်းစွာစီမံနိုင်မည်

ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထားသင့်သော မှတ်တမ်းအမျိုးအစား(၇)မျိုး ရှိသည်

(၁) ထုတ်လုပ်နေ့စဉ်မှတ်တမ်း

ထိုမှတ်တမ်းတွင်စိုကိပျိုးရေးလုပ်ငန်းမှနေ့စဉ်ကြုံတွေ့လုပ်ကိုင်ရသော အရာအားလုံးကို မှတ်သားထားသည်။

(၂) လုပ်ငန်းအမာခံ အရင်းအနှီး မှတ်တမ်း

ထိုမှတ်တမ်းတွင်မြေပိုင်ဆိုင်မှုစိုက်ပျိုးရေးသုံးပစ္စည်းပိုင်ဆိုင်မှုနှင့်သိုလှောင်ရုံ အခြေအနေပိုင်ဆိုင်မှုတို.့ပါဝင်သည်။

(၃)သွင်းအားစု မှတ်တမ်း

ထိုမှတ်တမ်းတွင် ဓာတုဆေးများ(မြေသြဇာ၊ပိုးနှင့်မှိုသတ်ဆေး) သုံးစွဲမှု မှတ်တမ်း

။ အသုံးပြုသည့်ဆေးနှုန်းထား၊ကုန်ကျစရိတ်တန်ဖိုး၊ပိုးမွှားရောဂါကျရောက်မှု

အခြေအနေတို့ပါဝင်သည်။

(၄) ထုတ်ကုန်မှတ်တမ်း

ထိုစာအုပ်တွင်မည်မျှထုတ်လုပ်၍တစ်ခုချင်းစီမှဝင်ငွေမည်မျှရသည်ကိုမှတ်ထားရ

သည်။ထိုမှတ်တမ်းထားရှိလျှင်မည်သည့်သီးနှံသည်အကျိုးအမြတ်

အများဆုံးရသည်ကို သိနိုင်မည်ဖြစ်သည်။



(၅) အလုပ်အကိုင်မှတ်တမ်း

အလုပ်သမားများနေ့စဉ်လုပ်ကိုင်နေသည့်လုပ်ငန်း၊အလုပ်ပြီးမြောက်မှုနှင့်

အလုပ်တစ်ခုအတွက်စုစုပေါင်းကုန်ကျသည့်

ကုန်ကျစရိတ်စုစုပေါင်းတို့ပါဝင်သည်။

(၆) အရောင်း(ရငွေ)မှတ်တမ်း

မိမိစိုက်ခင်းက ထွက်ရှိသော သီးနှံများ စုစုပေါင်းရောင်းချ၍ရသော ငွေစာရင်း ဖြစ်သည်။

(၇) စားသုံးမှုမှတ်တမ်း

ထိုမှတ်တမ်းတွင်မိမိစိုက်ခင်းထွက်ထွက်ကုန်များကိုထုတ်လုပ်သူများနှင့် မိသာစုဝင်များစားသုံးမှု မှတ်တမ်းဖြစ်သည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူတိုင်းသည်ယခုအခါ စိုက်ပျိုးထုတ်လုပ်ရေးနှင့်

ဆိုင်သောမှတ်တမ်းများ ရှိသင့်နေသည်။ မှတ်တမ်းတွင် (၇)မျိုးလုံးမထားနိုင်ပါက

နေ့စဉ်မှတ်တမ်း၊ အရင်းအနှီးနှင့်သွင်းအားစုမှတ်တမ်း၊အရောင်းရငွေ

မှတ်တမ်းများထားရှိသင့်သည်။မှတ်တမ်းထားရှိခြင်းဖြင့်ရလဒ်(အမြတ်နှင့်ဆုံးရှုံးမှု

)ကိုတွက်ချက်နိုင်မည်ဖြစ်သည်။

ဇင်ဝိုင်း-AKS(Agri-facilitator)#MyNotes@mmpddf14.8.2017ကျမ်းကိုး။ ။www.passnownow.com


