Friday, June 22, 2018
မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း
မျိုးစေ့စိုက်ပျိုးရန်ရည်ရွယ်ထုတ်လုပ်ပြီး မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းနှုန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလမျိုးရိုးဗီဇ၊ ရုပ်သွင်ပြင်များ ထပ်တူထပ်မျှရရှိအောင် စနစ်တကျထိန်းသိမ်းထုတ်လုပ်ရရှိသော မျိုးစေ့ဖြစ်ပါသည်။
သီးနှံစေ့(Grain)
စားသုံးရန် ဦးတည်၍ တောင်သူများ မိရိုးဖလာနည်းဖြင့် မိမိလယ်မှထွက်သော သီးနှံကို အသုံးပြုပြီး သားဆက်ပေါင်းများ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းဖြင့် ရရှိလာသော ဗီဇအရည်အသွေးညံ့ဖျင်းသည့် သီးနှံစေ့ (မျိုးဆန်) ဖြစ်ပါသည်။
မျိုးကောင်းမျိုးသန့် မျိုးစေ့၏ အရည်အချင်းလက္ခဏာများ
၁။ အထွက်နှုန်းကောင်းမွန်ခြင်း၊
၂။ စားသုံးမှု အရည်အသွေး၊ အဆင့်အတန်းမြင့်မားခြင်း၊
၃။ အသက်လျင်ခြင်း၊
၎။ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊
၅။ နေရာဒေသမရွေး ဖြစ်ထွန်းအောင်မြင်ခြင်း၊
၆။ ဓာတ်မြေသြဇာ တုံ့ပြန်မှုအားကောင်းခြင်း၊
မျိုးသန့်
၁။ မျိုးရိုးဗီဇမှန်ကန်ခြင်း၊
၂။ အပင်ပေါက်နှုန်းကောင်းခြင်း၊
၃။ မျိုးစေ့စွမ်းအားဖြင့်ပြည့်စုံခြင်း၊
၎။ မျိုးစေ့အရွယ်အစားညီညာခြင်း၊
၅။ ကောင်းစွာရင့်မှည့်ခြောက်သွေ့ခြင်း၊
၆။ ပေါင်းစေ့နှင့်အခြားအစေ့များ ကင်းစင်ခြင်း၊
၇။ အဖျင်းအမှော်၊ ဖုန်၊ ခဲ၊ သဲကင်းစင်ခြင်း၊
၈။ ပိုးမွှားရောဂါ ကင်းစင်ခြင်း၊
၉။ ပိုးမွှားဖျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာကင်းစင်ခြင်း၊
၁၀။ သီးနှံအလိုက် ထူးခြားသော အရည်အချင်းများနှင့် ပြည့်စုံခြင်း။
အရည်အသွေးကောင်း မျိုးစေ့စိုက်ပျိုးခြင်း ဖြင့် ရရှိသော အကျိုးကျေးဇူးများ
၁။ ပျိုးပင်သန်စွမ်းခြင်း၊
၂။ အပင်ကြီးထွားမှုမြန်ဆန်ခြင်း၊
၃။ ပေါင်းမြက်ကင်းစင်ခြင်း၊
၎။ ပိုးမွှားရောဂါကင်းစင်ခြင်း၊
၅။ ရင့်မှည့်မှု ညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း၊
၆။ အခြားမျိုးကွဲများမပါဝင်ခြင်း၊
၇။ သီးနှံအထွက်နှုန်းကို(၁၀-၂၀)% ပိုမိုထွက်ရှိနိုင်ခြင်း၊ 
၈။ သီးနှံအရွယ်အစား ဖွံ့ဖြိုးမှုညီညာ၍ ဈေးကွက်တွင် လက်ခံမှု အားကောင်းခြင်း၊
မျိုးသန့်မျိုးစေ့ ရရန်အတွက်လုပ်ငန်းများ
၁။ သီးနှံမျိုးစေ့များကို အဆင့်ဆင့်ပွားများထုတ်လုပ်ခြင်း၊ (Seed Production) နှင့်
၂။ အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်း(Quality Control) များဖြစ်ပါသည်။
မျိုးစေ့များကို အဆင့်ဆင့် ပွားများထုတ်လုပ်ခြင်း
၁။ မိဘမျိုးစေ့(Breeder Seed)
၂။ ဆင့်ပွားမျိုးစေ့(Foundation Seed)
၃။ မျိုးသန့်မျိုးပွားမျိုးစေ့(Registered Seed)
၎။ စီးပွားဖြစ် မျိုးသန့်မျိုးစေ့(Certified Seed)
အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများ
၁။ ကွင်းဆင်းစစ်ဆေးခြင်း၊
၂။ မျိုးစေ့ နမူနာယူခြင်း၊
၃။ မျိုးစေ့ရည်အသွေး စစ်ဆေးခြင်း၊
၎။ မျိုးစေ့ ထောက်ခံချက်ပေးခြင်း၊
ကွင်းဆင်းစစ်ဆေးခြင်း
မျိုးသန့်စိုက်ခင်းတွင် မျိုးကွဲပင်များ၊ ရောဂါကျနေသည့်အပင်များ၊ မျိုးသန့်မှုကို အနှောက်အယှက်ပေးသော ပေါင်းပင်များ ရှိ|မရှိကို အောက်ပါအချိန်ကာလများတွင် ကွင်းဆင်းစစ်ဆေးရပါမည်။
၁။ ပင်ပွားစုံချိန်
၂။ ၅၀%ပန်းပွင့်ချိန်၊
၃။ မရိတ်သိမ်းမှီ ရင့်မှည့်ချိန်၊
မျိုးသန့်စိုက်ခင်းတွင် စိုက်ပျိုးထားသည့် သီးနှံပင်နှင့် အခြားမျိုးရောနိုင်သည့် သီးနှံပင်တို့ အကွာအဝေး (Isolation Distance) အားသီးနှံအလိုက် ၊ မျိုးပွားအဆင့်ဆင့်အလိုက် သတ်မှတ်ထားပါသည်။ စပါးအတွက် (၁၀)ပေဖြစ်ပါသည်
မျိုးကွဲအပင်များကို ပင်ပွား စုံချိန်တွင်တွေ့ရှိပါက အမြစ်ပါအောင်ဆွဲနှုတ်ပါ။
ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်တို့တွင် တွေ့ရပါကတံစဉ်ဖြင့် ရိတ်ဖြတ်ပါ။
ပန်းပွင့်ချိန်တွင် မျိုးကွဲအပင်များ ခွဲခြားရန် အလွယ်ကူဆုံးဖြစ်၍ အထူးအလေးပေးဆောင်ရွက်ပါ။ 
Aung Aung (23,1,2017) 
Crd တိုင်းမျိုးစေ့ ဌာနခွဲ ၊ မန္တလေး တိုင်းဒေသကြီး။
Wednesday, May 16, 2018
ဂွေး​တောက်​ပင်​စိုက်​ပျိုးနည်း
၁။အ​စေ့မှပျိုးယူခြင်း
၂။ကိုင်းဖြတ်​ပျိုးယူခြင်း
ဟူ၍နည်းနှစ်​နည်းဖြင့်​ပျိုးယူစိုက်​ပျိုးနိုင်​ပါသည်​ ။
၁။အ​စေ့မှပျိုးယူခြင်း
(က)ပျိုး​စေ့မျာရကို​ရေတနာရီခန့်​စိမ်​ထားပါ ။
(ခ)သဲသို့မဟုတ်စက်ဖွဲပြာကိုအရိပ်ကျသည့်နေရာတွင်​​ဘောင်​လုပ်​​ရေဝ​အောင်​​လောင်း​ထားပြီး​ရေစိမ်​ထားသည့်​ဂွေး​တောက်​မျိုး​စေ့ကိုပါးပါးဖြူး​ပေးပါ။ယင်းပျိုးဘောင်လေလုံအောင်ပလပ်စတစ်​အကြည်​စဖြင့်​ဖုံးအုပ်​ထား​ပေးပါ။၃ရက်​ခန့်​အကြာတွင်​အ​ညှောင့်​​လေးများ​ပေါက်​လာပါမည်​။
 (ဂ) အ​ညှောင့်​​ပေါက်​လာသည့်​​ဂွေး​တောက်​မျိုး​စေ့များကိုအသင့်​ပြုလုပ်​ထားသည့်​ ၆×၈ပျိုးအိပ်​ထဲသို့ပြောင်းရွှေ့ပေးပါအစေ့ကိုအိပ်အပေါ်ယ
ံတွင်အသာချပြီးစက်ဖွဲပြာမရှိပါကမြေသို့သဲံဖြင့်ဖုံးယံသာဖုံး​ထား​ပေးပါ။
(ဃ)ဂွေးတောက်မျိုးအညှောင့်ပေါက်ခါစကိုပျိုအိပ်ထဲမထည့်မှီရေကြိုတင်လောင်းထားပေးရပါ
မည်။ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်းကရိယာ​ဆေးဖြန်းပုံးတို့ဖြင့်​ဖြန်းပေးပြီးအရိပ်​​အောက်​တွင်​ထား​ပေးပါ။
(င)နေ့စဉ်​​မြေအစိုအ​ခြောက်​ကိုကြည့်​ပြီး​ဆေးဖြန်းပုံးဖြင့်​​ရေမှုန်​​လေးဖြန်း​အေးပါ။အရိပ်​ထဲ၃ရက်​ခန့်​ထားပါကအပင်​​လေးများ​ပေါက်​လာပါမည်​။
(စ)အရွှက်​နှစ်​ရွက်​ခန့်​ထွက်​လာပါက​နေ​ရောင်​​အောက်​သို့​ပြောင်း​ရွှေ့​ပေးပါ။
(စ)အပင်​အရွှက်​၄ /၅ ရွှက်​ခန့်​ထွက်​လာပါကအသင့်​ ပြုလုပ်​ထား​သောစိုက်​ခင်းသို့​ပြောင်း​ရွှေ့စိုက်​ပျိုးနိုင်​ပါပြီ
၂။ကိုင်းဖြတ်​ပျိုးယူစိုက်​ပျိုးခြင်း
(က)အဆစ်​မှ​​အောက်​သို့၅လက်​မခန့်​အဆစ်​တိုင်းဖြတ်​ယူစု​ဆောင်းပါ။
(ခ)၄င်းအဆစ်​တခုစီပါ​သော​ဂွေး​တောက်​ကိုင်းများကို အသင့်​ပြုလုပ်​ထား​သော ၆  ×၈ပျိုးအိပ်​များကို​ရေဝ​အောင်​​လောင်း​ပြီးပျိုးအိပ်​အလယ်​တွင်ထမင်းစားသည့်တူချောင်းဖြင့်မြေကြီးကိုထိုးချကာအ​ပေါက်​ဖြစ်​​အောင်​လုပ်​ပြီး​ဂွေး​တောက်​ကိုင်းကိုအဆစ်​ပါသည့်​ဘက်​ကို၁လက်​မခန့်​​ဖော်​ထားပြီးအရင်းဘက်​ကိုတူ​ချောင်းဖြင့်​အ​ပေါက်​​ဖော်ထားသည့်နေရာတွင်ထိုးထည့်ကာမြေက
ိုကြပ်​​နေ​အောင်​ဖိထား​ပေးပါ။
(ဂ)ဂွေး​တောက်​ပျိုးကိုင်းထည့်​ပြီးသည့်​​ပျိုးအိပ်​ကိုအရိပ်​​အောက်​တွင်​ထား​ပေးပါ။
(ဃ)နေ့စဉ်​​မြေအ​ခြောက်​အစိုကိုကြည့်​၍​ဆေးဖြန်းပုံးဖြင့်​​ရေလိုသ​လောက်​ဖြန်း​ပေးပါ။
(င)၁၀ရက်​ခန့်​အကြာတွင်​ရွှက်​သစ်​များထွက်​လာပါမည်​။အမြစ်များကတလခန့်မှထွက်လာမည်​ဖြစ်​၍၄၅ရက်​​​ကျော်​မှ​မြေချစိုက်​သင့်​ပါသည်​။
 မြေချစိုက်​ပျိုးခြင်း