စာအုပ်အဖြစ်သိမ်းထားလိုပါက  Download



Monday, May 8, 2017

Reverse Osmosis နှင့် စိုက်ပျိုးရေး




Osmosis ဆိုတာဘာလဲ


Osmosis ဆိုတာက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို နောက်ထပ် အရည်တစ်မျိုးမျိုး ပျော်ဝင်သွားတယ်လို အကြမ်းဖျင်းသိထားရင်လုံလောက်ပါတယ်။ဥပမာအနေနဲ့ ဆားတွေးဖျော်ထားတဲ့ အရည်ထဲကို နောက်ထပ် ရေသီးသန့် ထပ်မံပျော်ဝင်သွားတာကိုဆိုလိုတာပါ။နောက် Osmosis ဆိုတာက အရည်တစ်ခုဟာ ကြားခံ ပစ္စည်းတစ်ခုခုကို ဖြတ်သန်းပြီး နောက်ထပ်ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့ အရည်ထဲကို ရောက်အောင် ဖြတ်သန်းသွားနိုင်တဲ့ ဂုဏ်သတ္တိတစ်ခုပါ။ ဥပမာအနေနဲ့ တစ်ဖက်က ဆားတွေအများကြီးဖျော်ထားတဲ့ အရည်နဲ့ တစ်ဖက်က ရေတွေထည့်ထားတဲ့ ပိုက်နှစ်လုံးကို ထောင်ထားမယ် ရေ level လဲတူတယ် အဲ့ဒီပိုက်နှစ်ခုကို ကြားကနေ ရေပဲဖြတ်သန်းလို့ရတဲ့ ပိတ်စလိုပစ္စည်းကို ကြားခံပြီးပိုက်နှစ်ခုဆက်ပေးလိုက်ရင် ရေသီးသန်းထည့်ထားတဲ့ ပိုက်ထဲကရေတွေက ဆားတွေဖျော်ထားတဲ့ ပိုက်ထဲကို ရေတွေဟာ ရေအမြင့်ကနေ အနိမ့်ကို စီးဆင်းတယ်ဆိုတဲ့ နိယာမကို ဆန့်ကျင်ပြီးတော့ စီးဆင်းသွားပါတယ်။



ပုံကိုကြည့်ပါ တစ်ဖက်မှာ ဆားတွေဖျော်ထားတဲ့ အရည်ပါ တခြားတစ်ဖက်က ရိုးရိုးရေပါ ဒါပေမယ့် ဆားတွေဖျော်ထားတဲ့ ရေက Level ပိုမြင့်ပေမယ့်လဲ ရိုးရိုးရေ ထည့်ထားတဲ့ ဘက်ကရေဟာ ဆားတွေဖျော်ထားတဲ့ ဘက်ကို စီးသွားပါတယ်။ စာဖတ်သူအနေနဲ့ စမ်းသပ်ကြည့်လိုပါက ပိတ်စအစား ကြက်ဥကို ပြုပ်ပြီး အထဲက ရရှိတဲ့ အရေခွံပါးလေးကို ကြားနေအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Reverse Osmosis ဆိုတာဘာလဲ

Reverse Osmosis ဆိုတာက စောစောကပြောခဲ့တဲ့ Osmosis ရဲ့ပြောင်းပြန်ပါ သူက ဓာတ်ပစ္စည်းတွေပျော်ဝင်နေတဲ့အရည်တွေကိုLayer တစ်ခုခုကိုဖြတ်သန်းပြီးအရည်အဖြစ်ပြန်လဲတာလို့ အကြမ်းဖျင်းသိထားရင်ရပါတယ်။ဒါပေမယ့်သူမှာတော့အပြင်ကနေသီးသန့်ဖိအားတစ်ခုခုလိုအပ်ပါ တယ်။