Credit - စိုက်​ပျိုး​ရေးနှင့်​ အ​ထွေ​ထွေဗဟုသုတ
စိုက်​ပျိုး​ရေး စွယ်​စုံကျမ်း (မြန်​မာ)
Monday, May 14, 2018
အင်းဆက်​တို့၏​ အပြုအမူနှင့်​ ဘဝစက်​ဝန်း Insects of Comportment and Life cycle
မျိုး​ပေါင်း( Class ) အင်​ဆက်​တာ( Insecta )
အောက်​တွင်​ ၁။ အ​တောင်​မရှိသည့်​ အင်းဆက်​များ
( Aptergota ) နှင့်​ ၂။ အ​တောင်​ရှိပြီး 
အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များ
( Pterygota )ဟူ၍ မျိုး​ပေါင်းခွဲ ( Sub-Class )
နှစ်​မျိုးခွဲခြားထားသည်​။
     က ။ Protura
      ခ ။ Collembola
      ဂ ။ Thysanura
      ဃ။ Diplura ဟူ၍ 
 မျိုးစဉ်​( Order ) ၄ မျိုးခွဲထားသည်​။
၂။ ( Pterygota ) ​အောက်​တွင်​တဝက်​တပြက်​ အသွင်​​ပြောင်းခြင်း
( Incomplete metamorphosis )နှင့်​ပြီးပြည့်​စုံ​သော အသွင်​​ပြောင်းခြင်း ( Complete metamorphosis )ဟူ၍အင်းဆက်​တို့၏ ဘဝစက်​ဝန်း( Life Cycle )​အပေါ်မူတည်​ပြီး အသွင်​​ပြောင်းလဲပုံနှစ်​မျိုး​တွေ့ရသည်​။
အင်းဆက်​ပိုးများသည်​ များ​သောအားဖြင့်​ အ​ကောင်​လိုက်​​ပေါက်​သည့်​ မျိုးနွယ်​များမဟုတ်​ပဲ မိခင်​အင်းဆက်​အမမှဥအုပြီး​နောက်​ တဝက်​တပြက်​ အသွင်​​ပြောင်းခြင်းရှိသည့်​အင်းဆက်​များတွင်​ အရွယ်
ရောက်​ရန်​ ဥဘဝ( Egg )မှ အ​ကောင်​​ပေါက်​လာပြီး ပိုးမမည်( Nymph )အဆင့်​သို့​ရောက်​ရှိလာသည်​ ၎င်းအဆင့်​တွင်​ အရွယ်
ရောက်​​အ​ကောင်​ကြီးများနှင့်​ ရုပ်​သွင်​အရတူညီမှုရှိသည်​။ ထို့​နောက်​ ရုပ်​ဖုံးဘဝမဖြတ်​သန်းရပဲ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ အရေခွံအကြိမ်​ကြိမ်​လဲခြင်းဖြင့် အရွယ်​​ရောက်​အကောင်ကြီး( Adult ) အဖြစ်ရောက်ရှိသည်။ဥပမာ။ နှံ​ကောင်​၊ ရှိခိုး​​ကောင်​၊ ပုစဉ်းပြီးပြည့်​စုံစွာ အသွင်​​ပြောင်းလဲခြင်းရှိသည့်​ အင်းဆက်​များတွင်​ မိခင်​အင်းဆက်​အမမှဥ( Egg )အုပြီး​နောက်​ ဥဘဝမှ လောက်ကောင်ဘဝ( Larva ) လောက်ကောင်မှ ပိုးရုပ်ဖုံး( Pupa )ပိုးရုပ်ဖုံးမှ အကောင်ကြီး( Adult )အဖြစ်သို့ ရုပ်​သွင်​ကူး​ပြောင်းခြင်း( Metamorphosis )အရ
အဆင့်​ဆင့်​ အသွင်​ကူး​ပြောင်းကြပြီးမှရောက်ရှိသည်။
ဥပမာ။ လိပ်​ပြာ၊ ဖလံ၊ ပိုး​တောင်​မာအင်းဆက်​များစွာတို့၏ ဘဝအဆင့်​ဆင့်​တွင်​များ​သောအားဖြင့်​ အဆင့်​​လေးဆင့်​ကို ကူး​ပြောင်း
ကြရပြီး မိခင်​သည်​ အစာ​ရေစာ လွယ်​လင့်​တကူရရှိနိုင်​မည့်​​နေရာများတွင်​ ဥအုချခဲ့သည်​။ ဥမှ​ပေါက်​လာ​သော ​လောက်​​ကောင်​( ပိုးတုံးလုံး )သည်​အစာများကိုစား​သောက်​ပြီး​နောက်​ ပိုးရုပ်​ဖုံးဘဝသို့ကူး​ပြောင်းသည်​ ပိုးရုပ်​ဖုံးဘဝတွင်​ အစာစားခြင်းကိုရပ်​နားထားပြီး ပိုးရုပ်​ဖုံးအတွင်း အရွယ်​​ရောက်​အ​ကောင်​ဖြစ်​ရန်​ ကာလတစ်​ခုအကြာ အချိန်​​ပေး၍
ပြောင်းလဲ​နေသည်​။ ပိုး​ကောင်​၏ အင်္ဂါအစိတ်​အပိုင်းများ
ပြည့်​စုံသွားသည့်​အခါ ရုပ်​ဖုံးအတွင်းမှ အပြင်​သို့
ထွက်​လာကာ အရွယ်​​ရောက်​အ​ကောင်​ဖြစ်​လာသည်​။
မျိုးဆက်​ပြန့်​ပွား​ရေးအတွက်​ ဖိုမဆက်​ဆံပြီး ဥအုကြသည်​။
သို့​သော်​ ချွင်းချက်​အ​နေဖြင့်​ အချို့​သောအင်းဆက်​များတွင်
မိတ်​လိုက်​ခြင်းအမှုကို မ​ဆောင်​ရွက်​ပဲ ဥအုနိုင်​ကြသည်​။
အ​ခြေအ​နေအရ လိုအပ်​ပါက ဥမအု​တော့ပဲ
အ​ကောင်​လိုက်​​မွေးထုတ်​နိုင်​စွမ်းရှိသည်​။
အင်းဆက်​ပိုးများ သဘာဝရန်​သူ့​ဘေးမှကာကွယ်​ခြင်း -
အင်းဆက်​ပိုးမွှားများတွင်​ ဥဘဝမှစ၍ အရွယ်​​ရောက်
အ​ကောင်​ကြီးဘဝ​ရောက်​သည့်​တိုင်​​အောင်​ ရန်​သူ​ပေါင်း
မြောက်​များစွာနှင့်​ ရင်​ဆိုင်​​တွေ့ကြုံ​နေကြရသည်​။
၎င်းတို့တွင်​ ရန်​သူများဝန်းရံလျှက်​ရှိ​ပြီး သက်တမ်း​စေ့
နေထိုင်​သွားရ​သော အ​ကောင်​များမှာ အင်​မတန်
အ​ကြောင်းမျိုးမျိုး​ကြောင့်​​သေဆုံးကြရသည်​။ 
သို့​သော်​လည်း အင်းဆက်​ပိုးများ​ ပျောက်​ကွယ်​မသွားပဲ 
ယ​နေ့ထိတိုင်​​တွေ့ရှိ​နေရခြင်းမှာ ၎င်းတို့တွင်​ သဘာဝမှ
ဖန်​တီး​ပေးထား​သော အကာအကွယ်​များ​ကြောင့်​ပင်
အကာအကွယ်​များ​ -
၁။ အ​ပေါ်ယံအခွံဖြင့်​ ကာကွယ်​ခြင်း -
    အင်းဆက်​များစွာထဲမှ ပိုး​တောင်​မာ( Beetle )
    မာ​ကျော​သော ခန္ဓာကိုယ်​သည်​ မျိုးခြားစား 
    သားရဲအင်းဆက်​များ၏ တိုက်​ခိုက်​ခြင်းကို 
    ကာကွယ်​ထားနိုင်သည်​။
၂။ အဆိပ်​ဖြင့်​ ကာကွယ်​ခြင်း - 
    ပျား၊ ပိတုန်းနှင့်​ နကျယ်​ကဲ့သို့ အင်းဆက်​များတွင်
    ရန်​သူကို ၎င်းတို့၏ အဆိပ်​ဆူးဖြင့်​ပြန်​လည်
    တိုက်​ခိုက်​တက်​ကြသည်​။
    ၎င်းတို့၏ အဆိပ်​နှင့်​ထိ​တွေ့ပြီးပါက 
၃။ ကိုယ်​တွင်းရှိ အရည်​တို့ဖြင့်​ကာကွယ်​ခြင်း -
    လိပ်​ပြာသား​လောင်း ခူ​ကောင်​အချို့၏ ကိုယ်​တွင်းရှိ
    အရည်​တို့သည်​ အရသာမ​ကောင်းသဖြင့်
    သူတို့အား ဖမ်းဆီးစား​သောက်​ခြင်းမခံရပါ။
၎။ အနံ့ဖြင့်​ ကာကွယ်​ခြင်း -
    ကြမ်းပိုး( Bed bug )တို့ကဲ့သို့ ပိုး​ကောင်​များ၏
    ဆိုးရွားလွန်း​သော အနံ့​ကြောင့်​ စား​သောက်​ရန်
    အလို့ငှါ သားရဲ​ကောင်​များက ​ရှောင်​ရှားကြသည်​။
၅။ အ​မွေးဆူးတို့ဖြင့်​ ကာကွယ်​ခြင်း -
    အချို့​သော လိပ်​ပြာသား​လောင်းခူ​ကောင်​များ၏
    အ​မွေးများသည်​ အဆိပ်​ရည်​ပါရှိ​သော​ကြောင့်
    ထိမိပါက နာကျင်​​စေသည်​။ ယားယံ​စေသည်​။
၆။ ဟန်​အမူအယာဖြင့်​ ကာကွယ်​ခြင်း -
    ကျားဖလံ( Tiger moth )သည်​ ရန်သူကို
    မြင်​​​တွေ့သည်​နှင့် ​​သေဆုံး​နေဟန်ဆောင်သည်​။ 
    ယင်းကဲ့သို့ ပြုလုပ်​ခြင်းဖြင့်​ သူ့ကိုစား​သောက်​မည့်
    သားရဲများက​ သေ​နေ​သော ဖလံဟုယူဆကာ
    စား​သောက်​ခြင်းမပြု​တော့ပါ။
၇။ နဂိုအ​နေအထိုင်​ဖြင့်​ ကာကွယ်​​ခြင်း - 
    ရွက်ထွင်းပိုး( Leaf miner )ကဲ့သို့ 
    ပိုးမွှားများသည်​ ​အရွက်​​၏အတွင်း​၌​ဖြစ်​​စေ၊ 
    စပါးရွက်​လိပ်​ပိုး( Rice leaf folder )ကဲ့သို့
    ပိုးမွှားသည်​ ရွက်​လိပ်​အတွင်း၌ဖြစ်​​စေ၊
    အသီးအတွင်းတွင်​​နေထိုင်​​သော
    သီးလုံး​ဖောက်​ပိုး( Gram Caterpillar )
    ပိုးများနှင့်​ ညဉ့်​အခါတွင်​သာထွက်​​သော 
    အထိုက်​အ​လျောက်​ ကင်း​ဝေး​စေသည်​။
    ဥပမာ -
    ကာဒစ်​ဖလိုင်း( Caddisfly ) သားလောင်းသည်
    သူတို့၏ အနီးနားတွင်​ရရှိ​သော သစ်ရွက်ဆွေး၊ 
    ခဲလုံး၊ ခရုခွံ၊ သစ်ကိုင်းစလေးများ အပါအဝင်
    ရရာအရာဝတ္ထု​များနှင့်​ ပိုးမျှင်​​တွေကို အသုံးပြုပြီး 
    အကာအကွယ် အခွံအိမ်ကိုပြုလုပ်၍
    ယင်းအိမ်​ထဲတွင်​ ​နေထိုင်​ကာ ရန်​သူ့​ဘေးရန်​မှ
    ပုန်းခို​နေ​လေ့ရှိသည်​။
၈။ အ​ရောင်​ဖြင့်​ ကာကွယ်​ခြင်း -
    Tulip Tree Beauty moth - ဖလံသည်
    အ​ရောင်​အားဖြင့်​ ​နေထိုင်​ရာဝန်းကျင်​နှင့်
    တ​ထေရာတည်း တူညီ​နေ​သော​ကြောင့်
    ရန်​သူများ​ဘေးမှ ကင်း​ဝေးရသည်​။