ပုံကိုကြည့်ပါ တစ်ဖက်မှ ဖိအားပေးလိုက်သော အခါ ကြားခံပစ္စည်းကို ဖြတ်သန်းပြီးတော့ ဆားတွေကြားထဲမှာရှိတဲ့ရေဟာ ရေအသန့်အဖြစ် တခြားဖက်သို့ရောက်ရှိသွားပါတယ်။ နောက်……အခုနည်းပညာကို ရေသန့်စင်တဲ့ လုပ်ငန်းတွေမှာ အဓိက အသုံးပြုကြပါတယ်။

Reverse Osmosis နှင့် စိုက်ပျိုးရေး


အခုခေါင်းစဉ်ထဲမှာ အဓိကပိုင်းဝင်မယ့် အပိုင်းတွေကတော့ အပင်ရဲ့ အမြစ်နဲ့ ဓာတ်မြေသြဇာနှစ်ခုပါပဲ။ဒီနှစ်ခုဟာအပင်ရဲ့ဓာတ်မြေသြဇာရယူနိုင်မယ့်ပမာဏအပေါ်များစွာမှီခိုနေပါ တယ်။ သာမာန်အနေအထားအရ အပင်တစ်ပင်ကို ဓာတ်မြေသြဇာကျွေးလိုက်တယ်ဆိုကြပါဆို့ ပြီးရင်ရေလောင်းလိုက်တယ် ဒါဆိုရင် အပင်ကနေ ဓာတ်မြေသြဇာကို ရလိုက်ပြီ စုပ်ယူနိုင်ပြီလို့ မှတ်ယူနိုင်ပါတယ်။ဒါကသာမာန်Osmosis ကိုအခြေခံပြီးတော့ ဖြစ်သွားတဲ့အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။ မျက်စိထဲမြင်ကြည့်ကြပါစို့……. အပင်အမြစ်ကို ရေစစ်လို ပစ္စည်း ၊ အပင်ထဲမှာ ရေအနည်းအကျဉ်းရှိတယ် အပြင်ကနေထပ်စောင်းပြီးတော့ ဓာတ်မြေသြဇာနဲ့ ရေကို ထည့်ပေးတယ်ဆိုကြပါစို့……


စောစောကပြောခဲ့ကြတဲ့ အတိုင်း Osmosis အဖြစ်အတိုင်းဆိုရင် လောင်းထည့်ထားတဲ့ ရေဟာ အပင်ထဲကို မရောက်ပဲ Osmosis နည်းအရ အပြင်ကို ပြန်ထွက်သွားမှာပါ။ ဒါဆိုရင် အပင်ထဲကို ရေရောက်ဖို့ဆိုရင် Reverse Osmosis နည်းနဲ့မှ  အပြင်ကရေတွေရော ထည့်ထားတဲ့ ဓာတ်မြေသြဇာတွေပါ အပင်ထဲကိုရောက်မှာပါ။

ဒါဆို ဓာတ်မြေသြဇာထည့်လိုက်တိုင်း အပင်ကရယူနိုင်ပါ့မလား…….

ဟုတ်ကဲ့ နည်းစနစ်မမှန်ရင်တော့ မရနိုင်ပါဘူး……ဘာလို့လဲဆိုတော့ အပင်ကရေကို ရယူနိုင်ဖှိုဆိုရင် Reverse Osmosis နည်းစနစ်နဲ့ ရယူတာဖြစ်တဲ့ အတွက် အပြင်ကနေ ဖိအား သို့မဟုတ် စွမ်းအားတစ်ခုခုလိုအပ်ပါတယ်.။

ဖြေရှင်းနည်း


စိုက်ပျိုးရေးသမားတိုင်းကြားဖူးနေကြစကားပါဓာတ်မြေသြဇာကျွေးပြီးရင်ရေများများလောင်းရမယ်လို့ပါ။ဟုတ်ပါတယ်……..စောစောကပြောခဲ့သလိုပဲ reverse Osmosis နည်းဖြစ်ဖို့ဆိုရင် အပြင်ကနေ စွမ်းအားတစ်ခုခုပေးမှရမှာပါ။ဒါဆိုသာမန်Osmosis နဲ့ အပင်ကရေရအောင်လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်။ ဘာလိုဖြေရှင်းမလဲဆိုတော့ ရေများများလောင်းပေးပါ ဒါမှသာလျှင် အပြင်ကနေထည့်သွင်းလိုက်တဲ့ရေဟာ အပင်ထဲကိုရောက်ပြီး ထပ်မံထည့်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာတွေပါ အပင်ကရယူနိုင်မှာဖြစ်ပါတယ်။




အကျဉ်းချုပ်

အကျဉ်းချုပ်ရမယ်ဆိုရင် ရေဆိုတာများတာကနေ နည်းတာကို သွားတာပါ။ ဒီတော့ အပင်ထဲမှာ ရေများနေမယ်ဆိုရင် နောက် အပင်ကရေထပ်ယူနိုင်ဖို့ဆိုရင် အပင်ထဲမှာရှိတဲ့ ရေပမာဏထက်များတဲ့ ပမာဏကို လောင်းပေးထည့်ပေးမှသာလျင် အပင်ကရယူနိုင်မှာ ဖြစ်ပါတယ်။
နောက် ဓာတ်မြေသြဇာတွေ ထည့်ပြီးရေလောင်းလိုက်မယ်ဆိုလျင် Osmosis နည်းကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဒါပေမယ့် ထည်သွင်းလိုက်တဲ့ ဓာတ်မြေသြဇာနဲ့ ရေကို အပင်က ရယူနိုင်ဖို့ဆိုရင် ရေပမာဏများများလောင်းပေးဖို့လိုပါတယ်။

Note

ဒီဆောင်းပါးလေးကတော့ အပင်နဲ့ Osmosis ကို အဓိကထားပြောချင်တာပါ။ အပင်ကိုဓာတ်မြေသြဇာတွေ ထည့်မယ် ရေလောင်းပေးတာနည်းမယ်ဆိုရင် အပင်က ဘာကြောင့် ဓာတ်မြေသြဇာတွေ မစုပ်ယူနိုင်လဲဆိုတာကို အဓိကထား ပညာပေးချင်တာပါ……..

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ………

စာအုပ်အဖြစ်သိမ်းထားလိုပါက Download

Sunday, April 16, 2017

စိုက်ပျိုးရေးလုပ်ငန်းတွင် ဆားအား အကျိုးရှိစွာအသုံးပြုခြင်း



          "ဆား"ဆိုတာ အစားအသောက်တွေမှာပဲ အသုံးပြုကြတယ်၊ အသားငါးတွေကို ကြာရှည်အောင်
ပြုလုပ်တဲ့နေရာတွေမှာအများစုအသုံးပြုတယ်လို့အသိများကြပါတယ်။ အခုစာအုပ်လေးကတော့စိုက်
ပျိုးရေးလုပ်ငန်းတွေမှာဆားကိုအကျိုးရှိရှိအသုံးပြုမှာဖြစ်ပါတယ်။ဒီနည်းလမ်းကတော့သာမာန်စိုက်ရေး
ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ သင့်တော်မှာ မဟုတ်တဲ့ အပြင် အခုနည်းလမ်းကို အသုံးပြုသင့်တဲ
နေရာတွေကတော့ ရောဂါနှိမ်နင်းရန်အတွက်ဓာတုဆေးဝါးရှားပါးသောနေရာများနဲ့၊အော်ဂဲနစ်စို်က်
ခင်းတွေမှာ တစ်ခါတစ်ရံ အသုံးပြုသင့်ပါတယ်။ နောက်အခုနည်းလမ်းကို အသုံးပြုဖို့ဆိုရင် ကြုံတွေ့နိုင်
တဲ့ ပြသနာတစ်ခုကတော့ ဆားပါက်တဲ့ပြသနာပါ ဒါကြောင့် ဒီနည်းလမ်းကို  ကြိမ်ဖန်များစွာအသုံးပြု 
ယ်ဆိုရင် ဆားပေါက်တဲ့ ပြသနာကို ကျိန်းသေပေါက်တွေ့ကြုံရမှာ ဖြစ်ပါတယ် ဒါကြောင့် မိမိစိုက်ပျိုး
တဲ့ မြေရဲ့ အနေအထားကို သိရှိနားထားဖို့လိုအပ်ပါတယ်။ဒါ့ကြောင့်အသုံးပြုတဲ့ အခါမှာ ဆောင်ရန်
ရှောင်ရန်နဲ့ နည်းလေးတွေအကြောင်း ဆက်ကြပါစို့…….