၉။ အ​တောင်​နှစ်​စုံ အ​ရောင်​မတူ၍ ​ဘေးကင်းခြင်း -
    Morpho butterfly - လိပ်ပြာတွေရဲ့
    အ​တောင်​ပံ​ အ​ပေါ်မျက်​နှာပြင်​သည်​ 
    ပျံသန်း​နေသည့်​အခါ ​နောက်​မှလိုက်​လာ​သော
    ရန်​သူ့အမြင်​တွင်​ ဖြတ်ခနဲပေါ်လာလိုက်
    ဖြတ်​ခနဲပျောက်သွားလိုက် 
    မျက်​​ချေပြတ်​သွားတက်​သည်​။ 
၁၀။ အဆင်​ချယ်​၍ ကာကွယ်​ခြင်း - 
      အချို့​သော အင်​ဆက်​များ၏ အ​ရောင်​အ​သွေး
      အဆင်​တို့မှာ ပိုး​ကောင်​တို့၏ မူလသဏ္ဌာန်
      ပျောက်​ကွယ်​သွားမတက်​ အဆင်​ချယ်​လျှက်
      ရှိ​သော​ကြောင့်​ ရန်​သူ့​ဘေးမှကင်း​ဝေကြသည်​။
၁၁။ အ​တောင်​​အောက်​၌ အ​ရောင်​မှုံခြင်း -
      သစ်​ရွက်​​ခြောက်​လိပ်ပြာ(Kallima Inachus)၏
      အ​တောင်​​အောက်​ဖက်​ရှိ အ​ရောင်​သည်
      မွဲ​ခြောက်​​နေသည့်​အပြင်​ နား​နေသည့်​အခါ 
      အ​ပေါ်သို့​ထောင်​ထား​သော အ​တောင်​သည်
      သစ်​ရွက်​​ခြောက်​နှင့်​ အလွန်​တူသဖြင့်​ ရန်​သူမှ
၁၂။ အ​ယောင်​​ဆောင်​၍ ကာကွယ်​ခြင်း -
      ခူ​ကောင်( Wavy-lined Emerald )တို့သည်​ 
      ပန်းပွင့်​​ရဲ့ ပွင့်​ချပ်​​တွေကို သူတို့ခန္ဓာကိုယ်​​ပေါ်တွင်
      ပိုးချည်​မျှင်​များဖြင့်​ တန်​ဆာဆင်​ဖုံးကွယ်၍
      ပန်းပွင့်​ကဲ့သို့ အ​ယောင်​​ဆောင်​ကာ
      ရန်​သူများ၏ ​ဘေးရန်​ကိုကာကွယ်​ကြသည်​။
၁၃။ အတုခိုး၍ ကာကွယ်​ခြင်း -
      နကျယ်​ဖလံ( Wasp moth )နှင့်
      ဟိုဗာယင်​( Hoverfly ) တို့သည်
      ပျား၊ နကျယ်​များနှင့်​ ပုံသဏ္ဌာန်
      ဆင်​တူ​သော​ကြောင့်​ ငှက်​များနှင့်​ အခြား​သော
      သားရဲများကို လှည့်​စားနိုင်​သည်​။ 
      သားရဲများက ၎င်းတို့ကို ပျား၊ နကျယ်​ဟု
      မှတ်​ထင်​ကာ ဖမ်းဆီးစား​သုံးခြင်း
      မ​ပြု​သော​ကြောင့်​ အန္တရာယ်​ကင်း​စေသည်​။
၁၄။ အ​တောင်​​ပေါ်ရှိ အကွက်​များမှကာကွယ်​ခြင်း -
      သိန်းငှက်​ဖလံ( Hawk moth )နှင့်
      ဇီးကွက်​လိပ်​ပြာ( Owl Butterfly )တို့၏
      အ​တောင်​ပံ​ပေါ်မှ အကွက်​များသည်
      ရန်သူကိုကြည့်​​နေသည့်​ ​ကြောက်​စရာ
      သားရဲသတ္တဝါတို့၏ မျက်​ဝန်းတစ်​စုံနှင့်
      တူ​သော​ကြောင့်​ ရန်​သူမှဖမ်းဆီးစား​သောက်​ခြင်း
      မပြု​တော့ပါ။
 ၁၅။ ရာသီအလိုက်​အ​ရောင်​​ပြောင်းခြင်း - 
       အချို့​သော ပိုး​ကောင်​တို့မှာ မျိုးစိတ်​တခုထဲ
       ဖြစ်​​သော်​လည်း ​နွေရာသီတွင်​​ပေါက်​သည့်​အခါ
       မွဲ​ခြောက်​သည့်​ အ​ရောင်​မျိုးရှိ၍ မိုးရာသီတွင်
       ပေါက်​​သည့်​အခါ စိမ်း​သောအ​ရောင်​များရှိသဖြင့်
       သဘာဝ အကာကွယ်​တစ်​မျိုးပင်​ဖြစ်​သည်​။
အင်းဆက်​တို့၏ ပုံသဏ္ဌာန်၊ ထူးခြား​သော 
လက္ခဏာရပ်​များဖြစ်​သည့်​ အစာစားခြင်း၊ အ​ရေခွံလဲခြင်း၊ 
လှုပ်​ရှားသွားလာခြင်း၊ ပျံသန်းခြင်း၊ အာရုံခံစားခြင်း၊ 
ရန်​သူ့​ဘေးရန်​မှ ကာကွယ်​လှည့်​စားပုံတို့ကို သိရှိထားပါက 
အဖျက်​ပိုးမွှားများကို နှိမ်​နင်းရန်​ဖြစ်​​စေ၊ အကျိုးပြု
အင်းဆက်​များကို ထိန်းသိမ်း​စောင့်​​ရှောက်​ရန်​ဖြစ်​​စေ 
ဆောင်​ရွက်ရာတွင်​ ​များစွာအကျိုးရှိနိုင်​သည်​။ 
ထိုထက်​ပို၍ ​လေ့လာနိုင်​ပါက အင်းဆက်​ပိုးများ​နှင့်
သတ္တ​လောကတို့၏ အစာကွင်းဆက်​၊ ပတ်​ဝန်း​ကျင်
ဂေဟ​ဗေဒနှင့်​ ဆက်​နွယ်​မှုတို့ကိုပါ ​လေ့လာမည်​ဆိုပါက
အတိုင်းထက်​အလွန်​ပင်​ဖြစ်​​ကြောင်း ​.... 