ပထမဦးဆုံး အနေနဲ့သတိပေးချင်တာက ဒီနည်းလမ်းကို အသုံးမပြုခင်မှာ မိမိစိုက်ပျိုးတဲ့ မြေအနေ
အထားကို သိရှိထားဖို့လိုပါတယ်။ အဓိကကတော့ ဆားပေါက်လေ့ရှိတဲ့ မြေတွေမှာ အသုံးမပြု
သင့်သလို ပင်လယ်နားနီးတဲ့ မြေတွေမှာ အသုံးမပြုသင့်ပါဘူး။



အသုံးပြုတဲ့ နည်းလမ်းကတော့ ဆန်းဆန်းပြားပြားမဟုတ်ပဲ ဆားကို ရေဖျော်ပြီးဖြန်းတာပါ။ဒါပေ မယ့်  ၁ဧကကို ဆားပိသာချိန် ၃-၆ အထိပဲ  အသုံးပြုသင့်ပါတယ်။ နောက်ဆားကိုရေဖျော်ဖြန်းတာက ရောဂါတွေအတွက်ပဲ အဓိက အသုံးပြုသင့်ပါတယ်။ ဂျပန်နိုင်ငံက အဓိကသုတေသန ပြုထားတာကတော့ မှိုရောဂါတွေအတွက် အဓိက အသုံးပြုဖို့ပြောထားပါတယ်။

နောက်တစ်ခုက "ဆား"ဆိုရင်ဖြင့် Sodium Chloride ဆားတစ်ခုတည်းအတွက်ပဲ မဟုတ်ပဲ Sodium Nitrate (ယမ်းစိမ်း)၊ ယူရီးယား(Nitrogen) ကိုလဲ အသုံးပြုလို့ရပါတယ်။တကယ်လို့ယူရီးယားကိုဆားအဖြစ်အသုံးပြုမယ်ဆိုရင်ရေဖျော်၍အပင်အားဆေးအဖြစ်ရာ  ရောဂါနှိမ်နင်းရန်အတွက်ပါအသုံးပြုနိုင်ပါသည်။ယူရီးယားကိုဆစ်ပိုးနှိမ်နင်းရန်အတွက်အသုံးပြုကြည့်တဲ့အခါ နှိမ်နင်းနိုင်မှုစွမ်းရည် အတော်နည်းပါးတာကိုတွေ့ရပါတယ် (ရောဂါပိုးပွှားနှိမ်နင်းဖို့ အတွက် ထုတ်ထားတာမှ မဟုတ်တာ) ဒါပေမယ့် မှိုရောဂါတွေ အတွက်တော့ အတော်အသင့် နှိမ်နင်းနိုင်တာကို ဂျပန်နိုင်ငံရဲ့ သုတေသနတွေမှာတွေ့ရပါတယ်။

ဒါပေမယ့်မြန်မာနိုင်ငံကတောင်သူလယ်သမားများအနေဖြင့်မိမိရဲ့ရောဂါကျရောက်မှု နှုန်း၊ မြေ
ချဉ်ငံဓာတ်ကို အဓိကထည့်သွင်းစဉ်းစားပြီးမှသာလျှင် ဒီနည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ (Just Knowledge Sharing)

စာအုပ်အနေနဲ့ သိမ်းထားလိုလျှင် Download