အထူးသဖြင့် ​စိုက်​ပျိုး​ရေးလုပ်​ငန်း လုပ်​ကိုင်​​ဆောင်​ရွက်
နေသူ​ တောင်​သူများအ​နေဖြင့်​ ဘက်​စုံပိုးမွှားကာကွယ်
နှိမ်​နင်းခြင်း(Integrated Pest Management)
နည်းစနစ်​များကိုဆောင်​ရွက်​ပါက ပိုးမွှားများအ​ကြောင်း
မဖြစ်​မ​နေ သိထားသင့်​သည့်​အပြင်​ ဘက်​စုံပိုးမွှားကာကွယ်
နှိမ်​နင်းခြင်း နည်းစနစ်​များနှင့်​ ပိုးမွှားများကို 
ထိန်​​ကျောင်းမှသာလျှင်​ ​ရေရှည်​ခံ​သော စိုက်​ပျိုး​ရေး
လုပ်​ငန်းကို ​ဆောင်​ရွက်​နိုင်​မည်​ဖြစ်​​ကြောင်း
ရေးသားတင်​ပြလိုက်​ရပါသည်​။
#Crd
စေတနာ​မေတ္တာများစွာဖြင့်
#Phyochitthu
Saturday, January 20, 2018
Collar rot of disease (or) ‌မြေပဲခါရိ‌ရောဂါ
• ရောဂါကင်းစင်သော မျိုးစေ့များကိုသာ အသုံးပြုပါ
• အလှည့်ကျ စိုက်စနစ်ဖြင့် စိုက်ပျိုးပါ
• စိုက်ပျိုးမြေကို မြေပြင်ချိန်တွင် ထရွိုင်ကိုဒါးမားမှိုထည့်၍ နက်နက်ထွန်ယက်ပေးပါ။
• အပင်များ ထွက်လာပြီးနောက် အပင်များအကြား လေဝင်လေထွက်ကောင်းစေရန် ကြားထွန်လိုက်ပေးပါ။
• နိုက်ထရိုဂျင် ဓာတ်မြေသြဇာကို အလွန်အမင်း အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
• ရောဂါဖြစ်ပေါ်မှုကို အားပေးသည် အပူချိန်နှင့် အစိုဓာတ်ကို ရှောင်ကြဉ်ရန် အပင်များကို အချိန်ကိုက် စိုက်ပျိုးပါ။
Chemical Management
မြေပဲပင်များကို ခါးရိရောဂါမှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် သီယိုဖီနိတ်-မီသိုင်း ၇၀% ဒဗလျူပီ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ-၉ ဇွန်းနှုန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အိုင်ပရိုဒိုင်း ၅၀% အက်စ်စီ စားပွဲတင်ဇွန်း ၄ဇွန်း- ၁၀ ဇွန်းနှုန်း
၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပရိုပီကိုနာဇိုး ၂၅% နှင့် ပရိုကလိုရက်ဇ် ၅% အီးစီ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ-၆ ဇွန်းနှုန်း
သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)
Zawgyi One Version
ရောဂါ လက္ခဏာများ
ကြက်သွန်နီ အမြိတ်ပေါ်တွင် အစက်အပြောက်ကလေးများစတင်ဖြစ်ပေါ်လာပြီး ၄င်းနေရာ တစ်ဝိုက်ကျယ်ပြန့်လာသည်။ ၄င်းရောဂါကွက်များသည် အ၀ါဖျော့ရောင်ရှိပြီး မီးခိုးရောင် (သို့) ခရမ်းရောင် အမွှေးများဖြင့် ဖုံးအုပ်ထားသည်။ အရွက်ထိပ်ဖျားမှ အရောင်ဖြူ၍ လိမ်ကောက်ပြီးအောက်သို့ ငိုက်ကျလျှက်ရှိသည်။
ရောဂါကျရောက်လျှင် အသုံးပြုနိုင်သည့် မှိုသတ်ဆေးများတွင် ပါဝင်သော အဆိပ်ရှိ ပစ္စည်းများ-
ဖော့စတိုင်အေအယ်လ်
အဇိုဆီစထရိုဘင်
ဆိုင်မောက်စနေးလ်
ဒိုင်မီသိုမော့ပ်
ကော့ပါအောက်ဆီကလိုရိုဒ်
မန်ကိုဇက်
မီတယ်လဆီ
စသည့် အဆိပ်ရှိ ပစ္စည်းများပါသော မှိုသတ်ဆေးများကို အသုံးပြု၍ ကာကွယ် နှိုမ်နင်းနိုင်သည်။
Myanmar 3 Version
ကြက်သွန်နီ ဒေါင်းနီးရွက်ခြောက်ရောဂါ
ကြက်သွန်နီဒေါင်းနီးရွက်ခြောက်ရောဂါသည် Perosonospora destructor မှိုကြောင့် ဖြစ်သော မှိုရောဂါ တစ်မျိုးဖြစ်သည်။
ရောဂါ လက္ခဏာများ
ကြက်သွန်နီအမြိတ်​ပေါ်တွင် အစက်အပြောက်ကလေးများစတင်ဖြစ်ပေါ်လာပြီး ၎င်းနေရာ တစ်ဝိုက်ကျယ် ပြန့်လာသည်။၎င်းရောဂါကွက်များသည် အဝါဖျော့ရောင် ရှိပြီး မီးခိုးရောင် (သို့)ခရမ်းရောင် အမွှေးနုများဖြင့် ဖုံးလွှမ်းထားသည်။ အရွက်ထိပ် ဖျားမှာ အရောင်ဖြူ၍ လိမ်ကောက်ပြီး အောက်သို့ ငိုက်ကျ လျှက်ရှိ သည်။
ရောဂါကျရောက်လျှင် အသုံးပြုနိုင်သော မှိုသတ်ဆေးများ
ဖော့စတိုင်အေအယ်
အဇိုဆီစထရိုဘင်
ဆိုင်မောက်စနေးလ်
ဒိုင်မီသိုမော့လ်
ကော့ပါးအောက်ဆီကလိုရိုဒ်
မန်ကိုဇက်
မီတယ်လဇီ
စသည့် အဆိပ်သင့်ပစ္စည်းပါသော ဆေးများကို အသုံးပြု၍ ကာကွယ်နှိုမ်နင်းနိုင်သည်။
ကျမ်းကိုး။ ။စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံကာကွယ်ရေးဌာနခွဲ
Tuesday, January 2, 2018
နှင်းခါးရိုက်ခြင်းကို ကာကွယ်နည်း
နှင်းခါးရိုက်ခြင်းဆိုသည်မှာ ဘာလဲ
            နှင်းခါးကျရောက်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်လေထု အစိုဓာတ်များ အေးခဲလာခြင်း ကြောင့်သစ်ပင်များ၊သစ်ရွက်များ နှင့်မြေမျက်နှာပြင်များပေါ်တွင်  သေးငယ်သော အဖြူရောင် ​ရေခဲတုံးများ ကျရောက်ခြင်းကို ဖြစ်သည်။ နှင်းခါးကျခြင်းတွင် ယခုကဲ့သို့ ကျခြင်းကို အဖြူရောင် နှင်းခါးကျခြင်းဟု ခေါ်သည်။ အမည်းရောင် နှင်းခါးရိုက်ခြင်းလည်း ရှိသည်။ ထိုသို့ အနက်ရောင်ကျရာက်ခြင်းမှာ လေထု၏ အောက်ဆုံးအလွှာသည် အလွန်ခြောက်သွေ့လွန်းသော ကြောင့်ဖြစ်သည်။အဖြူရောင် နှင်းခါးကျရောက်ခြင်းကဲ့သို့ ရေခဲအမှုန်များကို မတွေ့ရပေ။ သို့သော် ထိခိုက်မှုသည် အဖြူရောင်နှင်းခါးကျရောက်ခြင်းနှင့် အတူတူဖြစ်သည်။ အအေးပိုင်းနှင့် သမပိုင်းရာသီဥတု ရှိသော နေရာများတွင် နှင်းခါးကျရောက်မှု ပြဿနာသည်  စိုက်ပျိုးထုတ်လုပ်မှုတွင် အလွန်ထိခိုက် သည်။
နှင်းခါးရိုက်ခြင်းသည် အပင်များကို မည်သို့ ထိခိုက်သလဲ။
         အစိမ်းရောင် အပင်များတွင် ရေများစွာ ပါဝင်သည်။ပတ်ဝန်းကျင် လေထု အေးခဲလာောအခါ ထိုအပင်အတွင်းရှိ ရေများလည်း အေးခဲလာပြီး ဆဲလ်နံရံများမှ ကွာကျလာသည်။ ထို့ကြောင့် အစာအဟာရများ သယ်ယူပို့ဆောင်ရေတွင် အားနည်းလာသည်။ ထိုသို့ဖြစ်ခြင်း  ကြောင့် အပင်များတွင် မီးလောင်ထားသကဲ့သို့ ဖြစ်သွာသည်။
နှင်းခါးရိုက်ခြင်းကို ဘယ်လိုကာကွယ်ထိန်းချုပ်မလဲ
           နှင်းခါးရိုက်ခြင်းကို သွယ်ဝိုက်၍ ကာကွယ်နည်းဖြင့် ကာကွယ်နိုင်သကဲ့သို့ တိုက်ရိုက် ကာကွယ်နည်းဖြင့်လည်း ကာကွယ်နိုင်သည်။
သွယ်ဝိုက်၍ ကာကွယ်နည်းတွင်-
(က) သင့်လျှော်သော  မြေနေရာရွှေးချယ်ခြင်း
 သစ်ခွပင်များ စိုက်ပျိုးရာတွင် နှင်းခါဒဏ်ကို ခံနိုင်ရန်အတွက် အရေးကြီးဆုံးအချက်မှာ သင့်လျှော်သော မြေနေရာရွှေးချယ်ခြင်း ဖြစ်သည်။အလွန်အေးသော ခြံနေရာတွင် အေးသောလေများ ဖြတ်သန်းစေခြင်း (သို့မဟုတ်) ခြံစည်းရိုးကာခြင်းများ ပြုလုပ်ခြင်းသည်  နှင်းခါးရိုက်ဒဏ်ခံရမှုကို လျှော့ကျစေသည်။မိမိစိုက်ပျိုးမည့် နေရာရှိ သစ်ပင်ကြီးများကို လေဝင် လေထွက်ကောင်းစေရန် ကိုင်းခုတ်ခြင်း၊ခုတ်လဲခြင်းများ ပြုလုပ်၍လည်း နှင်းခါးရိုက်မှုဒဏ်ကို လျှော့နည်းစေသည်။နှင်းခါးရိုက်ဒဏ်မခံနိုင်သော အပင်များကို အပူချိန် (၂)မှ (၄)ဒီ၈ရီ စင်တီ ၈ရိတ်ရနိုင်သော တောင်စောင်းနေရာများတွင် စိုက်ပျိုးနိုင်သသည်။
(ခ)စိုက်ချိန်ကို ချိန်ညှိခြင်း
            အပင်များသည် ပန်းပွင့်ချိန်နှင့် အစေ့အဆံတည်ချိန်တွင် နှင်းခါးရိုက်သည့် ဒဏ်ကို ခံနိုင်ရည် နည်းသည်။ ထို့ကြောင့် နှင်းခါးကျချိန်ကို အပင်၏ ထိုအဆင့်တွင် ကျရောက်မှု မရှိ အောင် ချိန်ညှိစိုက်ပျိုးခြင်းဖြင့် နှင်းခါးရိုက်မှုဒဏ်ကို ကာကွယ်နိုင်သည်။
(*) မြေထဲတွင် အပူသိုလှောင်ခြင်း (သို့မဟုတ်) အပင်ခြေတွင် ပေါင်းရှင်းပေးခြင်း
          သစ်ခွပင်စိုက်ပျိုးရာတွင် မြေကြီးကို မြက်များနှင့် ဖုံးထားခြင်းသည် အပင်ရင်း မြေကြီးကို ပေါင်းရှင်းထားခြင်းထက် ပို၍ နှင်းခါးဒဏ်ကို ခံစားရသည်။ အကြောင်းမူကား အပင်ခြေသို့ ကျရောက်လာသော နေရောင်ခြည် အပူစွမ်းအင်သည် ပေါင်းရှင်းထားသော မြေတွင်နေ့အခါ အပင်ခြေ မြေကြီးအတွင်းသို့ ကျရောက်ပြီး အပူများ သိုလှောင်ထားသကဲ့သို့ ဖြစ်သွားသည်။ ညအခါ မြေကြီးအတွင်းရှိ ထိုအပူများသည် ပြန်ထွက်လာပြီး အပင်အနီးရှိ အောက်ဆုံးလေထုအလွှာကို နွေးစေသည်။ ဤသို့ဖြင့် ပေါင်းရှင်းပေးခြင်းဖြင့်လည်း နှင်းခါးရိုက် ဒဏ် ခံရမှုကို လျှော့နည်းစေသည်။
(ဃ) ဓာတုပစ္စည်းများ သုံး၍ ကာကွယ်ခြင်း
          အပင်တစ်သျှူးများ အေးခဲမှုကို ကာကွယ်ပေးသော ဓာတုပစ္စည်းများ၊ပင်ငွေ့ပျံမှုကို လျှော့ချပေးသော ပစ္စည်းများ၊အပင်ကြီးထွားမှုကို ထိန်းညှိပေးသော ပစ္စည်းများကို အသုံးပြု၍ လည်းကာကွယ်နိုင်သည်။(ဉပမာ ။     ။အီသဖုန်းဆေး)
 တိုက်ရိုက်ကာကွယ်နည်းတွင်-
(က)ရေသွင်းပေးခြင်း
           ရေသွင်းပေးခြင်းသည် ရှေးအကျဆုံးနှင့် ကုန်ကျစရိတ်နှင့်အကျိုး  တွက်ချေအကိုက်ဆုံး ဖြစ်သည်။ရေသွင်းနည်းတွင် ရေကို (sprinkler)တစ်ပတ်လည် ဖျန်းခေါင်းများနှင့် အရွက်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဖျန်းနိုင်သည်။ဤသို့ ဖျန်းလိုက်သောအခါ အရွက်ပေါ်သို့ ကျရောက်လာသော နှင်းခါများကို ရေဖြင့် ဖယ်ရှာနိုင်သည်။ ထိုနည်းတွင် ရေကို တစ်မိနစ် တစ်ကြိမ်နှုန်းဖြင့် တစ်နာရီလျှင် ရေ (၂)မှ (၄)မီလီမီတာ လိုအပ်သည်။ ဤနည်းတွင် ရေဖျန်းပေးရန်အတွက် ပြင်ပစွမ်းအင် လိုအပ်ပြီး ရေကို စဖျန်းသည့် အချိန်မှ အပင်များသို့ နေရောင်ခြည်ကျရောက်သည့် အချိန်အထိ  အဆက်မပြတ်ဖျန်းပေးရသည်။
(ခ) အပူပေးခြင်း
           အပူပေးခြင်း ဆိုသည်မှာ လောင်စာဆီများကို မီးရှိုပြီး ရလာသော အပူများကို သံပိုက်လိုင်းများဖြင့် အပင်အနီးသို့ အပူပေးခြင်းဖြစ်သည်။ ကနဦး တပ်ဆင်ခသည် ကုန်ကျစရိတ် သက်သာသော်လည်း လောင်စာဆီအတွက် ကုန်ကျစရိတ်ရှိသည်။ အပင်အတွက် လိုအပ်သော အပူချိန်ကို လုံလောက်စွာ ပေးနိုင်လျှင် နှင်းခါးရိုက်မှုဒဏ်ကို လျှော့နည်းစေသည်။
(*) လေတိုက်ရဟက်များထားခြင်း
            လေတိုကရဟက်များ ထားခြင်းမှာ နွေးသောလေများကို မိမိစိုက်ခင်းရှိ အပင်အနီးသို့ ရောက်အောင် လုပ်ပေးခြင်း ဖြစ်သည်။ပုံမှန်အားဖြင့် လေရဟက်များကို ပန်ကာ အချင်း(၅) မီတာနှင့် စတီးတိုင်(၁၀)မီတာ အရှည်တွင် တပ်ဆင်းကြသည်။ထိုရဟက်များကို မြင်ကောင် ရေအား (၈၅)မှ(၁၀၀)ရှိသော စက်ဖြင့် မောင်းနှင်နိုင်သည်။ ထိုလေလည် ရဟတ်များကို အသုံးပြုလျှင် စိုက်ခင်း(၁၀)ဧကတွင် (၁) ခုနှုန်း လိုအပ်သည်။
>>>မိမိတို့နှင့် ကိုက်ညီသော နည်းစနစ်များကို အသုံးပြုနိုင်ပြီး အအေးပိုင်း ဒေသရှိ စိုက်ပျိုးသူများ ကြီးပွားတိုးတက်ကြပါစေဟု ဆုတောင်းအပ်ပါသည်။<<<<
ကိုမိုးနည်း(AKS)
31.12.2017
          စာအုပ်အဖြစ်သိမ်းထားလိုပါက Download